မောင်တောဒေသရှိ တိုင်းရင်းသားများ အေးချမ်းလုံခြုံစေရေးအတွက်လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးပြောကြား

ရခိုင်ပြည်နယ် မောင်တောဒေသသို့ တပ်မတော် လေယာဉ်များ စေလွှတ်မှုသည် တိုင်းရင်းသားများ အေးချမ်းလုံခြုံ စွာနေနိုင်ရန် လုံခြုံရေးတိုးမြှင့်ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောသည်။

ဩဂုတ် ၁၀ ရက်က တပ် မတော်သားအများအပြား ရခိုင် ပြည်နယ်သို့ ရောက်ရှိခြင်းနှင့် ပတ်သက်၍ သတင်းထောက်များ ၏ မေးမြန်းမှုအပေါ် ကာကွယ် ရေးဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားသည်။

‘‘ရခိုင်ကတော့ မနေ့က ကျွန်တော်တို့တပ်တွေကို နည်းနည်း ထပ်ထည့်ပါတယ်။ အဓိကက တော့ ဟိုမှာရှိတဲ့ နဂိုလုပ်နေတဲ့ အပြင်ကို ပိုပြီးတော့ အင်အား ဆောင်း (တိုးချဲ့)ပြီးတော့ လုပ်တဲ့ သဘောပါပဲ’’ဟု ဒုတိယဗိုလ်ချုပ် ကြီးစိန်ဝင်းက ဩဂုတ် ၁၁ ရက် တွင် နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင် တာ (၂)၌ ပြုလုပ်သည့် မြန်မာ့ ဒီမိုကရေစီကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲသို့ တက် ရောက်လာစဉ် သတင်းထောက် များအား ပြောသည်။

ဩဂုတ် ၉ ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးများအပါအဝင် အစိုးရ အဖွဲ့တာဝန်ရှိသူများ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး နောက် ဩဂုတ် ၁၀ ရက်၌ တပ်မတော်သားအများအပြား ရခိုင် ပြည်နယ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် သို့ စေလွှတ်တိုးချဲ့ထားသည့် တပ်မတော်အင်အားကိုမူ ကာကွယ် ရေးဝန်ကြီးက ထုတ်ဖော်ပြောဆို ၍မရကြောင်း ပြောသည်။

တစ်ချိန်တည်းတွင် အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းက အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် လုံခြုံရေးရရှိရန် ကြိုးစားနေပြီး အဓိကဖြစ် ရပ်များကို နေ့စဉ်စောင့်ကြည့်ကာ ဒေသခံပြည်သူလူထု စိတ်ချမ်းသာရန် ပံ့ပိုးလုပ်ဆောင်ပေးနေ ကြောင်း သတင်းထောက်များ အား ပြောသည်။

‘‘နိုင်ငံတော်ပေါ်မှာ အန္တ ရာယ် ရှိတယ်ဆိုရင် တပ်မတော် က သူ့ရဲ့အခန်းကဏ္ဍပါဝင်လာ တာဖြစ်ပါတယ်။ အခုက မေယု တောင်တန်းမှာ စခန်းတွေတွေ့တဲ့ အတွက် ဒါကို နိုင်ငံတော်အတွက်၊ လုံခြုံရေးအတွက် လုံခြုံရေးတာဝန်ယူတာပဲဖြစ်တယ်။ ဒိပြင်ဟာ ဘာမှမပါပါဘူး’’ဟု အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက  သတင်းထောက်များအား ရှင်းပြသည်။

ထို့အပြင် ရခိုင်အရေးကိစ္စ နှင့်ပတ်သက်၍ ပြည်ပမှ ဖိအား ပေးဝင်ရောက်စွက်ဖက်မှုများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း နှင့်ပတ်သက်၍ ‘‘ကျွန်တော်တို့က အချုပ်အခြာအာဏာ ပိုင်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယ်မြေတည်တံ့မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့က အမြဲအလေးထားဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံ ရဲ့ ပြည်တွင်းရေးမှာ ပြည်ပက ဝင် ရောက်စွက်ဖက်တာကို လုံးဝ

လက်မခံပါဘူး’’ဟု ဦးသောင်း ထွန်းက ဆိုသည်။

ဩဂုတ် ၃ ရက်တွင် မောင် တောဒေသ ကိုင်းကြီးရွာအနီး မေ ယုတောင်ကြော၌ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ မြိုတိုင်းရင်းသားခုနစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးခဲ့ သည်။

ထို့အပြင် ဩဂုတ် ၄ ရက် တွင်လည်း ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ထောက် ပံ့သည့် တရားခံများ ဖမ်းဆီးလာ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူဦးရေခြောက်ရာခန့်က တိုက် ခိုက်၍ ဖမ်းဆီးလာသည့် တရားခံ ခြောက်ဦးအနက် နှစ်ဦးလွတ် မြောက်ခဲ့ကြောင်း နိုင်ငံတော်အ တိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ ဖြစ်စဉ်များဖြစ်ပေါ် ပြီးနောက် တပ်မတော်နှင့် နယ် ခြားစောင့်တပ်တို့ ပူးပေါင်း၍ အ ကြမ်းဖက်သမားများ ဖမ်းဆီးရမိ ရေး မေယုတောင်ပေါ်၊ တောင် အောက် ပိတ်ဆို့ရှင်းလင်းနေကာ ယခုထပ်မံ၍ မောင်တောဒေသ လုံခြုံရေးအတွက် အင်အားတိုး မြှင့်ခြင်းဖြစ်သည်။

More in News Section