အီဘရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူရန် ဆွေးနွေးနေဟု မော်ရင်ဟိုအတည်ပြု

 မန်ယူအသင်းက အီဘ ရာဟီမိုဗစ်ကို ပြန်လည်ခေါ်ယူရန် ဆွေးနွေးနေသည်ဟု မန်ယူနည်း ပြ မော်ရင်ဟိုက အတည်ပြုပြော ကြားသည်။

ဆွီဒင်တိုက်စစ်မှူး မိုဗစ် (၃၅)နှစ်သည် ပြီးခဲ့သည့် ရာသီ ကုန်က မန်ယူအတွက်ကစားရင်း ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် မန်ယူ က ထွက်ခွာခွင့်ပေးခဲ့သည်။ သို့သော် မော်ရင်ဟိုက ၎င်းကို ပြန်လည်စာချုပ်ရန် ညှိနှိုင်းနေသည်။

‘‘ကျွန်တော်တို့နဲ့ ဆက်နေဖို့ ဖြစ်နိုင်ခြေကို ဆွေးနွေးနေပါ တယ်။ သူ ဒဏ်ရာရသွားပြီး ပြန် လည်သက်သာဖို့ အချိန်ယူခဲ့ရ တယ်။ အခုဆိုရင်တော့ သူပြန် ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ’’ ဟု မော်ရင်ဟိုက ပြောသည်။

‘‘သူထပ်ပြီး ဒီထက်မက လုပ်ပြနိုင်တယ်။ အမြင့်ဆုံးအ ဆင့်မှာ ထပ်ပြီး ကြိုးစားချင်နေ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့နဲ့ ဒုတိယမြောက် ထပ်နေဖို့ ဖြစ်နိုင်ခြေကို ဆွေးနွေး နေတယ်’’ဟု မော်ရင်ဟိုက ပြော ကြားသည်။

အီဘရာဟီမိုဗစ်သည် ပြီးခဲ့ သည့် ရာသီက မန်ယူအတွက် ၄၆ ပွဲပါဝင်ကစားခဲ့ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ် အန်ဒါလက်ခ်ျ နှင့်ပွဲတွင် ဒူးအရွတ်စုတ်ပြဲဒဏ် ရာရရှိခဲ့ကာ စောစီးစွာ ရာသီအဆုံးသတ်ခဲ့ရသည်။

ယင်းဒဏ်ရာကြောင့် မိုဗစ်  ၏ ကစားသမားဘ၀ ပြီးဆုံးပြီဟု မှန်းဆခဲ့ကြသော်လည်း ၎င်း၏ အေးဂျင့်  မီနိုရိုင်အိုလာက ပရီးမီးယားလိဂ် ပထမဆုံးရာသီတွင် ၁၇ ဂိုးသွင်းယူခဲ့သူတစ်ဦး အနေဖြင့် မိုဗစ်သည် အင်္ဂလန်တွင်ဆက်နေရန် လမ်းဖွင့်ထားသည်ဟု ပြောကြားသည်။

မန်ယူသို့ ပြန်လာနိုင်သည်ဟု မော်ရင်ဟို၏ မှတ်ချက်များကြောင့် မိုဗစ်သည် မန်ယူတွင် ပြန်လည် ပါဝင်လာဖွယ်ရှိသည်။

-Ref:Goal

Top News