ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာကစားသမားများနှင့် အုပ်ချုပ်သူများအား H1N1 ကာကွယ်ဆေးထိုး

မလေးရှားဆီးဂိမ်းပြိုင်ပွဲ ၀င်ပြိုင်မည့် မြန်မာကစားသမား များနှင့် အုပ်ချုပ်သူများကို ရာသီ တုပ်ကွေး (H1N1) ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးသက်လွင်က ပြောသည်။

သြဂုတ် ၄ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် ဆီးဂိမ်း အောင်နိုင်ရေးအလံ အပ်နှင်းပွဲ မ တိုင်မီက ဆီးဂိမ်းပြိုင်ပွဲတွင် ကစားသမားများနှင့် အုပ်ချုပ်သူ စုစုပေါင်း ၅၀၀ ကျော်ကို ကာ ကွယ်ဆေး ထိုးပေးခဲ့ခြင်းဖြစ်သည်။

‘‘H1N1 ရောဂါက ကျွန်တော် တို့ မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံတွေမှာ လည်း ဖြစ်နေတဲ့အတွက် ရောဂါ မ၀င်အောင် ကြိုတင်ကာကွယ် သင့်ပါတယ်။ ကစားသမားတွေ ကျ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ထား တာဖြစ်လို့ ပြိုင်ပွဲအတွင်း ရောဂါ မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ဆီး ဂိမ်းမှာ အောင်မြင်ဖို့အတွက်တော့ ကျွန်တော်တို့ဘက်က အတတ်နိုင် ဆုံး ပံ့ပိုးကူညီသွားမှာပါ’’ဟု ဦးသက်လွင်က ပြောသည်။

(၂၉)ကြိမ်မြောက် အရှေ့ တောင်အာရှပြိုင်ပွဲ (ဆီးဂိမ်း)ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင် သြဂုတ် ၁၉ ရက်မှ ၃၀ ရက် အတွင်း ကျင်းပမည်ဖြစ်ပြီး အား ကစားနည်း ၃၉ မျိုးပါဝင်မည်ဖြစ် သည်။

မြန်မာနိုင်ငံအနေဖြင့် အား ကစားနည်း ၂၉ မျိုး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမား စုစုပေါင်း ၃၈၄ ဦး ပါဝင်မည်ဖြစ်သည်။

ရာသီတုပ်ကွေး(H1N1) အန္တရာယ်သည် အရှေ့တောင် အာရှနိုင်ငံများတွင် ပြန့်ပွားနေပြီး မြန်မာနိုင်ငံ၌ သြဂုတ် ၁၁ ရက်အ ထိ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန သတင်းထုတ်ပြန်ချက် အရ ရောဂါကူးစက်ခံရသူ ၂၀၄ ဦး ရှိ၍ သေဆုံးသူ ၂၃ ဦးထိရှိပြီ ဖြစ်သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ၁၂ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၁ ခုဖြင့် ဆုတံဆိပ်ပေါင်း ၆၉ ခုရှိကာ နိုင်ငံအလိုက် အဆင့်ရပ်တည်မှု (၇)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

Top News