၂၀၁၇-၁၈ ပရီးမီးယားလိဂ်ဘောလုံးရာသီ စတင်

ပရိသတ်များ မျှော်လင့် စောင့်စားနေသည့် ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ဘောလုံးရာသီစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ယနေ့တွင် တွဲဆိုင်းခုနစ်ဆိုင်းနှင့် မနက်ဖြန်တွင် တွဲဆိုင်းနှစ်ဆိုင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


လက်ရှိပရီးမီးယားလိဂ် ချန် ပီယံချယ်လ်ဆီးသည် မန်စီးတီး၊ စပါး၊ လီဗာပူး၊ မန်ယူကဲ့သို့သော အသင်းများ၏ စိန်ခေါ်မှုကို ခံရ မည်ဖြစ်ပြီး အာဆင်နယ်ကလည်း ပြီးခဲ့သည့်နှစ်က လက်လွှတ်ခဲ့ရ သည့် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေ ရာအတွက် တိုက်ပွဲဝင်စိတ်ပြင်းပြ နေသည်။

၂၀၁၅-၁၆ က တန်းဆင်းခဲ့ ရသော ချန်ပီယံဟောင်း နယူးကာ ဆယ်က ယခုနှစ်တွင် တန်းတက် ခွင့်ရှိခဲ့ပြီး ထူးခြားမှုအဖြစ် ဘရိုက်တန်နှင့် ဟက်ဒါဖီးလ်တို့သည် အသင်းသက်တမ်းတစ်လျှောက် ပရီးမီးယားလိဂ်၌ ပထမဆုံးအကြိမ် ဆင်နွှဲမည်ဖြစ်သည်။

ယနေ့ညတွင် ၀က်ဖို့ဒ်နှင့် လီဗာပူး၊ ချယ်လ်ဆီးနှင့်ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဟက်ဒါ ဖီးလ်၊ အဲဗာတန်နှင့် စတုတ်စီး တီး၊ ဆောက်သမ်တန်နှင့်ဆွမ်ဆီး၊ ၀က်စ်ဘရွန်းနှင့် ဘုန်းမောက်၊ ဘရိုက်တန်နှင့် မန်စီးတီးတို့ ကစားမည်ဖြစ်သည်။

နယူးကာဆယ်က နည်းပြ ပိုချက်တီနို၏ စပါးနှင့်အဝေးကွင်း လာရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူက အိမ်ကွင်းတွင် ၀က်စ်ဟမ်းကို လက်ခံကစားရမည်ဖြစ်သည်။

ကစားသမားသစ်များ အား ဖြည့်ထားသည့် နည်းပြဂွါဒီယိုလာ ၏ မန်စီးတီးက ယခုနှစ်ပရီးမီး ယားလိဂ်ဖလားကို ဆွတ်ခူးရန် ၁၃ လေး ၈ လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ချယ်လ်ဆီးက လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်ရန် ၃ လေး ၁ လေး အပေးခံထားရသည်။

မန်ယူအသင်းသည် ၂၀၁၃ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရန် ၁၅ လေး ၄ လေး ခန့်မှန်းခံထားရပြီး စပါးက ဗိုလ်စွဲရန်၁၀ လေး ၁ လေး ပေးခြင်းခံထားရသည်။ အာဆင်နယ်က ၉ လေး ၁ လေး၊ လီဗာပူးက ၁၈ နှစ်အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားရရှိရန် ၁၂ လေး ၁လေး သတ်မှတ်ခံထားရသည်။ ငွေကုန်ကြေးကျခံကာကစားသမားအများအပြားကို ခေါ်ယူထားသည့်အဲဗာတန်က ယခင်ခန့်မှန်းခံရသည့်အဆင့်ထက် လျော့ကျပြီး ၈၀ လေး ၁ လေးသာအပေးခံခဲ့ရသည်။

တန်းဆင်းရမည့်အသင်းများ ခန့်မှန်းမှုတွင် ဟက်ဒါဖီးလ်က ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဘရိုက်တန်ကဒုတိယနှင့် ပြီးခဲ့သည့်နှစ်က တန်းဆင်းရမည့်အရေးနှင့်သီသီလေးလွဲခဲ့သည့် ဘန်လေက တတိယနေရာ၌ရှိနေသည်။

-Ref:bbc

Top News