နှလုံးရောဂါကြောင့် ဆေးရုံတက်ရသည့် ဒေါက်တာတင်မျိုးဝင်း စိုးရိမ်စရာမရှိဟုဆို

ဒေါက်တာတင်မျိုးဝင်း (ယာအစွန်)အား ဆေးကုသမှုမခံယူမီ နာရီပိုင်းအလိုက တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း သည် နှလုံးရောဂါဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကု သမှု ခံယူနေပြီး မစိုးရိမ်ရကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြော သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်ခဲ့သူ ဒေါက် တာတင်မျိုးဝင်းသည် သြဂုတ် ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ရင်ဘတ် အောင့်၍ ဆေးကုသမှု ခံယူခြင်း ဖြစ်သည်။

လက်ရှိတွင် ဆရာဝန်ကြီး များ၏ စမ်းသပ်စစ်ဆေးမှုအရ စိုး ရိမ်စရာအခြေအနေ မရှိသော် လည်း ဆေးရုံဆင်းရမည့်ရက်ကို မပြောနိုင်သေးကြောင်း ဒေါက် တာ အေးကိုကိုက ဆက်လက် ပြောသည်။

‘‘အခြေအနေ ကတော့ ကောင်းပါတယ်။ သိပ်စိုးရိမ်စရာ မရှိပါဘူး။ အခုတော့ စောင့်ကြပ် ကြည့်ရှုရမယ့် အခန်းမှာထား တယ်’’ဟု ၎င်းကပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းသည် သြဂုတ် ၁၀ နှင့် ၁၁ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပသည့် ကော်မရှင်နှင့် UNFC နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့၏ ငြိမ်းချမ်းရေး ဆွေး နွေးပွဲသို့ ဦးဆောင်တက်ရောက်ခဲ့ သည်။ ထို့အပြင် ဆေးကုသမှုမခံ ယူမီ နာရီပိုင်းအလို သြဂုတ် ၁၁ ရက် နေ့လယ်က အဆိုပါဆွေးနွေး ပွဲအပြီးတွင် ဒေါက်တာတင်မျိုး ဝင်းသည် မိန့်ခွန်းပြောကြားခဲ့ သည်။

ဆေးကုသမှု ခံယူနေသည့် ဒေါက်တာတင်မျိုးဝင်း၏ ပြုံးနေ သည့်ပုံသည် လူမှုကွန်ရက်တွင် သြဂုတ် ၁၁ ရက် ညနေက ပျံ့နှံ့ခဲ့ သည်။

ဒေါက်တာတင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ် ကျခံရစဉ်ကတည်း က မိသားစုဆရာဝန်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်း နှီးသူဖြစ်သည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဒေါက်တာ တင်မျိုးဝင်းသည် သမ္မတလောင်း အဖြစ် နာမည်ထွက်ခဲ့သူဖြစ်သည်။

ထို့အပြင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးသည်လည်း လွန်ခဲ့သည့် သုံးလကစ၍ ဦးနှောက်သွေး ကြောပိတ် လေဖြတ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကု သမှုခံယူနေသည်။

Top News