ဟောင်ကောင်ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် MAMAMOO အဖွဲ့

 တောင်ကိုရီးယား အမျိုး သမီးကေပေါ့ပ်အဖွဲ့ MAMAM-OO သည် ဟောင်ကောင်ပရိသတ် များနှင့် ပထမဆုံး တွေ့ဆုံမည် ဖြစ်သည်။

MAMAMOO အဖွဲ့သည် ယခုနှစ်အစောပိုင်းတွင် တောင် ကိုရီးယားနိုင်ငံ၌ ကျင်းပသော ၎င်းတို့၏ ဂီတဖျော်ဖြေပွဲ  အောင်မြင်မှုအများအပြား ရရှိခဲ့ပြီး နောက် အောက်တိုဘာ ၂ ရက် တွင် ဟောင်ကောင်၌ ဖျော်ဖြေ မည်ဖြစ်သည်။

"MAMAMOO 1st Party in Hong Kong" ပွဲတွင် ယင်းအဖွဲ့က သီချင်းများဖြင့် သီဆိုဖျော်ဖြေ မည့်အပြင် ပရိသတ်များကိုလည်း တရင်းတနှီး နှုတ်ဆက်မည်ဖြစ်ပြီး  အဖွဲ့လိုက်ဓာတ်ပုံများလည်း ရိုက်ကူးမည်ဖြစ်ကြောင်း Rolemodel Entertainment Group ကုမ္ပဏီ က ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲအတွက် လက်မှတ်များကို ဩဂုတ် ၁၅ ရက်တွင် စတင်ရောင်းချမည်ဖြစ် သည်။          —Ref: koreaboo

Top News