-->

တေးမြုံငှက်၏ နောက်ဆုံးခရီးကို အနုပညာရှင်များနှင့် ပရိသတ်များစွာပို့ဆောင်

ဓာတ်ပုံ−နစ်ကီ

အဆိုတော်ခိုင်ထူး၏ နောက်ဆုံးခရီး ဈာပနအခမ်းအ နားကို ဩဂုတ် ၁၁ ရက်တွင် ပြု လုပ်ခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်များ ရာနှင့်ချီ၍ လိုက်ပါ ပို့ဆောင်ခဲ့သည်။ ခိုင်ထူး၏ အရိုး ပြာကို အုတ်ဂူသွင်း၍ အမှတ်တရ ထားရှိမည်ဖြစ်သည်။

ဩဂုတ် ၉ ရက်တွင် ပန်ကရိ ယကင်ဆာဖြင့် ကွယ်လွန်ခဲ့သော အဆိုတော် ခိုင်ထူးကို ရေဝေး သုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီး ဈာပန အခမ်းအနားသို့ အဆိုတော်ခိုင် ထူး၏ မိသားစုဝင်များ၊ ခေတ်ပြိုင် အဆိုတော်များ၊ အနုပညာရှင်များနှင့် ပရိသတ်ရာဂဏန်းအထိ ပို့ ဆောင်ခဲ့သည်။

အဆိုတော်ခိုင်ထူးသည် တေးသီချင်းပေါင်းမြောက်မြားစွာ သီ ဆိုခဲ့ပြီး ခေတ်တစ်ခေတ်၏ အ အောင်မြင်ဆုံး အဆိုတော်တစ်ဦး ဖြစ်သဖြင့် သူ၏ ဈာပနတွင် ပရိသတ်အများစုက လာရောက်၍ ပန်းခြင်းများ၊ ဓာတ်ပုံများဖြင့် ဝမ်းနည်းစွာ လိုက်ပါပို့ဆောင်ခဲ့ သည်။ ထို့အပြင် ရန်ကုန်မြို့တော် ဝန် ဦးမောင်မောင်စိုးလည်း လိုက် ပါပို့ဆောင်ခဲ့သည်။

ရေဝေးသုသာန်အဆောက် အအုံတစ်ခုလုံးတွင် ခိုင်ထူး၏ နာမည်ကျော် တေးသီချင်းများကို ဖွင့်ထားပြီး သုသာန်ခန်းမထဲ၌ ခိုင်ထူး၏ ရုပ်အလောင်းကို ကြည့် ရှုနှုတ်ဆက်ဂါရဝပြုရန်လာသော ဆွေမျိုး၊ မိတ်ဆွေနှင့် ပရိသတ်များ ကို သူ၏ ဂီတသံစဉ်များက ပိုမို ဝမ်းနည်းပူဆွေးစေလေသည်။

ခိုင်ထူး၏ဇနီး ဒေါ်စောနွယ် နွယ်ထွန်း၏ ပန်းစည်းပေါ်တွင် ရေးသားထားသည့် စာကလည်း အသုဘလာရောက်ပို့ဆောင်သူ များကို စိတ်မကောင်းဖြစ်စေခဲ့ သည်။ ‘‘မကျေနပ်ဘူး ယောက်ျား ရေ၊ ဘာတစ်ခုမှ အဆင်သင့်မဖြစ် ခင် ငါ့ကိုထားခဲ့တယ်’’  ဟု ခင်ပွန်းဖြစ်သူ   ခိုင်ထူးအတွက် ၎င်း၏ လွမ်းသူ့ပန်းစည်းပေါ်တွင် ရေးသားထားသည်။ ခိုင်ထူး၏ ဇနီး ဒေါ်စောနွယ်နွယ်ထွန်းသည်ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဝှီးချဲနှင့် ဈာပနအခမ်းအနား တက်ရောက်ခဲ့သည်။

‘‘လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက တွဲခဲ့တယ်။ ဂီတမှတ်တိုင်တွေ အများကြီး လည်း စိုက်ခဲ့တဲ့သူ၊ နောက်သူ ငယ်ချင်းလည်းဖြစ်တယ်။ တူတူ လည်း ခရီးတွေသွားခဲ့ဖူးတယ်။ ညီအစ်ကိုထက်တောင် ရင်းနှီး တယ်ထင်ပါတယ်။ ဒီလိုဖြစ်သွား တော့ စိတ်ထဲမှာ အရမ်းဆုံးရှုံး တယ်။ ဂီတလောကအတွက် ရော  တိုင်းပြည်အတွက်ပါ အ စားထိုးလို့မရတဲ့ ဆုံးရှုံးမှုပေါ့’’ဟု တေးသံရှင် ဇော်ဝင်းရှိန်က ဈာပန အခမ်းအနားတွင် ပြောသည်။

