ဂူအမ်ကျွန်းကို တိုက်ခိုက်ပါက မြောက်ကိုရီးယား ဒုက္ခအကြီးအကျယ်ရောက်မည်ဟု ထရန့်ခြိမ်းခြောက်

အမေရိကန်နယ်နိမိတ် ဂူအမ်ကျွန်းသာ တစ်ခုခုဖြစ်ပါက ဒုက္ခအကြီးအကျယ် ရောက်လိမ့် မည်ကို မျှော်လင့်ထားရန် ကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက် ကိုရီးယားအား သတိပေးသည်။

နယူးဂျာစီပြည်နယ် ဘက် မင်စတာမြို့တွင် ပြောကြားရာ၌ ထရန့်က ဂူအမ်ဒေသသည် အလွန်ဘေးကင်းလုံခြုံမည်ဟု ကတိပြုခဲ့သည်။


 မြောက်ကိုရီးယားအပေါ် အမေရိကန်က အပြင်းထန်ဆုံး နောက်ထပ် ပိတ်ဆို့အရေးယူမှု များပြုလုပ်မည်ဟု ထရန့်ကပြော သည်။

 ယင်းနောက် ၎င်းသည် တရုတ်သမ္မတစီကျင်းပင်နှင့်တွေ့ ဆုံဆွေးနွေးခဲ့ပြီး စီကျင်းပင်က ငြိမ်းချမ်းသော ဖြေရှင်းချက် လို အပ်ကြောင်း ပြောကြားသည်။

သက်ဆိုင်ရာ နိုင်ငံအားလုံး သည် တင်းမာမှုမြင့်တက်စေနိုင် သော ပြောဆိုမှုများနှင့် လုပ် ဆောင်မှုများ ထိန်းသိမ်းကြရန် စီကျင်းပင်က ပြောသည်။

 ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက် ဖြုတ်သိမ်းရေး ကြိုး ပမ်းမှုသည် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံလုံး၏ အကျိုးစီး ပွားအတွက်ဖြစ်သည်ဟု မစ္စတာ စီက ပြောကြားသည်။

မြောက်ကိုရီးယားက ၎င်းတို့ ၏ ရန်စသော အရှိန်မြှင့်လုပ်ရပ် များ ရပ်တန့်ရမည်ဆိုသည်ကို နှစ် ဖက်လုံးက သဘောတူခဲ့သည်ဟု အိမ်ဖြူတော်က ပြောသည်။

ထရန့်သည် ကိုရီးယားကျွန်း ဆွယ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ပွားအောင် လုပ်ဆောင်နေ သည်ဟု ပြုံယမ်းအစိုးရက စွပ်စွဲ ထားသည်။

မြောက်ကိုရီးယားက ဂူအမ် ကျွန်းအနီးသို့ ဒုံးကျည်များဖြင့် ပစ်လွှတ်မည့် အစီအစဉ်ကို ကြေ ညာထားသည်။

ဝါရှင်တန်နှင့် ပြုံယမ်းကြား အပြန်အလှန် ခြိမ်းခြောက်မှုများ သည် အလွန်စိုးရိမ်စရာကောင်း ကြောင်း မော်စကိုက ပြောသည်။

စစ်ရေးအရဖြေရှင်း၍မရဟု ဂျာမနီအဓိပတိ အန်ဂျလာမာ ကယ်က ပြောပြီး အရှိန်မြင့်လာ သော ရန်လိုမှုများသည် မှားယွင်း သောအဖြေဖြစ်သည်ဟုဆိုသည်။

မြောက်ကိုရီးယားက ဇူလိုင် အတွင်း တိုက်ချင်းပစ်ဒုံးကျည်နှစ် စင်း စမ်းသပ်ခဲ့ပြီးနောက် တင်းမာ မှုများ သိသိသာသာ မြင့်တက် လာသည်။           

—Ref:BBC

Top News