စစ်ရေးတင်းမာနေသည့် တပ်မတော်နှင့် NMSP တို့ ပြေလည်မှုရ

ကရင်ပြည်နယ် ဘုရား သုံးဆူမြို့နယ်အတွင်း တပ်မတော်နှင့် မွန်လက်နက်ကိုင်အဖွဲ့ (NMSP) အကြား စစ်ရေးတင်းမာ                နေမှု ပြေလည်ပြီဖြစ်ကြောင်း NMSP ဗဟိုကော်မတီဝင်နိုင် အောင်မငေးက ပြောသည်။


အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် NMSP အဖွဲ့ဝင်အဖြစ် ပါ ၀င်သည့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC) တို့၏ သြဂုတ် ၁၀ ရက် ဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအလို တွင် တပ်မတော်နှင့် NMSP တို့အကြား စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ ထို့နောက် သြဂုတ် ၁၀ ရက်ဆွေးနွေးပွဲတွင် ကော်မရှင်တာဝန်ရှိသူများထံ တင်ပြပြီးနောက် ပြေ လည်ခဲ့ခြင်းဖြစ်သည်။

‘‘ဒီမှာ ငြိမ်းချမ်းရေးကော်မ ရှင်ကိုလည်း အကူအညီတောင်း တယ်။ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးကို လည်း တပ်ပိုင်းဆိုင်ရာဆိုတော့ သူ့ကိုလည်း အကူအညီတောင်း တာပေါ့။ ဒီမနက်မှာ သတင်းရ တာက ဆုတ်သွားမယ်လို့ ပြော တာပေါ့’’ဟု နိုင်အောင်မငေးက သြဂုတ် ၁၁ ရက်တွင်ပြောသည်။

သြဂုတ် ၇ ရက်တွင် NMSP က ကျင်းပသည့် မွန်တော်လှန်ရေး နေ့အခမ်းအနား၌ စစ်ရေးပြခြင်း မလုပ်ရန် တပ်မတော်က ကန့် ကွက်စာပေးပြီးနောက် ကရင်ပြည် နယ် ဘုရားသုံးဆူမြို့နယ်ရှိ NMSP အမှတ်(၅)တပ်ရင်းတည် ရှိရာနေရာမှ ကားဖြင့်တစ်နာရီခန့် မောင်းနှင်ရသည့်အကွာ၌ တပ်မ တော်က ခန့်မှန်းအင်အား ၄၀ ခန့် ၀င်ရောက်လာကြောင်း NMSP ပြောရေးဆိုခွင့်ရှိသူများက ဆို သည်။

တပ်မတော်က ကန့်ကွက်ခဲ့ သော်လည်း NMSP အနေဖြင့် နှစ်စဉ်ပြုလုပ်နေကျအတိုင်း စစ်ရေးပြခြင်းအစီအစဉ်ကို ထည့်သွင်းကျင်းပရာ တပ်မတော်က သြဂုတ်၁၀ ရက်အထိ NMSP အမှတ်(၅)တပ်ရင်း၏ ရှေ့တန်းစခန်းနှင့် ရင်ဆိုင်အနေအထားတွင် ရှိနေပြီးတင်းမာမှုအချို့ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ NMSP သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) ၌ မပါဝင်သော်လည်း အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေး နွေး ညှိနှိုင်းရေးကိုယ်စားလှယ်အ ဖွဲ့(DPN) တို့သည် သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုး နိုင်ရေးညှိနှိုင်းခဲ့ရာ အပြီးအပြတ် သဘောတူညီမှု မရသော်လည်း ဆွေးနွေးပွဲရလဒ် ကောင်းမွန် ကြောင်း နှစ်ဖက်ကိုယ်စားလှယ် များက ပြောသည်။

ရလဒ်ကောင်းမွန်သည့် ဆွေးနွေးပွဲအပြီး သြဂုတ် ၁၁ ရက်တွင် နှစ်ဖက်အကြား စစ်ရေးတင်းမာမှု ပြေလည်ခဲ့ခြင်းဖြစ်ကြောင်း နိုင်အောင်မငေးက ပြောသည်။

‘‘အခုတော့ အခြေအနေ ကောင်းသွားပြီလို့ မျှော်လင့်တယ် လေ။ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးပြော တယ်။ ကျွန်တော့်ကိုမနက်က မြေ ပုံနဲ့ ပြတယ်။ ဆုတ်သွားပြီလို့’’ဟု ၎င်းကဆိုသည်။

Top News