အောင်လံတွင် ကြက်သားစားပွဲတော်ကျင်းပ

 တုပ်ကွေးရောဂါ ကောလာဟလများကြောင့် ကြက်ဥနှင့် ကြက်သားစားသုံးမှု သိသိ သာသာ လျော့ကျလာသဖြင့် အန္တရာယ်ကင်းစွာ စားသုံးနိုင်ကြောင်း ပညာပေးသည့် ကြက်သားစားပွဲ တော်ကို မကွေးတိုင်းအောင်လံ မြို့တွင် သြဂုတ် ၁၂ ရက်က ပြု လုပ်ခဲ့သည်။

အောင်လံမြို့နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်ကာ မြို့နယ်အတွင်း ကြက်မွေးမြူရေးလုပ်ငန်းများ စုပေါင်း၍ အောင်လံမြို့ ကန်ကြီးရပ်ကွက် ကျန်းတိတ် ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့ နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးမှူး များ၊ ရပ်မိရပ်ဖများက ကြက်ဥ၊ ကြက်သားများအား အန္တရာယ် ကင်းစွာ စားသုံးနိုင်ကြောင်း ပြသ ခဲ့သည်ဟု ကြက်မွေးမြူရေးလုပ် ငန်းရှင်ကိုကျော်က ပြောသည်။

‘‘လူတွေက ကြက်ငှက်တုပ် ကွေးနဲ့ ပြင်းထန်ရာသီတုပ်ကွေး ကိုလွဲမှားစွာ ယူဆနေပြီး ပုံမှန်စား သုံးနေကျဖြစ်တဲ့ ကြက်ဥ၊ ကြက် သားတွေကို မစားရဲသလို ဖြစ်နေ တာပေါ့နော်။ ဒါကိုသေသေချာ ချာသိအောင်လို့ အခုလိုပွဲလေး လုပ်ပြီး ရှင်းပြပေးတာ ဖြစ်ပါ တယ်။ ကြက်ဥ၊ ကြက်သားကိုစား တာ အန္တရာယ်မရှိပါဘူး။ သေချာ စွာကျက်အောင်ချက်စားရင် ဘာ မှမဖြစ်ပါဘူးဆိုတာ သိစေချင်လို့ ပါ’’ ဟု အောင်လံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင် က ပြောသည်။

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည်ဟူသော ကော လာဟလများကြေင့် အောင်လံမြို့နယ်အတွင်း ကြက်ဥနှင့် ကြက် သား ရောင်းချမှု သိသိသာသာ လျော့ကျခဲ့ရပြီး ကြက်မွေးမြူရေး လုပ်ငန်းရှင်အများစု အရှုံးပေါ်နေ ကြောင်း ဒေသခံလုပ်ငန်းရှင်များ က ပြောသည်။

မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနအနေဖြင့် မြို့နယ်အတွင်း သို့ ပြင်ပမှကြက်ဥနှင့် ကြက်သားများ ၀င်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်နေပြီး မြို့နယ်တွင်းရှိ ကြက်မွေးမြူရေးခြံများသို့  ကျန်းမာရေးနှင့်ညီညွတ်စွာ မွေး မြူထုတ်လုပ်ရန် ပုံမှန်စစ်ဆေး  ဆောင်ရွက်နေကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဌာန ဦးစီးမှူးက ပြောသည်။

အောင်လံမြို့နယ်တွင် အ သားစားကြက်နှင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းရှင် တစ်ရာကျော်ရှိပြီး လက်ရှိဈေးကွက်အတွင်း ကြက်သား တစ်ပိဿာ ဒိုင်ဝယ်ဈေး ကျပ်နှစ်ထောင်နှင့် ကြက်ဥတစ်လုံးလျှင် ကျပ်ငါးဆယ်ခန့် ရှိသည်။