မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး မိုင်း ပေါက်ကွဲမှုဖြစ်

 မြန်မာ-တရုတ်အကြီး ဆုံးကုန်သွယ်ရေးဇုန်ဖြစ်သော မူ ဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အနီးတွင် ဩဂုတ် ၁၁ ရက်ညက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ပေ။

ကုန်သွယ်ရေးဇုန်၊ ယာဉ်စစ် ဆေးရေးစခန်းအနောက်ဘက် လမ်းတွင် ဩဂုတ် ၁၁ ရက်ည ၇ နာရီ မိနစ်၂၀ ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးအေးမြင့်က ပြောသည်။

‘‘ယာဉ်ငယ်စစ်လမ်းခေါ် တယ်။ အဲဒီလမ်းအနောက်ဘက် လမ်းထဲမှာ ပေါက်ကွဲတာ။ အသံ မိုင်းလို့ယူဆပါတယ်’’ ဟု၎င်းက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် လုံခြုံရေးတင်းကျပ်ခဲ့ပြီး မည်သူ့လက်ချက်ဆိုခြင်းကို မသိရသေးကြောင်း ဒုရဲမှူးအေးမြင့်က ပြောသည်။

ပေါက်ကွဲသံ ပြင်းထန်၍ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး တွင်နေထိုင်သူများက စိုးရိမ်ခဲ့ကာ ၁၀၅ မိုင်အနီးလက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်ဟူသော သတင်း အမှားများ ညတွင်းချင်းထွက်ပေါ် ခဲ့သည်။ မူဆယ်မြို့နယ်လုံခြုံရေး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်ပြည်သူ့ စစ်ပါဝင်သော ပူးပေါင်းအဖွဲ့များ က ညစဉ်လုံခြုံရေးကင်းလှည့်နေ ကြောင်း ဒုရဲမှူးအေးမြင့်က ပြောသည်။

More in News Section

Top News