မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံရေး တရုတ်အကူအညီဖြင့် ဆောင်ရွက်မည်ဟု သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ပြော

 မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေး နွေးနိုင်ရေး တရုတ်နိုင်ငံ၏ အကူ အညီရယူပြီး ဆက်လက်ဆောင် ရွက်မည်ဟု သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။


လက်ရှိတွင် တရုတ်နိုင်ငံမှ တစ်ဆင့် ဆက်သွယ်၍ ဆွေးနွေး ညှိနှိုင်းရန် အစိုးရဘက်က ကမ်း လှမ်းထားသော်လည်း တွေ့ဆုံ မည့် ပုံစံနှင့်ပတ်သက်ပြီး နှစ်ဖက် သဘောထားကွဲနေ၍ တွေ့ဆုံနိုင် ခြင်းမရှိသေးပေ။

‘‘ဒီမြောက်ပိုင်းခုနစ်ဖွဲ့နဲ့ပတ် သက်လို့ ငြိမ်းချမ်းရေးတံခါးဖွင့် ထားတယ်။ နံပါတ် (၂) ကျွန်တော်တို့ အမြဲတမ်းလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီအ ပေါ်မှာ ဟိုဘက်မှာ ဘုံရပ်တည် ချက်တွေ ဖြစ်ထားတဲ့အခါမှာ တွေ့ဆုံဖို့ နည်းနည်းအခက်အခဲဖြစ်နေပါတယ်။ သို့သော်ကျန်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ထောက်ခံမှုနဲ့ဆက်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်’’ ဟု ဦးဇော်ဌေးက ဩဂုတ် ၁၁ ရက်တွင်ပြုလုပ်သည့် အစိုးရနှင့် UNFC ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ကချင်အဖွဲ့ (KIA)၊ တအာင်း အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) စသည့်လက်နက်ကိုင်ခုနစ်ဖွဲ့သည် NCA မထိုးဘဲ အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို စုဖွဲ့ထားသည်။ ယင်းကော် မတီတွင် UWSA က ဦးဆောင်မှုရ ယူထားသည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေး ရာတွင် တစ်ဖွဲ့ချင်းစီ မဆွေးနွေး ဘဲ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ်များ ပါသည့် ကော်မတီဖြင့်သာ ဆွေး နွေးမည်ဟု ဘုံသဘောတူညီချက် ချမှတ်ထားသည်။

‘‘ဒါက တရုတ်ကြားဝင်စရာ တောင်မလိုပါဘူး။ ကိုယ့်အချင်း ချင်းပဲလေ’’ဟု TNLA ဒုဥက္ကဋ္ဌ တာဂျုတ်ဂျားက အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးနှင့်ပတ်သက်ပြီး ပြောသည်။

အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များအကြား တွေ့ ဆုံပွဲ ဖြစ်မြောက်နိုင်ရေး ကန့်သတ်ချက်မထားရန်လိုကြောင်း တာ ဂျုတ်ဂျားက ဆိုသည်။ ၎င်းတို့ မြောက်ပိုင်းခုနစ်ဖွဲ့ အနေဖြင့် တစ်ဖွဲ့ချင်းစီခွဲ၍ တွေ့ဆုံမည် မဟုတ်ဟု ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့အနေဖြင့် လက်ရှိ NCA တွင် မပါဝင်ဘဲ နိုင်ငံရေးဆွေးနွေး ရန် အစိုးရထံ တင်ပြထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များက လက်ရှိ NCAကို အခြေခံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် ဒေါ်အောင်

ဆန်းစုကြည်နှင့် UWSA ဦးဆောင် သည့် မြောက်ပိုင်းအဖွဲ့များ လူမှု ရေးအရ တွေ့ဆုံခဲ့သည်။ ယင်း နောက်တွင် တရားဝင်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်ရန် ကြိုး ပမ်းနေသော်လည်း လက်ရှိအချိန် ထိ တွေ့ဆုံနိုင်ခြင်းမရှိသေးပေ။

Top News