အုပ်စုပထမနေရာဖြင့် အကြိုဗိုလ်လုပွဲတက်ရန် ကြိုးစားမည်ဟု မြန်မာ ယူ-၂၂ နည်းပြချုပ်ပြော

မလေးရှားဆီးဂိမ်း အမျိုး သား ဘောလုံးပြိုင်ပွဲတွင် အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲ တက် ရောက်ရန် ကြိုးစားမည်ဖြစ် ကြောင်း မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

(၂၉)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းသည် ဩဂုတ် ၁၁ ရက် နံနက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအ သင်းသည် အုပ်စု (က) ၌ အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊လာအိုအသင်းတို့နှင့် ကျရောက် နေပြီး အုပ်စု(ခ)တွင် လက်ရှိ ချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ် ပိုင်၊ တီမောအသင်းတို့ ပါဝင် သည်။


‘‘ဒီနှစ်မှာ ဗီယက်နမ်နဲ့ ထိုင်း ဆိုရင် ဗီယက်နမ်က ပိုတောင့် တင်းတယ်။ တစ်ဖက်အုပ်စုမှာ လည်း ဗီယက်နမ်က အုပ်စုဗိုလ် ဖြစ်မယ်လို့ ထင်တယ်။ အဲဒီတော့ ဗီယက်နမ်ကို ရှောင်ချင်ရင်တော့ ကျွန်တော်တို့ အုပ်စုဗိုလ်ဖြစ် အောင် ကစားမှရမယ်။ ပရိသတ် စိတ်ကျေနပ်မှုရအောင် အစွမ်း ကုန်ကြိုးစားပါမယ်’’ဟု ဂတ်ဖရိုင်းဒရစ်က မလေးရှားနိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ မီဒီယာ များအား ဖြေကြားသည်။

ဆီးဂိမ်းအုပ်စုအဖွင့်ပွဲအဖြစ် မြန်မာအသင်းသည် ဩဂုတ် ၁၄ ရက်တွင် စင်ကာပူအသင်းနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်ပြီး ပွဲဦး ထွက် သုံးမှတ်ရရှိရန် ယုံကြည် ထားကြောင်း နည်းပြချုပ်က ဆို သည်။

ဆီးဂိမ်းမတိုင်မီ ယှဉ်ပြိုင်ခဲ့ သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲ တွင် မြန်မာအသင်းက စင်ကာပူ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ ထားသည်။ သို့သော် ဆီးဂိမ်း အိမ် ရှင် မလေးရှားအသင်းနှင့် ခြေစမ်းပွဲတွင် မြန်မာအသင်းက ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ မြန်မာ အသင်းအနေဖြင့် အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ရန် အုပ်စုပွဲစဉ်တိုင်း ရလဒ်ကောင်း ရန် လိုအပ်မည်ဖြစ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဩ ဂုတ် ၁၄ ရက်တွင် စင်ကာပူ၊ ၁၆ ရက်တွင် လာအို၊  ၁၈ ရက်တွင် ဘရူနိုင်း၊ ၂၁ ရက်တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် အိမ်ရှင်မလေး ရှားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စုတွင်း အသင်းများ ရမှတ်တူညီနေပါက နှစ်သင်းထိပ် တိုက်တွေ့ဆုံမှုစည်းမျဉ်းဖြင့် ဆုံး ဖြတ်မည်ဖြစ်သည်။