အင်းဝအပ်ချုပ်ဆိုင်အမှုတွင် ရုပ်ရှင်သရုပ်ဆောင်အချို့နှင့် ရိုက်ကူးထားသောပုံများကို သက်သေအဖြစ်လက်ခံ

နေအိမ်၌ ပိတ်လှောင်ခြင်းမရှိဘဲ ပွဲလမ်းသဘင်များခေါ်သွားကြောင်း သက်သေအဖြစ် တင်သွင်းခြင်းဖြစ်

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ခြောက်ဦးမှ သမက် ဖြစ်သူ ကိုရာဇာထွန်းက အိမ်အ ကူကို နေအိမ်၌ပိတ်ထားခြင်းမျိုး မရှိကြောင်း သက်သေအဖြစ် ရုပ် ရှင်သရုပ်ဆောင်အိန္ဒြာကျော်ဇင်၊ ပြေတီဦးတို့နှင့် ရိုက်ကူးထားသော  ဓာတ်ပုံများကို ဩဂုတ် ၁၀ ရက် ရုံးချိန်းတွင် တရားရုံးသို့တင်သွင်း ခဲ့သည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူမိန်းကလေးနှစ်ဦးကို ကိုယ်အင်္ဂါချွတ်ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက်သည်ဆိုသော အင်းဝအပ်ချုပ်ဆိုင်အမှုကို အ ပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပ တေးနေ့တိုင်း အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေပြီး စွပ် စွဲခံရသူ မိသားစုဝင်ခြောက်ဦးအ နက်မိခင် ဒေါ်တင်သူဇာ၊ သား ကြီးကိုတင်မင်းလတ်၊ သမီးငယ် မစုမွန်လတ်တို့ကို စစ်ဆေးပြီးစီး ပြီး ယခုသမက် ကိုရာဇာထွန်းကို စစ်ဆေးခြင်းဖြစ်သည်။

ကိုရာဇာထွန်းကို လူကုန်ကူး မှု၊ အပြင်းအထန်နာကျင်စေမှု၊ ကလေးသူငယ်ဥပဒေများဖြင့် စွဲ ချက်တင် စစ်ဆေးနေခြင်းဖြစ် သည်။

အနောက်ပိုင်းခရိုင်တရားရုံး ၌ ကိုရာဇာထွန်းက ၎င်းအပေါ် စွပ်စွဲထားသော လူကုန်ကူးမှုပုဒ်မ ကို ချေပရာတွင် ၎င်း၏လုပ်ငန်း သည် ရုပ်ရှင်သရုပ်ဆောင်များ၏ ၀တ်စုံများကို ဒီဇိုင်းဆွဲချုပ်လုပ် ပေးရပြီး ယင်းသရုပ်ဆောင်များ ၏ ပွဲအခမ်းအနားများသို့ တက် ရောက်ရာတွင် အိမ်အကူမစန်း ကေခိုင်ကိုလည်း ခေါ်သွားလေ့ ရှိကြောင်း ထွက်ဆိုသည်။ သက် သေအနေဖြင့် သရုပ်ဆောင်ပြေ တီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ အိမ်တွင်ပြုလုပ်သည့် ပွဲတစ်ခု၌ ယင်းသရုပ်ဆောင်နှစ်ဦးကို ရိုက် ထားသောဓာတ်ပုံတွင် သရုပ် ဆောင်များ၏နောက်နား၌ က လေးချီ၍ မတ်တတ်ရပ်နေသည့် ၎င်း၏ဇနီး စုမွန်လတ်ဘေးနား တွင် အိမ်အကူမစန်းကေခိုင်ရပ် နေသည့်ဓာတ်ပုံအပါအ၀င် မစန်း ကေခိုင်ကို ချုပ်နှောင်ထားခြင်းမရှိ ကြောင်း သိသာသည်ဆိုသော ဓာတ်ပုံအချို့ကို တရားရုံးသို့တင် သွင်းရာ တရားသူကြီးက လက်ခံ ခဲ့သည်။

