ပီအက်စ်ဂျီက ဘက်ပီကို ယူရို သန်း ၁၈၀ ဖြင့် ခေါ်ယူရေး မိုနာကို သဘောတူဟုဆို

ပြင်သစ်လူငယ်တိုက်စစ် မှူး ကီလီယန်ဘက်ပီကို ပီအက်စ် ဂျီ၏ ကမ်းလှမ်းမှုအတွက် မိုနာကို က ညှိနှိုင်းရန် သဘောတူလိုက် ပြီး စာချုပ်အပြီးသတ်ရေး နှစ် ဖက်အသင်း စာရွက်စာတမ်းကိစ္စ များ ဆောင်ရွက်နေပြီဖြစ်သည်။


ဘက်ပီကို ခေါ်ယူရေးအပြီး သတ် သဘောတူထားပြီးဖြစ် သော်လည်း စာချုပ်ချုပ်ရန် ရှေ့ နေများက သဘောတူသည်နှင့် ဘက်ပီသည် ပီအက်စ်ဂျီကစား သမားဖြစ်လာမည်ဖြစ်သည်။

ပီအက်စ်ဂျီက ဘက်ပီ (၁၈) နှစ်အတွက် ယူရို သန်း ၁၆၀ အ ပြင် မိုနာကိုနှင့် ရီးရဲလ်ကြားယခင်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အပိုကြေး ယူရို သန်း ၂၀ လည်း ပေးမည်ဖြစ် သည်။ တစ်နည်းဆိုရသော် ပီအက်စ်ဂျီက ဘက်ပီအတွက်ယူရို သန်း ၁၈၀ သုံးစွဲမည်ဖြစ်သည်။

ဘက်ပီက ရီးရဲလ်တွင် ကစားလိုသော်လည်း ပီအက်စ်ဂျီ နှင့် သဘောတူညီရာ၌ ၎င်း၏ ဖခင်က အဓိကနေရာမှ ပါဝင်ခဲ့ ကာ ပီအက်စ်ဂျီသို့ ပြောင်းခွင့်မရ လျှင် အသင်းမပြောင်းဟု မိုနာကို အသင်း တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

ပီအက်စ်ဂျီတွင် မယုံနိုင်စရာ ကောင်းသော လစာရမည်ဖြစ်ရာ ဘက်ပီက ဖခင်၏ ဆန္ဒအတိုင်း ၎င်းမွေးဖွားရာဒေသမှ ပီအက်စ်ဂျီ သို့ ပြောင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ ပီအက်စ်ဂျီက ဘက်ပီကိုမရလျှင် အာဂျင်တီးနားလက် ရွေးစင် ဒိုင်ဘာလာကို ခေါ်ယူရန် ပြင်ဆင်ထားသဖြင့် ယခုအခါ ဒိုင် ဘာလာကို ခေါ်ယူမည့်အစီအစဉ် ပျက်ပြယ်သွားပြီဖြစ်သည်။

ဘက်ပီအတွက် ညှိနှိုင်းမှု များသည် တနင်္လာနေ့ နေ့လယ် က စတင်ခဲ့သော်လည်း ကစား သမားနှင့် ပီအက်စ်ဂျီကြား ကမ္ဘာ့ စံချိန်တင်လစာအပါအ၀င် ကန ဦးစီစဉ်ထားမှုများကြောင့် ယခုကဲ့ သို့ သဘောတူညီမှု မြန်ဆန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ ဘက်ပီအ တွက် ယူရို သန်း ၁၈၀ ပေးပြီးပါ က ပီအက်စ်ဂျီ၏ ယခုနွေရာသီအသုံးစရိတ် ယူရို သန်း ၄၀၀ ကျော်မည်ဖြစ်သည်။ ဘက်ပီသည် မိုနာကိုအတွက် ပြီးခဲ့သည့်ရာသီက၂၁ဂိုး သွင်းယူခဲ့သည်။ -Ref:Marca

Top News