စစ်ကိုင်းတိုင်းတွင် ရာသီတုပ်ကွေးလူနာ နှစ်ဦးရှိပြီး တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရာသီတုပ်ကွေး(H1N1) ရောဂါဖြစ်ပွားသည့် အတည်ပြု လူနာနှစ်ဦးရှိပြီး တစ်ဦးသေဆုံး ကြောင်း တိုင်းဒေသကြီးကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာအေးငြိမ်းက ပြောသည်။

ဆားလင်းကြီးမြို့နယ်နှင့် ရွှေဘိုမြို့နေ လူနာနှစ်ဦးသည် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူပြီး ရောဂါပိုးနမူနာကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ သြဂုတ် ၉ ရက်နှင့် ၁၀ ရက်၌ ဓာတ်ခွဲခန်းအဖြေ ထုတ်ပြန်ချက်အရ ရာသီတုပ်ကွေး ရောဂါ Positive  အဖြစ် အတည်ပြုခဲ့ကြောင်း ၎င်းကပြောသည်။


‘‘အခုရောဂါပိုးတွေ့တဲ့ လူ နာတွေသည် စစ်ကိုင်းတိုင်းအ တွင်းက ဆေးရုံတွေမှာ တက် ရောက်ကုသခြင်းမရှိဘဲနဲ့ မန္တလေးဆေးရုံသွားပြီး ဆေးကုသမှုခံယူ ရင်း ရောဂါPositive ဖြစ်တဲ့ ကိစ္စ မှာ နည်းနည်းတော့ အခက်အခဲ ရှိပါတယ်။ လူနာဆုံးပြီးတော့မှ ရောဂါဖြစ်ကြောင်း သိရတဲ့အခါ လိုက်ပြီးစုံစမ်းစစ်ဆေးမေးမြန်းရ တဲ့အခါမှာ အခက်အခဲက ဘာလဲ ဆိုတော့ စိတ်ပူတာတစ်ခုက လူ နာသေဆုံးသွားတဲ့ရက်အတွင်းမှာ လူနာသစ်တွေထပ်ပြီး ကူးစက် ပြန့်ပွားမှာကို စိုးရိမ်တာပါ’’ဟု မုံရွာပြည်သူ့ဆေးရုံအုပ်လည်းဖြစ်သူ ဒေါက်တာအေးငြိမ်းက ပြော သည်။

ဆားလင်းကြီးမြို့နယ် မြေဇွန်းကျေးရွာနေ အသက်(၆၆)နှစ် အရွယ် အမျိုးသားတစ်ဦးသည် နာမကျန်း၍ ဆေးဝါးကုသမှုခံယူခဲ့ ရာ သြဂုတ် ၈ ရက်တွင် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ သေဆုံးခဲ့သည်။ အဆိုပါ လူနာ၏ရောဂါပိုးနမူနာကို ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ရာသီတုပ်ကွေးရောဂါဖြစ်ကြောင်း သြဂုတ် ၉ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရွှေဘိုမြို့ အောင်ချမ်းသာရပ်ကွက်နေ (၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေပြီး ရောဂါပိုးနမူနာကို ဓာတ်ခွဲစစ်ဆေးချက်အရ သြဂုတ် ၁၀ ရက် ၌ ရာသီတုပ်ကွေးရောဂါဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

Top News