၎င်းအပေါ် အဓိကစွပ်စွဲချက် ဖြစ်သည့် အိမ်အကူကို ဂက်စ်မီး ခြစ်ဖြင့် ရှို့သည်ဟူသော စွဲချက် တွင် တရားလိုဒုရဲမှူးတိုးမြို့ကိုယ် တိုင် အိမ်သို့သက်သေပစ္စည်းများ ရှာဖွေရာတွင် ၎င်း၌ပါလာသည့် ဆေးလိပ်ဘူးနှင့် မီးခြစ်ကို အင်းဝ အပ်ချုပ်ဆိုင်နေအိမ်တွင်း စားပွဲ ပေါ်၌ တင်ထား၍ ထိုမီးခြစ်ကိုပင် သက်သေဟုဆိုကာ သိမ်းဆည်း သွားခြင်းဖြစ်ကြောင်း ကိုရာဇာ ထွန်းက ထွက်ဆိုသည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို ၂၀၁၆ အောက်တိုဘာ ၂၁ ရက် က စတင်ရုံးထုတ်စဉ် ကျောက်တံ တားမြို့နယ် ရဲစခန်းမှ တရားလို ဒုရဲမှူးတိုးမြို့က အင်းဝအပ်ချုပ် ဆိုင်မိသားစုက အိမ်အကူများကို ညှဉ်းပန်းနှိပ်စက်ရာတွင် အသုံး ပြုသည့် သက်သေခံပစ္စည်းများ ရရှိထားပြီး မစုမွန်လတ်နေအိမ်၌ မီးပူတစ်လုံး၊ ပလတ်စတစ် ကြိုးခွေ၊ မီးဖိုချောင်သုံးဓားတစ် ချောင်း၊ ဂက်စ်မီးခြစ်တစ်လုံး၊ အ ၀တ်လှမ်းသည့် ပိုက်လုံးတစ် ချောင်းတို့ကို သိမ်းဆည်းရရှိ ကြောင်း ထွက်ဆိုထားသည်။

အဆိုပါသက်သေခံပစ္စည်း များကို အသုံးပြု၍ မစုမွန်လတ်နှင့် ကိုရာဇာထွန်းက မစန်းကေခိုင်ကို ပလတ်စတစ်ကြိုးခွေဖြင့် လက်ကို တုပ်နှောင်ပြီး ဂက်စ်မီးခြစ်ဖြင့် ရှို့ ကြောင်း သိရသည်ဟုလည်း ၎င်း ကထွက်ဆိုထားခြင်း ဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို ရုံးထုတ်စစ်ဆေးနေသည်မှာ ရှစ် လကျော်ပြီဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ သမီးငယ် မစု မွန်လတ်၊ သား ကိုတင်မင်းလတ် နှင့် သမက် ကိုရာဇာထွန်းတို့ကို ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ် မ၆၆(ဃ)၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၉ အပြင်းအထန်နာကျင်စေမှု၊ ချုပ် နှောင်ထားမှုအတွက် ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅/၃၃၄ စုစု ပေါင်းပုဒ်မသုံးခုဖြင့် စွဲချက်တင် ထားသည်။ သမီးကြီး ဒေါ်သီရိ လတ်နှင့် ဒေါ်တင်သူဇာ၏အမျိုး သားဦးကိုလတ်ကို လူကုန်ကူးမှု တွင် အားပေးအားမြှောက်ပြုမှု၊ ပူးပေါင်းကြံစည်မှုပုဒ်မ ၂၄/၂၉/ ၃၂ နှင့် အပြင်းအထန်နာကျင်စေ မှု၌ အားပေးအားမြှောက်ပြုမှု၊ ပူး ပေါင်းကြံစည်မှုပုဒ်မ ၃၂၅/၁၁၄ ဟူသော ပုဒ်မနှစ်ခုဖြင့် စွဲချက်တင် စစ်ဆေးခြင်းဖြစ်သည်။