ရခိုင်တွင် ရာသီတုပ်ကွေးကူးစက်ခံရသည့် ကလေးငယ်တစ်ဦး စတင်တွေ့ရှိ

စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်ကံ)

ရခိုင်ပြည်နယ် စစ် တွေမြို့နယ် ဗျိုင်းဖြူ ကျေးရွာနေ အသက် (၁)နှစ်ကျော်အရွယ် ကလေးငယ် တစ်ဦးတွင် ရာသီ တုပ်ကွေး ရောဂါ (H1N1) ပိုး ပထမဆုံးတွေ့ရှိခဲ့ကြောင်း ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာကြည်လွင်က အ တည်ပြုပြောကြားသည်။

အဆိုပါ ကလေးငယ်သည် ယောက်ျားလေးဖြစ်ပြီး ဩဂုတ် ၉ ရက်က စစ်တွေ ပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိလာကာ ရာသီ တုပ်ကွေးရောဂါ သံသယရှိ၍ တစ်ဦးတည်းထား စစ်ဆေးကြည့်ရာ H1N1 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ကလေးငယ်ကို သီးသန့်အ ဆောင်ထားပြီး စောင့်ကြည့်ကုသ နေပါတယ်’’ဟု ဒေါက်တာကြည် လွင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရာသီ တုပ်ကွေးရောဂါနှင့် ပတ်သက်၍ သံသယရှိသည့် လူနာများကို ချက်ချင်းစစ်ဆေးနိုင်သည့် ကိရိယာမျိုး စုံ ၁၁၀ နှင့် အရေးပေါ်ဆေးဝါးများကို ကြိုတင်စီစဉ်ထားပြီး လက်ရှိ တွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လူထု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။ ရာသီတုပ်ကွေး ရောဂါ သံသယလူနာများကို သီးခြားခွဲထားကုသနိုင်သော Is-olation Ward ကို ဆောင်ရွက်ထား ကြောင်း ဒေါက်တာကြည်လွင်က ပြောသည်။