စမ်းချောင်းရှိစတိုးဆိုင် ဓားထောက်လုယက်သော လူငယ်များကို နာရီပိုင်းအတွင်း ဖမ်းမိ

စမ်းချောင်းမြို့နယ်ရှိ g&g(ဂျီအင်န်ဂျီ) စတိုးဆိုင်မှ ၀န်ထမ်းနှစ်ဦးအား မျက်နှာတွင် နှာ ခေါင်းစည်းတပ် လူငယ်လေးဦးက ဓားထောက် လုယက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအကူ အညီဖြင့် ကျူးလွန်သူများကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

၂၄ နာရီဖွင့်လှစ်သည့် g&g စတိုးဆိုင် အတွင်းသို့ သြဂုတ် ၁၁ ရက် နံနက် ၂ နာရီခွဲခန့် တွင် လုယက်ခြင်းဖြစ်ပြီး လုယက်ပြီးနောက် ဆိုင်အနီးတွင် အသင့်ရပ်ထားသော အငှားယာဉ် ပေါ်သို့တက်ကာ ထွက်ပြေးသွား ကြောင်း အဆိုပါဆိုင်၌ နေ့ခင်း ပိုင်း တာဝန်ကျသည့် အရောင်း ၀န်ထမ်းက ပြောသည်။

လုယက်မှု ဖြစ်ပွားချိန်တွင် ဆိုင်အနီး နေထိုင်သည့် ပြည်သူ တစ်ဦးက မသင်္ကာ၍ ဆိုင်နား၌ ရပ်ထားသည့် အငှားယာဉ်နံပါတ်ကို မှတ်သားထားပြီး လုယက်မှုဖြစ်ပွားမှန်း သိသောအခါ ယာဉ်နံပါတ်ကို သက်ဆိုင်ရာတာဝန်ရှိ သူများအား ပြောပြခဲ့ကြောင်း ၎င်းဝန်ထမ်းက ဆိုသည်။

လုယက်မှု ကျူးလွန်သူများ အနက် သုံးဦးက ၀န်ထမ်းနှစ်ဦးကို ဓားဖြင့်ဝိုင်းထောက်ပြီး ကျန်တစ် ဦးက သိမ်းဆည်းထားသည့် အံ ဆွဲသော့ကို ရှာဖွေယူကာ အံဆွဲ အတွင်းရှိ ကျပ်လေးသိန်းခန့်နှင့် ဖုန်းငွေဖြည့်ကတ်များ၊ ၀န်ထမ်း နှစ်ဦးထံမှ လက်ကိုင်ဖုန်းနှစ်လုံး နှင့် ရွှေလက်စွပ်တစ်ကွင်း စုစု ပေါင်းတန်ဖိုး ကျပ် ၁၀ သိန်း ကျော် လုယူခဲ့ကြောင်း အဆိုပါ အရောင်းဝန်ထမ်းက ပြောသည်။

ကျူးလွန်သူ လေးဦးအနက် အသက်(၁၈)နှစ်အရွယ် စည်သူ လွင်ကို မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်တွင် လုယက်မှုကျူးလွန် ရာ၌ အသုံးပြုသည့် အငှားယာဉ် နှင့်အတူ နာရီပိုင်းအတွင်း ဖမ်းမိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး က သတင်းထုတ်ပြန်သည်။

ထို့နောက် လုယက်မှုကျူး လွန်ရာတွင် ပါဝင်သည့် မရမ်းကုန်းမြို့နယ်နေ အသက် (၁၈)နှစ်အရွယ် ကျော်ထူး(ခ)လှမျိုးနိုင်၊ (၁၉)နှစ်အရွယ် ဖိုးလပြည့် (ခ) အောင်ပြည့်မြတ်နှင့် (၂၃)နှစ်အရွယ်  အာယုကျော်တို့ကို ၎င်းတို့၏နေအိမ်များ၌ နံနက် ၁၁ နာရီခွဲတွင် အသီးသီး ဖမ်းမိခဲ့ ကြောင်း ပါရှိသည်။

ဖမ်းဆီးရမိသည့် လက်ကိုင် ဖုန်းတစ်လုံး၊ ရွှေလက်စွပ်တစ် ကွင်း၊ ငွေဖြည့်ကတ်မျိုးစုံနှင့် ကျပ်ငွေတစ်သိန်းခွဲခန့်ကို ပြန် လည်သိမ်းဆည်းပြီး ပြစ်မှုကျူး လွန်သူများကို လုယက်မှု ရာဇ သတ်ကြီးပုဒ်မ ၃၉၂ ဖြင့် စမ်း ချောင်းမြို့မရဲစခန်းက အမှုဖွင့် ကာ အခြားကျူးလွန်ထားသော ပြစ်မှုများ ရှိ၊ မရှိ စစ်ဆေးနေ ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

 ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၄ နာရီ ဖွင့်လှစ်သော ဂျီအင်န်ဂျီ အပါအ၀င် အရောင်း ဆိုင်များအနေဖြင့် မိမိတို့၏စီးပွား ရေးတစ်ခုတည်းကိုသာ အာရုံ ထားဆောင်ရွက်နေခြင်းထက် လုံ ခြုံရေးပိုင်းကိုလည်း အထူးဂရုပြု ဆောင်ရွက်ရန် သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့များက လိုက်လံ ပညာပေးဆွေးနွေးမှုများ ဆောင် ရွက်ခဲ့သော်လည်း လိုက်နာမှုအား နည်းကြောင်း စိစစ်သိရသဖြင့် ၎င်းတို့၏လုံခြုံရေးကို အလေး ထား ဆောင်ရွက်ရန်၊ ထူးခြားမှုဖြစ်ပွားပါက ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသိပေးနှိုးဆော်ကြောင်း ထုတ် ပြန်ချက်တွင်ပါရှိသည်။

More in News Section

Top News