ကမ္ဘာ့အသက်အရှည်ဆုံးလူသား အသက် (၁၁၃)နှစ်တွင် ကွယ်လွန်

အသက် (၁၁၃)နှစ်အရွယ် ဂရင်းနစ်စံချိန်တင် ကမ္ဘာ့အသက်အရှည်ဆုံးပုဂ္ဂိုလ် ယီရယ်ခရစ်စတယ်သည် သြဂုတ် ၁၁ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြ သည်။

ဂျူးလူမျိုး ယီရယ်ခရစ်စ တယ်သည် ၁၉၄၁ မှ ၁၉၄၅ အ တွင်း နာဇီခေါင်းဆောင် ဟစ်တ လာက ဂျူးများကို လူမျိုးတုံးသတ်ဖြတ်မှုအတွင်း အသက်ရှင်လွတ် မြောက်လာသူ ဖြစ်သည်။


‘‘ယီရယ်ခရစ်စတယ်က သူ့ရဲ့ အသက်(၁၁၄)နှစ်ပြည့်ဖို့ တစ်လအလို သြဂုတ် ၁၁ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်’’ဟု Haaretz Daily အွန်လိုင်းမီဒီယာက ဖော်ပြသည်။

ဂျူးလူမျိုးတုံး သတ်ဖြတ်မှု တွင် အသက်ရှင်လွတ်မြောက်ခဲ့သော ယီရယ်ခရစ်စတယ်သည် ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ် တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်းနှင့် ၎င်းသည် ယနေ့တွင် ဆုံးပါးသွားကြောင်း ကမ္ဘာ့ဂျူးညီလာခံအဖွဲ့၏ တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြသည်။

 ယီရယ်ခရစ်စတယ်ကို ၁၉၀၃ တွင် ပိုလန်နိုင်ငံ ဇာနိုကျေး ရွာ၌ မွေးဖွားခဲ့သည်။

၂၀၁၆ မတ်လတွင် ယီရယ် ခရစ်စတယ်သည် ကမ္ဘာ့အသက် အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် ဂရင်းနစ် စံချိန်တင်ခဲ့သည်။

 ပထမကမ္ဘာစစ်ပြီးနောက် လောဇ်မြို့သို့ ပြောင်းရွှေ့နေထိုင် ကာ အိမ်ထောင်ပြုပြီး ကလေး နှစ်ဦး မွေးဖွားခဲ့သည်။

သို့သော် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဥရောပမှ ဂျူး လူမျိုး ၁ ဒသမ ၁ သန်းခန့်ကိုသတ်ဖြတ်ရာ ဇနီးနှင့် သားသမီးနှစ်ဦး သေဆုံးခဲ့သော်လည်း ၎င်းသည် အသက်ရှင်လွတ်မြောက်ခဲ့ သည်။

ထို့နောက် ယီရယ်ခရစ်စ တယ်သည် အစ္စရေးသို့ ပြောင်း ရွှေ့လာပြီး ချိုချဉ်သကြားလုံးများ ရောင်းသော ဆိုင်တစ်ဆိုင် ဖွင့် လှစ်ခဲ့သည်။

—Ref: AFP

Top News