ဦးကိုနီလုပ်ကြံခံရမှု သက်သေခေါ်ယူစစ်ဆေးချိန် နည်းပါးကြောင်း ဦးရောဘတ်စန်းအောင်ပြော

ဦးကိုနီ၏ သမီးဖြစ်သူ သက်သေလာရောက်ထွက်ဆိုခြင်းမရှိ

တရားလွှတ်တော်ရှေ့ နေ ဦးကိုနီလုပ်ကြံခံရမှုတွင် သက်သေခံပစ္စည်း သိမ်းဆည်းရာ၌ ပါဝင်သူများနှင့် လုပ်ကြံမှုအား အနီးကပ်တွေ့မြင်ခဲ့သူတို့ကို ဩဂုတ် ၁၁ ရက်က (၁၉)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

အမှုအတွက် သက်သေခံ ပစ္စည်းများ သိမ်းဆည်းရာတွင် ပါဝင်သည့် အရန်မီးသတ်တပ်ဖွဲ့ ဝင်တစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေး မှူး၊ ရာအိမ်မှူးတို့ကို စစ်ဆေးခဲ့ သည်။ ထို့အပြင် လုပ်ကြံမှုအားအနီးကပ်မြင်ခဲ့ရသည့် အငှား ယာဉ်မောင်း ဦးခိုင်ဘွားနှင့် YMCA ကုမ္ပဏီဝန်ထမ်း ဦးလှိုင်ဝေဖြိုးတို့ ကို ဆက်လက်စစ်ဆေးခဲ့သည်။

‘‘ရုံးချိန်းတစ်ချိန်းကို တစ်နာ ရီခွဲ၊ တစ်နာရီ ၂၀ လောက်တော့ ဘယ်ဖြစ်တော့မတုံးဗျ။ သက်သေ ၈၀ ကို နှစ်နဲ့ချီပြီး ကြာသွားမှာပေါ့။ ဒါအစိုးရရှေ့နေရဲ့အလုပ်ပဲ။ အချိန်ကြာလေ သက်သေတွေက ဒီဟာကို မေ့သွားတတ်တယ်။ အချိန်တအားကြာတော့ နစ်နာတယ်ဗျ’’ဟု ၎င်းက ဆိုသည်။

တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်၏ ပြော ကြားချက်ကို ဥပဒေအရာရှိက ယခုစစ်ခဲ့သည် သက်သေများ ထွက်ဆိုမှုသည် တစ်ဖက်ရှေ့နေ များအနေဖြင့် အငြင်းပွားစရာ မဖြစ်သည့် အကြောင်းအရာဖြစ် နေသဖြင့် စစ်ဆေးမှုမြန်ဆန်ခြင်း ဖြစ်ပြီး တစ်ဖက်ရှေ့နေများ အ ပြန်အလှန်စစ်ဆေးသည့် အ ကြောင်းအရာဖြစ်ခဲ့ပါက စစ်ဆေး ချိန်ကြာမြင့်နိုင်ကြောင်း တရားခွင်အတွင်း ပြန်လည်ပြောဆိုခဲ့သည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ် သက်ပြီး တရားရုံးသို့ တင်သွင်း ထားသည့် တရားလိုပြသက်သေ ၈၀ ဦးခန့်အနက် ဩဂုတ် ၁၁ ရက်အထိ တရားလိုပြသက်သေ ၁၉ ဦးသာစစ်ဆေးထားပြီး လာမည့် ရုံးချိန်းကို ဩဂုတ် ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

တရားခွင်အတွင်း တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သက်သေများခေါ် ယူစစ်ဆေးမှုနှင့် စစ်ဆေးချိန်နည်း ပါးနေသဖြင့် လာမည့်ရုံးချိန်းများ တွင် သက်သေများ ပိုမိုခေါ်ယူကာ စစ်ဆေးချိန်ကိုတိုးမြှင့်ရန် ပြော ဆိုခဲ့သည်။

တရားခွင်အတွင်း သက်သေ ထွက်ဆိုခဲ့သည့် အမျိုးသားငါးဦး အနက် သုံးဦးသည် လုပ်ကြံမှုအပြီး သက်သေခံပစ္စည်းများဖြစ် သည့် သေနတ်နှစ်လက်၊ ကျည်ဆန်များနှင့် အခြားသက်သေခံ ပစ္စည်းများ သိမ်းဆည်းမှု၊ သေဆုံးသူ ဦးကိုနီနှင့် ဦးနေဝင်းတို့၏ ရုပ်အလောင်းအား ဆေးရုံတွင် စစ် ဆေးခဲ့မှု၊ ရုပ်အလောင်းမှ သက် သေခံပစ္စည်း သိမ်းဆည်းမှုများကို အဓိကထွက်ဆိုခဲ့သည်။

သက်သေ အငှားယာဉ် မောင်း ဦးခိုင်ဘွားသည် ရန်ကုန်လေဆိပ် Terminal 1 ရှေ့တွင်အလှည့်ကျအနေဖြင့် စီနီယာ နံပါတ် (၃) ဖြင့် ဂိတ်ထိုးပြီး စီနီယာနံပါတ် (၁) ဖြစ်သည့် ဦးကျော်ဝင်းသန့် ကားပေါ်သို့ ခရီးသည်အိတ် များ ကူတင်ပေးနေစဉ် ကြည်လင်း က ဦးကိုနီ၏ နောက်စေ့အား သေ နတ်ဖြင့် တေ့ပစ်ခဲ့ပုံ၊ ဦးကိုနီချီ ထားသော ကလေးငယ်လွတ်ကျခဲ့ပုံ၊ သေနတ်သမားကြည်လင်း ကားလမ်းမဘက်သို့ ထွက်ပြေး ခဲ့ပုံများကို အသေးစိတ်ထွက်ဆို ခဲ့သည်။

ဩဂုတ် ၁၁ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုရန် အမျိုးသားငါးဦးနှင့်အတူ သေဆုံးသူ ဦးကိုနီ၏ သမီး ဒေါက် တာယဉ်နွယ်ခိုင်ကို တရားရုံးက ဆင့်ခေါ်ခဲ့သော်လည်း ဦးကိုနီ၏ သမီးသည် တရားရုံးသို့ လာ ရောက်ထွက်ဆိုခြင်းမရှိခဲ့ပေ။

ယင်းနှင့်ပတ်သက်၍ ဒေါက် တာယဉ်နွယ်ခိုင်ထံ ဩဂုတ် ၁၁ ရက် ညက ဖုန်းဖြင့်ဆက်သွယ်မေး မြန်းသော်လည်း ဖုန်းပိတ်ထား သည်။

‘‘တရားရုံးက ဆင့်ခေါ်ထား တာတော့ ဦးကိုနီရဲ့ သမီးပါပါ တယ်။ ဒီနေ့ သူမလာဘူး။ ဘာ ကြောင့် မလာဖြစ်လဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး’’ဟု ကိုနေဝင်း၏ ဇနီးဘက်မှ လိုက်ပါ အကျိုးဆောင်နေသည့် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ဆိုသည်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခဲ့ မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ ကြည်လင်းအပါအဝင် ငါးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/ ၂၁၂ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ပြီး ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ ကို လူသတ်မှုပုဒ်မအပြင် လက် နက်ဥပဒေပုဒ်မ ၁၉(ဃ) (စ) ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရ သည်။

Top News