ရတနာ့ဂူပွဲကျင်းပခွင့် ရပ်ဆိုင်းထားသော်လည်း ရိုးရာနတ်သဘင်ပွဲများကို အကျဉ်းချုံးကျင်းပမည်ဟုဆို

ယခင်နှစ်က ကျင်းပခဲ့သော ပုပ္ပားမယ်တော်ချိုးရေတော်သုံးပွဲမြင်ကွင်း (ဓာတ်ပုံ−စည်သူလင်း)

မန္တလေး အမရပူရမြို့ နယ်ရှိ  ရတနာ့ဂူပွဲတော် ကျင်းပ ခွင့်  ရပ်ဆိုင်းထားသော်လည်း ရတနာ့ဂူရှိ အခြားရိုးရာနတ်သ ဘင်ပွဲများကို အကျဉ်းချုံးကျင်းပ မည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။

ရာသီတုပ်ကွေး (H1N1) ရောဂါ ပျံ့နှံ့ဖြစ်ပွားမည်ကို စိုးရိမ် မှုကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရက တောင်ပြုံးပွဲက စတင် ကာ အခြားပွဲတော်များ ကျင်းပ ခွင့် ရပ်ဆိုင်းထားသော်လည်း ရတနာ့ဂူသို့ လက်ရှိတွင် လာ ရောက်ပန်းဆက်သူများ၊ ကန် တော့ပွဲထိုးသူများရှိကြောင်း ၎င်း က ပြောသည်။

ပွဲကျင်းပခွင့် ရပ်ဆိုင်းထားမှုကြောင့် ရတနာ့ဂူဘုရားဂေါပက အဖွဲ့က ဈေးဆိုင်ခန်းများ၊ နတ်နန်းများ၊ ဇာတ်ပွဲများကို ခွင့်ပြုထားခြင်းမရှိသော်လည်း ရတနာ့ဂူတွင် ပုပ္ပားမယ်တော်၏ ချိုးရေတော်သုံးပွဲ အပါအ၀င် အခြားနတ်သဘင်ညီလာခံပွဲများကိုမူ အကျဉ်းချုံးကျင်းပမည်ဖြစ်ကြောင်း ဦးခင်မောင်စိုးက ဆိုသည်။

‘‘ရတနာ့ဂူပွဲကျင်းပခွင့်ရပ် ဆိုင်းထားဖို့ ခရိုင်ကနေ မြို့နယ် အုပ်ချုပ်ပိုင်းကို အကြောင်းကြား ထားတာ။ စာထွက်ထားတာမျိုး တော့ မဟုတ်ဘူး။ ဒီတိုင်း နှုတ်နဲ့ ပဲ ဆိုင်ခန်းတွေ၊ နတ်နန်းတွေ မ ဖွင့်ဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက ပြောထားတာ။ ဓာတ်စက်တွေ ဖွင့်ပြီး ကျင်းပလို့မရတာ။ ရိုးရာ နတ်သဘင်ပွဲတွေကို ဓာတ်စက်မ ပါဘဲ အကျဉ်းချုံးကျင်းပခွင့်ရထား ပါတယ်’’ဟု ၎င်းက ပြောသည်။

ရတနာ့ဂူပွဲတော်ကို ၀ါခေါင်လပြည့်ကျော် ၇ ရက်မှ လကွယ်နေ့အထိ (သြဂုတ် ၁၄ ရက်မှ ၂၁ ရက်အထိ) နှစ်စဉ် ကျင်းပခြင်းဖြစ်ပြီး လပြည့်ကျော် ၇ ရက်တွင် နတ်သဘင်ညီလာခံကျင်းပခြင်း၊ လပြည့်ကျော် ၁၀ ရက်တွင် ပုပ္ပားမယ်တော် ချိုးရေတော်သုံးပွဲ ကျင်းပခြင်းနှင့် ကျန်ရက်များတွင် ချော့ပွဲ၊ တက်ပွဲ၊ ထိန်ခုတ်ပွဲများ ကျင်းပလေ့ရှိသည်။

Top News