အိမ်ထောင်သည်တွေ ကလေးတစ်ဦးထက်ပိုယူသင့်ကြောင်း အကြံပြုတဲ့ ရတနာခင်

အနုပညာနှင့်ပတ်သက် ပြီး ဇာတ်ကားရိုက်ကူးမှုထက် DJ သမားများကို ပြိုင်ပွဲလုပ်ပေးရန် စိတ်ကူးရှိကြောင်း သရုပ်ဆောင် ရတနာခင်က ပြောသည်။

‘‘EDM မြူးဇစ်တွေခေတ်စား တဲ့အခါကျတော့ အစ်မလည်း အ ရမ်းကြိုက်တယ်။ အစ်မ အမျိုး သားလည်း အရမ်းကြိုက်သွားတဲ့ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ DJ သမားတွေကို ပြိုင်ပွဲလုပ်ပေးချင် တဲ့ စိတ်ကူးရှိတယ်။ အဆိုတော် နဲ့ DJ ပေါင်း ဖျော်ဖြေတာမျိုး လည်း လုပ်ပေးချင်တယ်။ အခု အစ်မ အမျိုးသားနဲ့ တိုင်ပင်နေ တယ်။ လုပ်ပေးဖို့လည်း အစီအ စဉ်ရှိတယ်။ အစ်မ သူငယ်ချင်း အဆိုတော်တွေနဲ့လည်း တိုင်ပင် နေပါတယ်’’ဟု ၎င်းက ပြော သည်။

ရုပ်ရှင်နှင့်ပတ်သက်၍ မိမိ နှင့်အပ်စပ်သည့် ဇာတ်ကားတစ် ကား ပြန်လည်ရိုက်ကူးလိုပြီး မင်းသား၊ မင်းသမီးအသစ်များလည်း မွေးထုတ်ပေးလိုသည်ဟု     ဆို သည်။

လက်ရှိတွင် ရွှေအာဟာရ အမည်ဖြင့် ထမင်းဆိုင် နှစ်ဆိုင် ဖွင့်လှစ်ထားပြီး ထပ်မံ၍ ဆိုင်သုံး ဆိုင်ဖွင့်ရန် စီစဉ်နေသည်။

‘‘၈ မိုင်လမ်းဆုံမှာတစ်ဆိုင်၊ အနော်ရထာလမ်းမပေါ် ဆူးလေ နားမှာတစ်ဆိုင်၊ နောက်တစ်ဆိုင် က သင်္ဃန်းကျွန်းလမ်းမကြီးပေါ် မှာတစ်ဆိုင် သုံးဆိုင်ထပ်ဖွင့်ဖို့ရှိ တယ်။ ဝန်ထမ်းရှာရခက်နေလို့ ပါ။ ဝန်ထမ်းရပြီဆိုတာနဲ့ တန်း ဖွင့်မှာပါ’’ဟု ရတနာခင်က ပြော သည်။

သားသုံးဦးမိခင်ဘဝကို ကျေနပ်ပျော်ရွှင်နေပြီး အိမ်ထောင် သည်များအနေဖြင့် ကလေးတစ် ဦးထက်ပို၍ မွေးသင့်ကြောင်း အကြံပေးသည်။

‘‘အိမ်ထောင်ကျခါစက တစ် ယောက်တည်းမွေးမယ်ဆိုပြီး စဉ်း စားထားတာ။ ဒါပေမဲ့ သုံးယောက်ယူဖြစ်သွားတယ်။ အစက ကလေးအရမ်းများရင် စိတ်ရှုပ်ရမယ်လို့ ထင်တာ။ အခုကျတော့ ကလေး တွေ အများကြီးနဲ့နေရတဲ့ အရ သာကိုသိသွားတော့ ကလေးတစ် ယောက်တည်းယူထားတဲ့သူတွေ ကို ကလေးနှစ်ယောက်တော့ မွေး ကြပါလို့။ ကလေးတွေက ကိုယ် အိမ်ပြန်တဲ့အချိန်မှာ ကိုယ့်ကိုကြို တဲ့အရသာ၊ မိသားစု သိုက်သိုက် ဝန်းဝန်းနဲ့ ခရီးထွက်ရတဲ့အရသာ ဘယ်အရာနဲ့မှ မတူပါဘူးလို့။ စီးပွားရေးကျပ်တည်းတာလည်း ကျပ်တည်းတာပေါ့နော်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မမွေး ကြပါနဲ့လို့၊ မပြောကောင်းမဆို ကောင်း ကလေးတစ်ခုခုဖြစ်သွား ရင် ကိုယ်ပဲရင်ကျိုးရမှာ။ ကိုယ့်ရဲ့ စီးပွားရေးတွေကို အမွေဆက်ခံ မယ့် သားသမီးဆိုတာ လိုတယ် လေ။ သမီးတွေပဲမွေးမွေး၊ သား တွေပဲမွေးမွေး သားသမီးဆိုတာ ရတနာပါပဲ’’ဟု ၎င်းက ပြော သည်။

Top News