တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲကြောင့် ဒေသခံ ၇၀၀ ကျော် နမ္မတီးမြို့ပေါ် တိမ်းရှောင်

တပ်မတော်နှင့် ကေအိုင် အေတို့ မိုးကောင်းမြို့နယ်တွင်ဖြစ်ပွားသော တိုက်ပွဲကြောင့် အဆိုပါ မြို့နယ်ရှိ ကဆုန့်ရွာမှ ဒေသခံ၇၀၀ ကျော် နမ္မတီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး ၁၀၀ကျော် ပိတ်မိနေကြောင်း ဒေသ ခံများနှင့် ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများက ပြော သည်။

 ကဆုန့်ရွာသူရွာသားများ သည် ဩဂုတ် ၁၀ ရက်က စတင် ပြီး ပစ်ခတ်သံများကြားရ၍ ရွာရှိ ဘုရားရှိခိုးကျောင်းတွင် စုဝေးနေရာ ဩဂုတ် ၁၁ ရက် နံနက်၌ ရွာအတွင်း တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် ရွာသူရွာသားများ  တောလမ်းအတိုင်း ပြေးလာခြင်းဖြစ်ကြောင်း ကဆုန့်ရွာရှိ ကချင်နှစ်ခြင်းအသင်းတော် အမှုတော် ဆောင် ဦးဇော်ဖန်းကပြောကြား သည်။


‘‘ရွာထဲမှာ သေနတ်သံတွေ ကြားလာတော့ အားလုံးပြေးခဲ့ကြ ပြီပေါ့။ ကိုယ်လွတ်ပဲ။ ကိုယ့်အိမ် ကပစ္စည်းတွေ ဘာမှမယူခဲ့ရဘူး’’ ဟု ဦးဇော်ဖန်းက 7Day Daily အား ပြောသည်။

တိုက်ပွဲဖြစ်ပွား၍ စစ်ဘေး တိမ်းရှောင်သူများ ရှိလာကြောင်း ဆက်သွယ်လာမှုကြောင့် ဌာနဆိုင်ရာများကို အကြောင်းကြားပြီး ကားဖြင့်သွားကြိုခဲ့ကြောင်း နမ္မတီးမြို့ လမ်းဂွကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် သိက္ခာတော်ရ သင်းအုပ်ဆရာတော် ဦးလရိန်က ပြောကြားသည်။ ကဆုန့်ရွာသည် လူဦးရေတစ်ထောင်ကျော်ရှိသည့် ကျေးရွာကြီးဖြစ်ပြီး နမ္မတီးမြို့နှင့် ကိုးမိုင်ကျော် ကွာ ဝေးကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲကြောင့် ထွက်ပြေး လာသည့် ဒေသခံများသည် ဩ ဂုတ် ၁၁ ရက် ည ၉ နာရီထိ ၇၂၀ ဦးရှိကြောင်းနှင့် ကဆုန့်ရွာတွင် ပိတ်မိနေသူ ခန့်မှန်းခြေ ၁၀၀ ကျော် ရှိနိုင်ကြောင်း ဦးလရိန်က ပြောသည်။

‘‘ကဆုန့်ချောင်းရဲ့ ဟိုဘက် ကမ်းမှာရှိတဲ့ လူတွေအားလုံးက တော့ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဆုန့်ချောင်းရဲ့ ဟိုဘက်ကမ်းမှာ ရှိတဲ့လူတွေ အခုအချိန်ထိ တစ် ယောက်မှ ပါမလာသေးပါဘူး။ သူတို့လည်း ဘယ်မှာပိတ်မိပြီး ဘယ်လိုဖြစ်နေလဲ မသိပါဘူး။ အ ဆက်အသွယ်လည်း မရပါဘူး’’ ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း အ ရပ်သား ထိခိုက်မှုများရှိသည်ဟု ကြားသိရကြောင်း၊ မြို့ပေါ်သို့ တိမ်းရှောင်လာသူ တစ်ဦးလည်း သေနတ်ကျည်ရှပ်ထိသည့် ဒဏ် ရာရရှိကြောင်း ဦးဇော်ဖန်းက ပြောသည်။

‘‘တချို့လူကြီးတွေပြောနေ ကြတာ ငါးယောက်၊ ခြောက် ယောက် ရွာထဲမှာ ဆုံးသွားပြီလို့ ကြားနေရတယ်။ အတိအကျ တော့ မပြောနိုင်သေးဘူး’’ဟု ၎င်း ကပြောသည်။

