တရုတ်နိုင်ငံနှင့် နယ်စပ်တွင် အိန္ဒိယစစ်သားများ တိုးမြှင့်ချထား

အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံနှင့်နယ်စပ်ဒေသတွင် စစ်သားအရေအတွက် တိုးမြှင့်ချ ထားကြောင်း သြဂုတ် ၁၁ ရက်က ဖော်ပြသော သတင်းများအရ သိ ရသည်။

ဟိမ၀န္တာဒေသ၌ မဟာဗျူ ဟာကျ နယ်မြေတစ်ခုတွင် နယူး ဒေလီအစိုးရနှင့် ဘေဂျင်းအစိုးရ အကြား တင်းမာမှုများဖြစ်ပွားစဉ် အိန္ဒိယနိုင်ငံက ယင်းသို့ စစ်သားများ တိုးမြှင့်ချထားခြင်းဖြစ် သည်။


‘‘တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြစ် တဲ့ စီကမ်ပြည်နယ်နဲ့ အာရူနာ ချယ်ပြည်နယ်မှာ အိန္ဒိယက စစ် သားတွေ ထပ်တိုးချထားပါတယ်’’ ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိတစ်ဦးက ပြောကြောင်း Press Trust of India သတင်း ဌာနကဖော်ပြသည်။

အိန္ဒိယ၊ တရုတ်နှင့် ဘူတန် သုံးနိုင်ငံနှင့် ထိစပ်တည်ရှိနေ သော ဒေါ့လမ်းဒေသတွင် လွန်ခဲ့ သည့် နှစ်လနီးပါးက တရုတ်စစ် သားများနှင့် အိန္ဒိယစစ်သား ၃၅၀ တို့ ထိပ်တိုက်တွေ့ဆုံခဲ့သည်။

 ဇွန်လက ဒိုလန်ဒေသ၌ တရုတ်စစ်သားများက လမ်းချဲ့ ထွင်ဆောက်လုပ်ခဲ့ရာမှ အဆိုပါ နယ်စပ်ပြဿနာ စတင်ဖြစ်ပွားခဲ့ သည်။

ဒေါ့လမ်းဒေသသည် တရုတ်နှင့် ဘူတန်အကြား အငြင်းပွား ရာဒေသလည်းဖြစ်သည်။

ဘူတန်နှင့် အရင်းနှီးဆုံးမိတ် ဖက်နိုင်ငံဖြစ်သော အိန္ဒိယက ထို ဒေသတွင် တရုတ်စစ်သားများ လမ်းဖောက်လုပ်နေခြင်း တားဆီးရန် စစ်သားများ စေလွှတ်ခဲ့ရာ အိန္ဒိယအစိုးရသည် တရုတ်နယ်မြေကို ကျူးကျော်သည်ဟု ဘေဂျင်းအစိုးရက စွပ်စွဲခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံက အိန္ဒိယအနေဖြင့် ၎င်းတို့၏ စစ် သားများကို ပြန်လည်ရုပ်သိမ်းရ မည်ဖြစ်ကြောင်း ပြောကြားပြီး အိန္ဒိယကလည်း နှစ်ဖက်စစ်သား များ တပ်ဆုတ်သင့်ကြောင်း ပြော သည်။

၁၉၆၂ တွင် အိန္ဒိယနိုင်ငံ အာရူနာချယ် ပရာဒက်ရှ်ပြည်နယ် ၌ တရုတ်-အိန္ဒိယ စစ်ပွဲတစ်ခုဖြစ် ပွားခဲ့သဖြင့် နယ်စပ်အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ယုံ ကြည်မှုမရှိကြပေ။

—Ref:AFP