အီဂျစ်နိုင်ငံတွင် ရထားနှစ်စီးတိုက်မိ၍ အနည်းဆုံး လူ ၄၀ ကျော်သေဆုံး

အလက်ဇန်းဒါးမြို့တွင် ရထားနှစ်စီး တိုက်မိပြီးနောက် အပျက်အစီးများကြား ရှာဖွေကယ်ဆယ်ရန် ကြိုးစားနေသော အရေးပေါ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ( KHALED DESOUKI/AFP)

အီဂျစ်နိုင်ငံမြောက်ပိုင်း တွင် ခရီးသည်တင်ရထားနှစ်စီး တိုက်မိရာ အနည်းဆုံး လူ ၄၁ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရ ခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိ သူများက ပြောသည်။

 ကမ်းရိုးတန်းမြို့ဖြစ်သော အလက်ဇန်းဒါး၌ ဖြစ်ပွားခဲ့သော ယင်း မတော်တဆမှုကြောင့် ရထားတွဲမြောက်မြားစွာ လမ်း ချော်တိမ်းမှောက်ခဲ့သည်။


ချွတ်ယွင်းချက် ဖြစ်ပေါ်ပြီး နောက် ရထားနှစ်စီးအနက် တစ်စီးသည် ရပ်တန့်ခဲ့ကြောင်း သတင်းများက ဖော်ပြပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်အာရာဖတ်က လူ့အမှားကြောင့်ဖြစ်ပွားရသည်ဟု အပြစ်တင်ထားသည်။

ကိုင်ရိုမြို့မှ ထွက်ခွာလာ သော ရထားနှင့် ပို့တ်ဆက်တ်မြို့ မှ ထွက်ခွာလာသော ရထားတို့ တိုက်မိပြီး ဒေသခံတစ်ဦးဖြစ်သည့် ဟိုဒါသည် ရထားနှစ်စီး တိုက်မိချိန်တွင် အိမ်ခေါင်မိုးပေါ် ၌ မတ်တတ်ရပ်နေကြောင်း ပြော သည်။

အီဂျစ်သမ္မတ အဗ္ဗဒယ်လ် ဖာတက်အယ်လ်စီစီက အဆိုပါ မတော်တဆမှုကို စုံစမ်းစစ်ဆေး ရန် ညွှန်ကြားခဲ့ပြီး သေဆုံးရသူများ၏ မိသားစုဝင်များအား လျော်ကြေးပေးမည်ဖြစ်ကြောင်း အစိုးရက ကတိပြုသည်။

 ယခု အဖြစ်အပျက်က အီဂျစ်နိုင်ငံ သယ်ယူပို့ဆောင်ရေး စနစ်၏ ညံ့ဖျင်းမှု၊ စီမံခန့်ခွဲမှုအလွဲ အမှားနှင့် ပတ်သက်၍ ဒေါသသစ် များ ဆွပေးလိုက်သလို ဖြစ်ဖွယ် ရှိသည်ဟု ဘီဘီစီ၏ အာရပ်ရေး ရာ အယ်ဒီတာ ဆီဗက်ရှန်အက်ရှာက အစီရင်ခံစာတင်ပြသည်။

၂၀၁၃ က ကိုင်ရိုတောင်ပိုင်း တွင် မီနီဘတ်စ်ကားနှင့် အခြား ကားများကို ရထားတစ်စီးက ၀င် တိုက်မိသဖြင့် လူပေါင်းဒါဇင်နှင့် ချီ သေဆုံးခဲ့ရသည်။

အီဂျစ်နိုင်ငံ၏ လူအသေအ ပျောက်အများဆုံး ရထားမတော် တဆမှုသည် ၂၀၀၂ က ကိုင်ရိုမြို့ တော်အနီးဖြစ်ပွားခဲ့သည့် အဖြစ် အပျက်ဖြစ်ပြီး လူအပြည့်တင် ဆောင်လာသော ရထား မီးစွဲ လောင်သဖြင့် လူပေါင်း ၃၇၀ ကျော် သေဆုံးခဲ့ရသည်။

—Ref:BBC

Top News