NCA လက်မှတ်ထိုးရန် သဘောမတူသေးသော်လည်း ဆွေးနွေးပွဲရလဒ်ကောင်းဟု နှစ်ဖက်ကိုယ်စားလှယ်များပြော

အစိုးရနှင့် UNFC (၆)ကြိမ်မြောက်ဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) တို့ တစ် နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးရေး ရန်ကုန်မြို့ ၌ နှစ်ရက်ကြာ တွေ့ဆုံညှိနှိုင်းရာ UNFC အဆိုပြုသည့် အချက်ရှစ် ချက်အနက် ထက်ဝက်ကို သ ဘောတူညီပြီး ကျန်သည့် အချက်များကို စက်တင်ဘာတွင် ဆက်လက် ညှိနှိုင်းမည်ဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ (DPN) တို့၏ ခြောက် ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲ ကို သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက် တို့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် ကျန်ရှိနေသေးသည့်အချက်များ ကို နှစ်ဖက်ခေါင်းဆောင်များထံ တင်ပြပြီးနောက် NCA လက်မှတ် ထိုးနိုင်ရေး စက်တင်ဘာတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ဆက်လက်ဆွေး နွေးရန် သဘောတူညီခဲ့သည်။


DPN အဆိုပြုသည့် အချက် ရှစ်ချက်အနက် နံပါတ် (၁) မှ နံပါတ် (၄) အထိ နှစ်ဦးနှစ်ဖက် သဘောတူနိုင်သည့် အနေအ ထားမျိုးရရှိသည်ဟု အစိုးရကိုယ် စားလှယ် ဦးဇော်ဌေးက ပြော ကြားသည်။

ဆွေးနွေးပွဲတွင် သဘောတူ ညီနိုင်သည်ဆိုသော အချက် လေးချက်သည် တစ်နိုင်ငံလုံးအ ပစ်ရပ်စဲရေး ကြေညာရန်ကိစ္စ၊ ပင်လုံစိတ်ဓာတ်နှင့် ဒီမိုကရေစီအ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးများ ၊ အာမခံချက်အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု နိုင်ငံ တည်ထောင်သွားရန်ကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့် တွင် ပါဝင်မည့် အစုအဖွဲ့များ ကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက် များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် ဥပဒေ များ ရေးဆွဲပြဋ္ဌာန်းရန်ကိစ္စတို့ဖြစ်ကြောင်း UNFC ၏ အဆိုပြုမူကြမ်းတွင် ဖော်ပြထားသည်။

‘‘ဒီနေ့ရရှိလာတဲ့ နားလည်မှု တွေကို နှစ်ဖက်အဖွဲ့အစည်းတွေ  ကခေါင်းဆောင်တွေကို ပြန်လည် တင်ပြပြီးမှ အဲဒီက လမ်းညွှန်မှုနဲ့ ဆုံးဖြတ်မှုနဲ့ အခြေခံပြီး လာမယ့် တရားဝင်ခုနစ်ကြိမ်မြောက် ဆွေး နွေးမှုမှာ အပြီးသတ်နိုင်ဖို့ မျှော် လင့်ထားပါတယ်’’ဟု UNFC ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော် က ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

နှစ်ဖက်သဘောတူရန် ကျန် နေသည့်အချက်များတွင် အဓိက အချက်သည် တပ်ပိုင်းဆိုင်ရာ အပစ်ရပ်စဲရေးပူးတွဲစောင့်ကြည့် ရေးယန္တရား ပိုမိုခိုင်မာအောင်လုပ် ဆောင်သည့် အပိုင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ အပစ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးယန္တရား တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များပါ ၀င်ခွင့်ရရှိရေး UNFC က တောင်း ဆိုထားသည်။

 ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူညီချက်များ ခိုင်မာ အောင် လုပ်ဆောင်ရသည့် လုပ် ငန်းစဉ်အပေါ် အကျေအလည် ဆွေးနွေးပြီးပါက ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် DPN အဖွဲ့များ အ မြန်ဆုံးပါဝင်လာမည်ဟု မျှော် လင့်ကြောင်း ဦးဇော်ဌေးက ပြော သည်။

လာမည့် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ပြေလည်မှုရပါက UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) တို့သည် NCA အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ပါဝင်လာမည်ဖြစ် သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ NCA လက်မှတ်ရေးထိုး နိုင်ရေး ညှိနှိုင်းလာသည်မှာ ၁၄ လကျော်ပြီဖြစ်သည်။ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျ ရောက်မည့် NCA လက်မှတ်ရေး ထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနား မတိုင်မီ UNFC အဖွဲ့ဝင် အဖွဲ့ အစည်းများ NCA လက်မှတ်ထိုး နိုင်ရေး အစိုးရဘက်က ကြိုးစား နေသည်။

Top News