အင်ဒိုနီးရှား စက်ရုံလုပ်သားများ ကိုယ်ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

အနောက်ဂျာဗားပြည်နယ်တွင် အိမ်ခေါင်မိုး အုတ်ကြွပ်ပြားစက်ရုံ အလုပ်သမားများ ကိုယ်ကာယအလှပြိုင်ပွဲ ဝင်နေကြစဉ် (Beawiharta/reuters)

အင်ဒိုနီးရှားနိုင်ငံတွင် သြဂုတ် ၁၀ ရက်က ကျရောက်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိမ်ခေါင်မိုးအုတ်ကြွပ်စက်ရုံလုပ်သား ၇၀ ကျော်က ဂျာဗားကျွန်း၌ ကျင်းပသော ကိုယ်ကာယစွမ်းရည်ပြိုင်ပွဲတစ်ခု တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါစက်ရုံလုပ်သားများ သည် သီချင်းသံနှင့်အတူ ပြိုင်ပွဲ မဝင်မီ ခန္ဓာကိုယ်၌ ဆီများလိမ်း ကျံကာ ကြွက်သားများကို ဆန့် ထုတ်ပြသကြကာ ဂျာတီဝန်ဂျီရွာမှ ဒေသခံများကလည်း လာ ရောက်အားပေးကြသည်။


ယခင်နှစ်က အနိုင်ရရှိသူနှင့် အမျိုးသမီးများ ကော်မတီအဖွဲ့ တစ်ဖွဲ့က အကဲဖြတ်ပေးသော ထိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များသည် မိမိတို့နိုင်သလောက် အိမ်ခေါင်မိုးအုတ်ကြွပ်များကို အရေအတွက် များများ သယ်ဆောင်ရခြင်းဖြစ် သည်။

‘‘ဒီအုတ်ကြွပ်စက်ရုံမှာ အ လုပ်စဝင်တုန်းက ကျွန်တော် လူ ကောင်သေးပြီး ပိန်ပိန်လေးပါ။ အခုလို ခန္ဓာကိုယ်ကြံ့ခိုင်လာတာ ကို ပျော်မိပါတယ်။ မိန်းကလေး တွေကလည်း ကျွန်တော့်ကို သ ဘောကျတယ်လေ’’ဟု ပြိုင်ပွဲဝင် ယာနာကူယာနာက ပြောသည်။

ကိုယ်ကာယစွမ်းရည်ပြိုင်ပွဲ တွင် အနိုင်ရရှိသူ အိုမန်သည် ဆုတံဆိပ်တစ်ခုနှင့် ဆုငွေ ကန် ၂၅၅ ဒေါ်လာ ရရှိခဲ့သည်။

‘‘နောက်မျိုးဆက်သစ်တွေ လည်း သူတို့ရဲ့ခန္ဓာကိုယ်ကို ကြံ့ ခိုင်အောင် ထိန်းသိမ်းသွားကြမယ် လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့ရဲ့ ခန္ဓာကိုယ်က ဘုရားပေးတဲ့ လက်ဆောင်ပါ’’ဟု အိုမန်ကပြောသည်။

 အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း လွတ်လပ်ရေးနေ့ ရိုးရာပွဲတော် များအဖြစ် အလားတူပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။

—Ref:Reurters

Top News