အစ္စရေးကလပ်နှင့်ပွဲစဉ်တွင် ပါဝင်သော ကစားသမားနှစ်ဦး အီရန်လက်ရွေးစင် လူစာရင်းမှ ချန်လှပ်ခံရ

ဂရိကလပ်နှင့် အစ္စရေး ကလပ်တို့ပွဲစဉ်တွင် ပါဝင်ကစားခဲ့ မှုကြောင့် အပြစ်ပေးသည့်အနေ ဖြင့် အီရန်ဘောလုံးသမားနှစ်ဦး ကို အမျိုးသားလက်ရွေးစင်အ သင်းက ချန်လှပ်ခဲ့ကြောင်း အီရန် အားကစားဝန်ကြီးဌာနမှ ထိပ် တန်းတာဝန်ရှိသူတစ်ဦးက နိုင်ငံ ပိုင် တီဗီအား ပြောသည်။


မာဆွတ်ရှိုဂျီယာအီနှင့် အီ ဆန်ဟက်ဂ်ျဆာဖီတို့သည် သြဂုတ် ၃ ရက်က ၎င်းတို့၏ကလပ် ပါနီယွန်နွိုက်စ်နှင့် အစ္စရေးကလပ် မက္ကာဘီတဲလ်အဗစ်တို့ တွေ့ဆုံသည့်ပွဲတွင် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့် သီတင်း ပတ်၌ ၎င်းတို့ ယင်းပွဲတွင်ပါဝင်ကစားခဲ့မှုကို အပြင်းအထန် ရှုတ်ချခဲ့သည်။ အီရန်သည်အစ္စရေး နိုင်ငံတည်ရှိမှုကို အသိအမှတ်ပြု မထားပေ။

‘‘မာဆွတ်ရှိုဂျီယာအီနဲ့ အီ ဆန်ဟက်ဂ်ျဆာဖီတို့အတွက် အီ ရန်အမျိုးသားလက်ရွေးစင်အ သင်းမှာ နေရာမရှိတော့ပါဘူး။ သူတို့ဟာ အီရန်က သတ်မှတ် ထားတဲ့စည်းကို ချိုးဖောက်ခဲ့ပါ တယ်’’ဟု အီရန်လက်ထောက် အားကစားဝန်ကြီး မိုဟာမက်ရီဇာ ဒါဗာဇာနီက ပြောကြားပြီး အစ္စ ရေးကလပ်နဲ့ပွဲတွင် ပါဝင်ကစား ခြင်းက ၎င်းတို့နိုင်ငံအတွက် လက်ခံနိုင်ဖွယ်မရှိဟုဆိုသည်။

၎င်းတို့သည်ကလပ်က ဒဏ် ငွေတပ်မှုနှင့် ဖိအားပေးမှုကို ရင် ဆိုင်ခဲ့ရပြီး အဆိုပါကစားသမား နှစ်ဦးသည် အိမ်ကွင်းပွဲစဉ်တွင် ပါဝင်ကစားခဲ့သော်လည်း အစ္စ ရေး၌ ကစားမည့် အဝေးကွင်း ပွဲစဉ်တွင် ပါဝင်ကစားရန် ငြင်းဆို ခဲ့ကြောင်း အာကစားဝန်ကြီးဌာန က ပြောသည်။

ထင်ရှားသော ဘောလုံးသမားများနှင့် အီရန်ပြည်သူများက အဆိုပါကစားသမားနှစ် ဦးကို လူမှုကွန်ရက် မီဒီယာမှတစ်ဆင့် အားပေး ထောက်ခံခဲ့ပြီး ပွဲကစားရုံကလွဲ၍ ၎င်းတို့တွင် ရွေးချယ်ခွင့် မရှိခဲ့ကြောင်း ရေးသားခဲ့သည်။

သို့သော် ဂရိကလပ်က ၎င်း တို့၏ စာချုပ်ျားကို ဖျက်သိမ်းပစ် မည်ဟုဆိုခဲ့လျှင်ပင် ၎င်းတို့အနေ ဖြင့် မကစားသင့်ကြောင်း အီရန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ဆိုသည်။ -Ref:Reuters