အဆိုတော် ခိုင်ထူး၏ တေး စီးရီးများကို ပင်တိုင်ထုတ်ပေးခဲ့ သည့် စံပယ်ဦးတေးသံသွင်းမှ ဦးသန်းလွင်ကလည်း အဆိုတော် ခိုင်ထူးနှင့်ပတ်သက်ခဲ့သည့် အ မှတ်တရများကို ပြန်၍ပြောပြ သည်။ ‘‘ခိုင်ထူးဆို ဟိုခေတ်က ၂ နှစ်တစ်ခွေထွက်တယ်။ သီချင်း ထွက်တိုင်းကို ကျွန်တော်တို့ တေး သံသွင်းမှာ စပီကာနဲ့ဖွင့်တယ်။ စီးရီးဖွင့်ရင် တစ်လမ်းလုံး ပရိ သတ်တွေ အများကြီးနဲ့ နောက် ဆုံးလမ်းတွေပိတ်လို့ ရဲတွေလာ ပိတ်ယူရတယ်။ အသံအားလည်း မကျဘူး။ ရောဂါကြောင့် အကြွေ စောသွားတဲ့အတွက် နှမြောပါ တယ်’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပန်းရဲ့လမ်းအဖွဲ့ မှ ကိုရဲလွင်ကလည်း ခိုင်ထူး၏ နောက်ဆုံးဈာပနအထိ လိုက်ပါ ပို့ဆောင်ခဲ့ပြီး ဝမ်းနည်းစကားဆို သည်။ ‘‘သူနဲ့ အမှတ်တရကတော့ အာဏာရှင်အစိုးရကိုဖျက်ခဲ့တဲ့ ခေတ်မှာ တောက်လျှောက်အ ကြမ်းခံခဲ့ကြရတယ်။ ဒါတွေထင် ထင်ရှားရှားရှိပါတယ်။ အနိုင် ကျင့်တဲ့ အစိုးရကို တော်လှန်ခဲ့တဲ့ ခေတ္တကာလပေါ့။ ခိုင်ထူးက လူ ငယ်တွေရဲ့ရှေ့မှာ သီချင်းတွေ အများကြီးဆိုပြီး သူဆိုခဲ့တဲ့ သီချင်းတွေဟာ လူငယ်တွေအများကြီး သူ့ကို စွဲနစ်စေခဲ့တယ်’’ဟု ကိုရဲ လွင်က ဆိုသည်။

ခိုင်ထူး၏ နောက်ဆုံးခရီးကို ဘောက်ထော်မြို့နယ်မှ ရေဝေး အထိ လမ်းလျှောက်၍ အသုဘပို့ လာခဲ့သည့် ဆံပင်များ ဖြူဆွတ် နေသော အမာခံပရိသတ်ကြီး တစ်ဦးလည်းပါသည်။ ၎င်းက ခိုင်ထူးသီချင်းများကို အသံနေအ သံထားဖြင့် ဆိုပြသည်။ ခိုင်ထူး၏ အလောင်းကို သင်္ဂြိုဟ်စက်အ တွင်းသွင်းသည့်အချိန်တွင် မျက် ရည်များကျ၍ လက်အုပ်ချီနေခဲ့ သည်။

ခိုင်ထူး၏ အရိုးပြာကို ညနေ ၆ နာရီခန့်တွင် အုတ်ဂူသွင်းခဲ့ သည်။ အုတ်ဂူကို ပုံဖော်ရာတွင် ခိုင်ထူးဂစ်တာကိုင်သီချင်းဆိုနေ စဉ် ပခုံးပေါ်၌ ခိုဖြူလာနားနေ သော ပုံဖြင့်ဖြစ်သည်။ အဆိုပါပုံ မှာ တစ်ခေတ်တစ်ခါက ငြိမ်းချမ်း ရေးပိုစတာများအဖြစ်ပင် ထုတ် ဝေခဲ့ရဖူးသည်။

ဂီတနယ်ပယ်ကြီးမားကျယ် ပြန့်ခဲ့သူ ခိုင်ထူးတစ်ယောက် ယခုအခါ ထာဝရငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်သည်။

Top News