အရပ်သားထိခိုက်မှုများ ရှိ သည်ဆိုသည့် သတင်းနှင့် ပတ် သက်၍ ဦးလရိန်က ‘‘ကြားတော့ ကြားမိတယ်။ ဒါပေမဲ့ ကျွန်တော် က ဘာသာရေးဆရာဆိုတော့ အ တည်မပြုနိုင်သေးတဲ့အခြေအနေ မှာ သိပ်ပြောလို့မကောင်းဘူး’’ ဟု ပြောသည်။

စစ်ပွဲကြောင့် ပိတ်မိသူများ ထဲတွင် ကိုယ်ဝန်သည်များ၊ နို့စို့ ကလေးများနှင့် သက်ကြီးရွယ်အို များ ပါဝင်ကြောင်း၊ မိသားစုများလည်း တကွဲတပြားဖြစ်နေ ကြောင်း ကဆုန့်ရွာမှ နမ္မတီးမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာ သူ အမျိုးသမီးတစ်ဦးက ပြော ကြားသည့် ရုပ်သံကို Kachin-waves Facebook စာမျက်နှာ၌ ဖော်ပြထားသည်။

‘‘ကျွန်မကလေးနှစ်ယောက် ကျန်ခဲ့တာ။ တစ်ယောက်က(၁၅) နှစ်၊ တစ်ယောက်က (၇) နှစ်။ သမီးအငယ်ဆုံး ကျန်ခဲ့တာ’’ ဟု အဆိုပါအမျိုးသမီးက ငို၍ပြော သည်။

မိုးကောင်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြ သွေးစံက ‘‘စစ်ကြောင်းက ရွာထဲ ကို ရောက်သွားတာ။ အဲဒီရွာရဲ့ ဟိုဘက်မှာကျတော့ ကေအိုင် အေစခန်းရှိတယ်လို့ ပြောတယ်။ ရွာထဲကို သူတို့ဝင်သွားတော့ ဟို ကနေ လှမ်းထုတယ်လို့ ပြော တယ်’’ဟု တိုက်ပွဲဖြစ်ပွားရခြင်း နှင့်ပတ်သက်ပြီး ၎င်းကြားသိရမှု ကို ပြောပြသည်။

တပ်မတော်စစ်ကြောင်းများ နယ်မြေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ၀င်လာစဉ် တပ်မတော်နှင့် ကေ အိုင်အေတပ်ရင်း(၁၁)တို့ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ကေ အိုင်အေတပ်ရင်း(၆)မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်သို့ ဩဂုတ် ၁၁ ရက် ည ၈ နာရီခွဲတွင် ဆက်သွယ်ရာ တာဝန်ကျ တပ်မတော်သားတစ်ဦး က ၎င်းအနေဖြင့် ပြောဆိုခွင့်မရှိ ဟု ဖြေကြားသည်။

 ဖားကန့်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေ သော တပ်မတော်စစ်ကြောင်း သည် ဩဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် မန်ပန်ရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂,၀၀၀ ခန့် အကွာသို့အရောက်၌ မန်ပန်ရွာမှ တောင်ယာများသို့ သွားသည့် တောလမ်းအတိုင်း အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးရန် ရပ် တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်ကြောင်းသို့ မောင်းနှင် ထွက်ပြေးသဖြင့် လက်နက်ငယ် များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်တွင် ကေအိုင်အေအ လောင်းနှစ်လောင်းနှင့်အတူ မြန် မာငွေကျပ်သိန်း ၇၀၊ လေးလက်မ ခန့် ပယင်းကျောက်နှစ်ချောင်း၊ ရွေးစေ့အရွယ် ရွှေခြောက်လုံး၊ ဟန်းဆက်တစ်လုံး၊ ကချင်ဘာ သာဖြင့် ရေးသားထားသော စာ ရွက်စာတမ်းများ၊ လမ်းလျှောက် စကားပြောစက်တစ်လုံး၊ ကေ အိုင်အေအဖွဲ့ ဦးထုပ်တစ်လုံး၊ ကေအိုင်အေအဖွဲ့ ယူနီဖောင်း တစ်စုံတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ကချင်ဒေသ အခြေအနေနှင့် ပတ်သက်၍ ဩ ဂုတ် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထား သည်။

ငြိမ်းချမ်းရေးဖော်ဆောင်နေ သည့် ကာလအတွင်း ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)ဒေသအချို့၌ ဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခများကို အ ဆုံးသတ်နိုင်ရေး ကြိုးပမ်းရန်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင်ရှစ်ဖွဲ့က ဩဂုတ် ၁၀ ရက်တွင် တိုက်တွန်းထား သည်။

More in News Section

Top News