ပြိုင်ပွဲစည်းမျဉ်းလိုက်နာကြရန် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းများကို ဦးဇော်ဇော်မှာကြား

မလေးရှားဆီးဂိမ်းပြိုင်ပွဲ ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ဘောလုံး အသင်းများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်းများအတိုင်း လိုက်နာရန် ကစားသမားများကို မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မှာကြားသည်။

(၂၉)ကြိမ်မြောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ယူ-၂၂ အမျိုးသားအသင်း၊ လက်ရွေးစင်အမျိုးသမီးအသင်း၊ ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးအသင်း စုစုပေါင်း အ သင်းလေးသင်း ၀င်ရောက်ယှဉ် ပြိုင်မည် ဖြစ်သည်။


ပြိုင်ပွဲတွင် ကစားသမားများ အချင်းချင်း နားလည်မှုရှိရန်နှင့် သည်းခံခွင့်လွှတ်ကြရန် ဦးဇော် ဇော်က သြဂုတ် ၁၀ ရက်တွင် နိုဗို တယ်ဟိုတယ်၌ ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲဝင် လက်ရွေးစင်အသင်းများနှင့် တွေ့ဆုံပွဲတွင် တိုက် တွန်းပြောကြားသည်။

‘‘ပြိုင်ပွဲက စည်းမျဉ်းစည်း ကမ်းအတိုင်း ကစားရတာဖြစ်တဲ့ အတွက် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်။ ပြိုင်ပွဲ တစ်ပွဲရဲ့ အဆုံးအဖြတ်မှာ တစ်ယောက်ထွက်သွားလို့၊ ပင်နယ်တီ ပေးရလို့ ရှုံးပြီးတော့ တစ်နိုင်ငံလုံးက မုန်းတီးခံရတဲ့ ကစားသ မား မဖြစ်စေချင်ဘူး။ တစ်နိုင်ငံ လုံးက အပြစ်ပြောခံရတဲ့ ကစား သမားတစ်ယောက်အဖြစ် မခံချင် ပါဘူး။ ပြိုင်ပွဲနိုင်ဖို့ဆိုတာ မခံချင် စိတ်တစ်ခုတည်းနဲ့ မရပါဘူး။ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့လိုတယ်’’ဟု ဦးဇော်ဇော်က ပြောသည်။

မြန်မာယူ-၂၂ အမျိုးသား ဘောလုံးအသင်းကို အခြားအ သင်းများထက် ပရိသတ်များက ပိုမိုမျှော်လင့်ထားခြင်းကြောင့် ဆီးဂိမ်းတွင် အကောင်းဆုံးလုပ်ပြနိုင် ရန် မျှော်လင့်ထားကြောင်း ဦးဇော်ဇော်က ဆိုသည်။

၂၀၁၇ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ၌ မြန်မာယူ-၂၂ အသင်းသည် အုပ်စု(က)တွင် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာယူ-၂၂ အသင်း နည်းပြချုပ်ဂတ်ဖရိုင်း ဒရစ်က ကစားသမားများကို ဒေါသထိန်းချုပ်ရန် ကြိုတင်မှာကြားထားသည်။

‘‘ပြိုင်ဘက်တွေက ဘယ်လို ပဲ ဒေါသဆွဆွ ပြန်မတုံ့ပြန်ဖို့အ တွက် အဓိကမှာကြားထားတယ်။ အဓိကသတိထားရမှာတော့ စင် ကာပူနှင့် မလေးရှားပွဲစဉ်တွေပါ’’ ဟု ဂတ်ဖရိုင်းဒရစ်က ပြောကြားသည်။

Top News