ဘေဂျင်းမြို့တွင် လေပြင်းမုန်တိုင်းများ ကျရောက်နေ၍ လေယာဉ်ခရီးစဉ်များ ကမောက်ကမဖြစ်

 သြဂုတ် ၁၂ ရက်က ဘေဂျင်းမြို့တွင် မိုးသက်မုန်တိုင်း များ ကျရောက်သဖြင့် ကမ္ဘာ့ အကြီးဆုံး လေဆိပ်များအနက် တစ်ခုဖြစ်သည့် ဘေဂျင်းလေဆိပ် ၌ ရာနှင့်ချီသော လေယာဉ်ခရီး စဉ်များ ကမောက်ကမဖြစ်ခဲ့ပြီး အဆိုပါမိုးရွာသွန်းမှုနှင့် လေတိုက် မှုက ယခုသီတင်းပတ်အတွင်း ၇မဂ္ဂနီကျူ့ဒ်အင်အားရှိ မြေငလျင် လှုပ်ခတ်သော ဧရိယာ၌ မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။


ဘေဂျင်း အာဏာပိုင်များ သည် ရာသီဥတုဆိုင်ရာ သတိ ပေးတပ်လှန့်မှုကို အဝါရောင်အ ဆင့်မှ လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး မိုးကြိုး ပစ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ လေတိုက်ခြင်းနှင့် မိုးရွာသွန်းမှု ၇၀ မီလီမီတာအထိ ရှိနိုင်ကြောင်း သ တိပေးကာ တောင်ကုန်းတောင်တန်းထူထပ်ရာ ဧရိယာများ၌ တောင်ကျချောင်းရေများ ကျဆင်းလာနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အစည်ကား ဆုံး ဘေဂျင်းလေဆိပ်တွင် လေယာဉ်ခရီးစဉ် ၅၀၀ နီးပါး ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရပြီး ခရီးစဉ် ၁၈၂ ခု နှောင့်နှေးခဲ့ရကြောင်းနှင့် လေ ယာဉ်ခရီးစဉ်အချိန်များကို အစဉ်ကြည့်ရှုစစ်ဆေးရန် ခရီးသွားများ အား တိုက်တွန်းကြောင်း ဘေ ဂျင်းမြို့တော် နိုင်ငံတကာလေဆိပ် ကုမ္ပဏီဝက်ဘ်ဆိုက်၌ ဖော် ပြခဲ့သည်။

နွေလများတွင် ဘေဂျင်း၌ မိုးသက်မုန်တိုင်းများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိသဖြင့် လေဆိပ်၌ တာရှည်သောခရီးစဉ်နှောင့်နှေးမှုများ ဖြစ်တတ်သည်။

မိုးရွာသွန်းမှုကြောင့် လေ ယာဉ်ခရီးစဉ်များ ကမောက်ကမ ဖြစ်ရသည့် လေဆိပ်များတွင် ရှန်ဟိုင်း၊ နန်ဂျင်း၊ ဟန်ဇူးလေ ဆိပ်များပါဝင်သလို မြောက်ပိုင်း ဒေသများလည်း အကျုံးဝင်သက်ရောက်ခဲ့သည်။

အတွင်းမွန်ဂိုလီးယားကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူငါးဦး သေဆုံးခဲ့ကာ ၅၀ ကျော် ဒဏ်ရာရခဲ့သည့် လေဆင်နှာမောင်းတစ်ခု တိုက်ခိုက်ပြီးနောက် တရုတ် နိုင်ငံတွင် ယခုကဲ့သို့ ရာသီဥတု များ ဆိုးရွားနေခြင်းဖြစ်သည်။

—Ref:Reuters