မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေဝင်ရောက်၍ လူ၁၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်း

ဧရာဝတီမြစ်ရေဝင် ရောက်၍ ရေကြီးနစ်မြုပ်မှု ရင် ဆိုင်နေရသော မြစ်ကြီးနား မြို့ ပေါ်ရပ်ကွက်သုံးခုမှ လူဦးရေ ၁၀၀ကျော်ကို ဒေသတွင်း တာဝန်ရှိသူ များက အရေးပေါ်နေရာရွှေ့ ပြောင်းပေးခဲ့သည်။

မြစ်ကြီးနားမြို့ အလယ် ကုန်း၊ ရပ်ပူနှင့် မြို့သစ်ကြီးရပ် ကွက်တွင် ဩဂုတ် ၁၂ ရက် နံနက်ကစတင်ကာ ရေကြီးနစ်မြုပ်မှု စတင်ဖြစ်ပေါ်ပြီး ကယ်ဆယ်ရေး စခန်းနှစ်ခုဖွင့်၍ ဒေသခံလူဦးရေ ၁၀၀ ကျော်ကို ရွှေ့ပြောင်းထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘မိုးက မနေ့ကတည်းက သဲသဲမဲမဲ ရွာခဲ့တာ။ ဒီနေ့ (ဩဂုတ်လ ၁၂ ရက်)မှာတော့ မြစ်ရေတွေ တက်လာလို့ ရေမြုပ်တဲ့နေရာက လူတွေအတွက် ကယ်ဆယ်ရေး စခန်းဖွင့်လိုက်ရတယ်’’ ဟု ကချင် ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူးက ပြောသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးထွန်းဦးက ရေမြုပ် ရပ်ကွက်များမှ ဒေသခံများကို တပ်မတော်၊ ရဲနှင့် မီးသတ်တပ် ဖွဲ့ဝင်များက လှေများဖြင့် လိုက် လံခေါ်ဆောင်ကာ ဆွေမျိုးနီးစပ် သူများ၏ နေအိမ်များနှင့် ကယ် ဆယ်ရေးစခန်းသို့ ပို့ဆောင်ပေး နေကြောင်း ပြောသည်။

ကချင်ပြည်နယ်တွင် မိုး ကောင်းနေပြီး ဧရာဝတီမြစ်ရေ မြင့်တက်နေ၍ မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့တို့မှ ဧရာဝတီ မြစ်ကမ်းဘေးဒေသများ၌ ရေကြီး နစ်မြုပ်မှုမှာ တစ်ကျော့ပြန်ရင် ဆိုင်နေရသည်။ ဇူလိုင်အတွင်း ရေကြီးနစ်မြုပ်မှုတွင် ကချင်ပြည် နယ်မှ လူဦးရေ သုံးထောင်ခန့် ရေဘေးရင်ဆိုင်ခဲ့ရသည်။

ဧရာဝတီ မြစ်ရေသည် ဩဂုတ် ၁၂ ရက် တိုင်းတာချက် အရ မြစ်ကြီးနား၊ ဗန်းမော်နှင့် ရွှေ ကူမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

Top News