မုဒွန်းရွာရှိ ကျောက်သင်ပုန်းကျောက်ထွင်းပန်းချီများကို ဂျပန်ခရီးသွားများ စိတ်ဝင်စား ၀ယ်ယူ

ဂျပန်ခရီးသွားများစ်တ်ဝင်တစားဝယ်ယူသည့်ကျောက်သင်ပုန်းကျောက်ဖြင့်ပြုလုပ်ထားသော3D ပန်းချီကားများ (ဓာတ်ပုံ − သန္တာလှိုင်)

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ ဒေသခံတစ်ဦး ပြုလုပ်သည့် ကျောက်သင်ပုန်းကျောက်ထွင်း ပန်းချီများကို ဂျပန်ခရီးသွားများ စိတ်ဝင်တစားဝယ်ယူမှုများပြား နေကြောင်း ဒေသခံများက ပြော သည်။

ကျောက်သင်ပုန်းဝယ်ယူသူ နည်းပါးလာသဖြင့် ကျောက်သင် ပုန်း ကျောက်ပြားပေါ်တွင် ကျောက်ထွင်း 3D ပန်းချီကား များထုလုပ်ပြီး ထိုပန်းချီကားများ ကို ဂျပန်နိုင်ငံမှ ခရီးသွားများက စိတ်ဝင်စား၍၀ယ်ယူရန် ကမ်း လှမ်းကြောင်း ကျောက်သင် ပုန်းပြုလုပ်သည့် မုဒွန်းကျေးရွာမှ ဦးအောင်မိုးခိုင်က ဆိုသည်။

‘‘ကျောက်သင်ပုန်းကို အသုံး ပြုသူနည်းလာတော့ ရေရှည်အ တွက် အဆင်မပြေတော့ဘူး။ ဒါ ကြောင့် ကျွန်တော်တတ်တဲ့ လက် မှုတစ်ခုကို ထွင်းလိုက်တာ။ စီး ပွားဖြစ်တော့ မဟုတ်ဘူး။ အမှတ် တရအနေနဲ့လုပ်ထားတယ်။ ဂျ ပန်ခရီးသွားတွေက ကျောက်သင် ပုန်းလုပ်ငန်းကို  လာလေ့လာရင်း နဲ့ပန်းချီကားကို တွေ့ပြီး လုပ်နိုင် သလောက် ၀ယ်မယ်ပြောတယ်။ ပန်းချီကားတစ်ချပ်ရဖို့ မလွယ် တော့ ကတိမပေးခဲ့ဘူး’’ ဟု ဦး အောင်မိုးခိုင်က ပြောသည်။

ပန်းချီကားတစ်ချပ်လျှင် နှစ် ပတ်အထိ အချိန်ပေးထွင်းထုရ ပြီး တစ်ရွာလုံးတွင် ၎င်းတစ်ဦး တည်းသာ ယင်းပန်းချီကားမျိုးပြု လုပ်တတ်ကြောင်း ဦးအောင်မိုး ခိုင်က ဆိုသည်။ ကျောက်သင်ပုန်းပန်းချီကားတစ်ချပ်လျှင် ဒေါ် လာ ၅၀ ခန့်ဖြင့် ပြီးခဲ့သည့်လအတွင်းက ငါးချပ်ခန့်ရောင်းချပြီးဖြစ်ကြောင်းနှင့် ယခုအချိန်ထိ ဂျပန်ခရီးသွားများက ဆက်သွယ်မှုပြုလုပ်ထားကြောင်း ဦးအောင်မိုးခိုင်က ပြောသည်။

‘‘ကျောက်သင်ပုန်းကို သုံး တဲ့သူတွေ နည်းလာတယ်။ ဒါပေ မဲ့ မင်္ဂလာဆောင်မှာ လက်ဆောင် ပြန်ပေးတဲ့ပစ္စည်းအဖြစ် အသုံးပြု လာကြတော့ မှာယူသူနည်းနည်း ရှိလာတယ်။ ရန်ကုန်ဘက်ကလူ တွေများတယ်။ ကိုအောင်မိုးခိုင် လို ကျောက်ထွင်းပန်းချီတော့ ဘယ်သူမှ မလုပ်တတ်ကြဘူး။ ကျောက်သင်ပုန်းလုပ်ငန်းက ရေ ရှည်အဆင်မပြေတော့ဘူး’’ ဟု ကျောက်သင်ပုန်း လုပ်ငန်းရှင် ဒေါ်သန်းမြင့်က ပြောသည်။

ကျောက်သင်ပုန်းလုပ်ငန်း ပြုလုပ်သည့် မုဒွန်းကျေးရွာတွင် ယခင်က အသုံးပြုသူများသဖြင့် တစ်ရွာလုံးပြုလုပ်ခဲ့ပြီး ယခုအ ချိန်၌ ၁၀ အိမ်အထိသာ ပြုလုပ် နေကြောင်း ဒေါ်သန်းမြင့်ကဆို သည်။ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူများသည် မိုးရာသီ ဖြစ်၍ ကျောက်တွင်းပိတ်သိမ်းမှုကြောင့် လုပ်ငန်းရပ်နားထားပြီး ယခုအချိန်တွင် အခြားလုပ်ငန်းများနှင့်လယ်ယာ လုပ်ငန်းများကို ပြောင်းရွှေ့လုပ်ကိုင်နေသည်။

Top News