တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၂၀ ကျော် ပျောက်ဆုံးနေဟုဆို

နမ္မတီးမြို့ရှိ ဘုရားရှိခိုးကျောင်းတွင် လာရောက်တိမ်းရှောင်နေသော ကဆုန့်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များကို သြဂုတ်၁၁ရက်ကတွေ့ရစဉ် (ဓာတ်ပုံ− KBC KACHIN)

 တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA)တို့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ ကဆုန့်ဒေသခံ ၇၀၀ ကျော် နမ္မတီးမြို့ပေါ်သို့ တိမ်း ရှောင်နေရပြီး အရပ်သားတစ်ဦးသေဆုံးကာ ၂၀ ကျော် ပျောက်ဆုံးနေကြောင်း ကဆုန့်ရွာခံနှင့် ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ရှိသူများက ပြောသည်။

ဩဂုတ် ၁၀ နှင့် ၁၁ ရက်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကဆုန့်ရွာသားများ ထွက်ပြေးတိမ်းရှောင်လာရာ ဩဂုတ် ၁၂ ရက်အထိ နမ္မတီးမြို့ရှိ လမ်းဂွနှစ်ခြင်းအသင်းတော်၌ လူဦးရေ ၅၃၅ ဦး၊ လမ်းဂွရိုမန်ကက်သလစ်အသင်းတော်၌ ၁၉၃ ဦး ရောက်ရှိနေပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ မသန် စွမ်းများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များ ပါဝင် ကြောင်း လမ်းဂွကချင်နှစ်ခြင်းအ သင်းတော် သိက္ခာတော်ရသင်းအုပ်ဆရာတော် ဆရာဦးလရိန်က ဩဂုတ် ၁၂ ရက်တွင် ပြောသည်။


ထွက်ပြေးလာသူများအနက် ရိုမန်ကက်သလစ် အသင်းတော် သို့ ရောက်ရှိနေသည့် ဒေသခံများ ၏ မိသားစုဝင် ၂၄ ဦး ပျောက်ဆုံး နေပြီး နှစ်ခြင်းခရစ်ယာန်အသင်း တော်ဘက်သို့ ရောက်ရှိနေသည့် ဒေသခံမိသားစုဝင်နှစ်ဦး စုစု ပေါင်း ၂၆ ဦး ပျောက်ဆုံးနေသည် ဟု ဦးလရိန်ကဆိုသည်။

‘‘ဒီ ၂၆ ယောက်ဟာ ထိခိုက် ဒဏ်ရာရသလား၊ သေသွားသလား (ဒါမှမဟုတ်) တောထဲမှာ တိမ်းရှောင်နေသလား ဆိုတာ တော့ မသိရပါဘူး’’ဟု ဦးလရိန် က ဆက်လက်ပြောကြားသည်။

ကဆုန့်ရွာခံ ဦးဇော်ဖန်းက လည်း ‘‘အခုအတိအကျသတင်းရထားတာက သေဆုံးမှုက အ လောင်းတွေ့တာ တစ်ယောက် တွေ့ခဲ့ပြီ။ အခုအချိန်ထိ သတင်း မကြားဘူး။ ဒီမှာလည်း မပေါ်လာ သေးဘူး။ မရောက်လာသေးဘူး။ သတင်းအစအန ဘာမှမရှိဘူး။ အဲဒါက အယောက် ၂၀ ကျော် လောက်ရှိသေးတယ်’’ဟု ဩဂုတ် ၁၂ ရက် ညနေတွင် ပြောသည်။

ပျောက်ဆုံးနေသူများကို ရှာ ဖွေရန် ဩဂုတ် ၁၁ ရက်တွင် စစ် ဖြစ်သည့် ဧရိယာသို့သွားရန် ကြိုး စားခဲ့သော်လည်း ခွင့်ပြုချက်မရ၍ ပြန်လာခဲ့ရကြောင်း၊ ဩဂုတ် ၁၃ ရက်တွင် ဆက်လက်ကြိုးစားမည် ဖြစ်ကြောင်း ဦးလရိန်က ပြော သည်။

ကဆုန့်ဒေသရှိ ထွက်ပြေး တိမ်းရှောင်လာသည့် အရပ်သား များကို ကူညီကယ်ဆယ်ရေးနှင့် ပျောက်ဆုံးသူများ ရှာဖွေနိုင်ရန် ကချင်ပြည်နယ် အစိုးရထံသို့ စာဖြင့်တင်ပြထားကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။

‘‘လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ စလုံးက သူတို့နေရာဒေသမှာ တိုက်ပွဲဖြစ်တာ တစ်ကဏ္ဍပေါ့ ဗျာ။ ဒါပေမဲ့ ပြည်သူလူထုရှိတဲ့နေ ရာမှာ ဖြစ်လာတဲ့အခါ ပြည်သူလူ ထုလည်း သေကျေပြီးတော့မှ ထွက်ပြေးပြီး ဒုက္ခရောက်နေတဲ့ ပုံစံမျိုးဖြစ်တဲ့အခါကျတော့ ဒါက နှစ်ဦးနှစ်ဖက်စဉ်းစားဖို့ သင့်တယ် လို့ မြင်တယ်’’ဟု ဦးလမိုင်ဂွန်ဂျာ က ဆိုသည်။

လက်ရှိတွင် စစ်ဘေးတိမ်း ရှောင်လာသည့် ဒေသခံများ စား ဝတ်နေရေးကို ဘာသာရေးအ သင်းအဖွဲ့များ၊ လူမှုကူညီရေးအ ဖွဲ့များ၊ နမ္မတီးမြို့ခံများက ကူညီ နေကြပြီး မိုးကောင်းမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း ဆန် ၄၃ အိတ်၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ငွေကျပ်တစ် သိန်းတို့ လာရောက်ထောက်ပံ့ ထားသည်ဟု ဦးလရိန်က ပြော သည်။

 ‘‘ရွာမှာ မိသားစုတွေကို ထမင်းချက်တဲ့အချိန်မှာ တစ်ထုပ်၊နှစ်ထုပ် အပိုချက်ပြီးမှ ဘုရား ကျောင်းကို လာပို့ခိုင်းပါတယ်။ အဲဒီထမင်းထုပ်လေးတွေကို ကျွန်တော်တို့က အားလုံးကို ခွဲဝေ ကျွေးမွေးလျက်ရှိပါတယ်’’ဟု ၎င်း က ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအ နေနှင့်ပတ်သက်ပြီး တပ်မတော် နှင့် ကေအိုင်အေ တာဝန်ရှိသူများ ထံ ဩဂုတ် ၁၂ ရက်က ဆက် သွယ်သော်လည်း အဆက်အ သွယ်မရပေ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ကျတပ်ဖွဲ့ ဝင်တစ်ဦးက ၎င်းအနေဖြင့် ပြော ခွင့်မရှိဟု ဖြေကြားသည်။

More in News Section

Top News