ဧရာဝတီအသင်း မြန်မာလိဂ် အသက် (၂၁)နှစ်အောက် လူငယ်ချန်ပီယံဖြစ်လာ

မြန်မာလိဂ် ယူ-၂၁ လူငယ်အသင်းပြိုင်ပွဲနောက်ဆုံးပွဲတွင် ဧရာဝတီနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 မြန်မာလိဂ် အသက် (၂၁) နှစ်အောက် လူငယ်အမှတ် ပေးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီ အသင်းက ရတနာပုံအသင်းကို သရေကစားပြီး ရမှတ်တစ်မှတ်ရရှိခဲ့ခြင်းကြောင့်   ချန်ပီယံဖြစ်ခဲ့သည်။

ဩဂုတ် ၁၂ ရက်က ရန်ကုန် မြို့ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ခဲ့သည့် အသက် (၂၁)နှစ်အောက် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲတွင် ဧရာဝတီနှင့် ရတနာပုံအသင်းတို့ အကြိတ်အ နယ်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်သုံးဂိုး စီဖြင့် ပြီးဆုံးခဲ့သည်။

ယင်းပွဲစဉ်တွင် ရတနာပုံအ သင်းက ဦးဆောင်ဂိုးများ သွင်းယူ နိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန် လည်ခွင့်ပြုခဲ့ရခြင်းကြောင့် ပွဲအ ပြီး၌ သုံးဂိုးစီသရေဖြင့် ပြီးဆုံးခဲ့ သည်။ ဧရာဝတီအသင်းက ယင်း ပွဲစဉ်တွင် သရေကျရုံဖြင့် အမှတ် ပေးဖလားဆွတ်ခူးမည်ဖြစ်သော်လည်း ရတနာပုံအသင်း၏   ဦးဆောင်ဂိုးများကို  ခွင့်ပြုခဲ့ကာ ပထမပိုင်းတွင် ရတနာပုံအသင်း က ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဒုတိယပိုင်းတွင် ဧရာဝတီ အသင်းက တရစပ်တိုက်စစ်ဆင် ခဲ့ပြီး အသင်းအတွက် အဖိုးတန်ချေပဂိုးကို ၇၅ မိနစ်၌ ကျော်မြင့်ဝင်းက သွင်းယူခဲ့သည်။ ယင်းပွဲစဉ်တွင် အဖိုးတန်ချေပဂိုးသွင်းယူနိုင်ခဲ့သည့် ကျော်မြင့်ဝင်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ဧရာဝတီအသင်း က လိဂ်ပြိုင်ပွဲပြီးဆုံးချိန်တွင် ရမှတ် ၅၁ မှတ်ဖြင့် အမှတ်ပေး ဖလားချန်ပီယံဖြစ်ခဲ့ပြီး ရှမ်းယူ နိုက်တက်အသင်းက ရမှတ် ၅၀ ဖြင့် ဒုတိယ၊ အားကာသိပ္ပံ (က) အသင်းက ရမှတ် ၄၆ မှတ်ဖြင့် တတိယနေရာရရှိခဲ့သည်။

ချန်ပီယံဖြစ်ခဲ့သည့် ဧရာ ဝတီအသင်းကို ဆုကြေးငွေ ကျပ် သိန်း ၂၀၀၊ ဒုတိယရရှိသည့် ရှမ်း ယူနိုက်တက်အသင်းကို ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။

Top News