အစိုးရသစ်လက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ယုတ်လျော့မသွားဟု သတင်းမီဒီယာကောင်စီဒုဥက္ကဋ္ဌပြော

လက်ရှိဒီချုပ်အစိုး ရလက်ထက်တွင် သတင်းမီဒီယာ များ လွတ်လပ်စွာ ထုတ်ဖော်ရေး သားခွင့်သည် ယုတ်လျော့ခြင်းမရှိ ကြောင်း မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦး အောင်လှထွန်းက ပြောသည်။

နေပြည်တော်၌ ကျင်းပသည့်မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်သုံးသပ်ဆွေးနွေးပွဲတွင် ‘ဒီ မိုကရေစီကူးပြောင်းမှုတွင် မီဒီယာ၏ အခန်းကဏ္ဍ’ စကားဝိုင်း၌ တက်ရောက်သူတစ်ဦး၏ မေးမြန်း ချက်ကို ဦးအောင်လှထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားသည်။


‘‘အခုလည်း ယုတ်လျော့မ သွားဘူးဗျ။ Freedom (လွတ်လပ် မှု)က ရှိပါတယ်။ Freedom ကို ဘယ်လိုသုံးလဲဆိုတဲ့ အပေါ်မှာ ဘယ်လိုအသုံးချလဲဆိုတဲ့ အပေါ် မှာ ကျွန်တော်တို့က မေးခွန်းထုတ် ရမှာ’’ဟု မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီ ဒုဥက္ကဋ္ဌ (၁) က ဆို သည်။

သတင်းလွတ်လပ်ခွင့် ဆို သည်မှာ ပုဂ္ဂလိကသတင်းစာများ ကို ထုတ်ဝေခွင့်ပြုပေးခြင်းမဟုတ် ဘဲ သတင်းရင်းမြစ်များကို ဆက် သွယ်မေးမြန်းခွင့်၊ ရေးသားခွင့်၊ အချက်အလက်များ ရယူခွင့် စ သည်တို့ဖြစ်ကြောင်း မော်ကွန်း မဂ္ဂဇင်း သတင်းအယ်ဒီတာ ဦးဇေ ယျာလှိုင်က မှတ်ချက်ပြုသည်။

‘‘အာဏာရပါတီနဲ့ အာဏာ ရအစိုးရဆီက သတင်းအချက်အ လက် ရယူခွင့်ကတော့၊ ရနိုင်ခွင့် ကတော့ အရင်ဦးသိန်းစိန်အစိုးရ  လက်ထက်ကထက်စာလို့ရှိရင် ပိုပြီးခက်ခဲလာတယ် ဆိုတာကတော့ အမှန်ပဲဗျာ’’ ဟု ၎င်းကဆို သည်။

ဒီချုပ်အစိုးရသည် အမျိုး သားရင်ကြားစေ့ရေးနှင့် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးအ တွက် လုပ်ဆောင်နေသော်လည်း လက်တွေ့တွင် သတင်းထောက် များက တိုင်းရင်းသားဒေသများ တွင် သတင်းရယူရာ၌ တားဆီးပိတ်ပင်ခံနေရဆဲဖြစ်ကြောင်း ဦးဇေယျာလှိုင်ကပြောသည်။

မြန်မာနိုင်ငံရှိ သတင်းမီဒီ ယာများတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်းနှင့် မီဒီယာလောက၌ ဖြစ်ပွားနေသည့် ပြဿနာများကို ကောင်စီအား ဖြေရှင်းခွင့်ပေးရန် ဦးအောင်လှထွန်းက တောင်းဆို သည်။

‘‘တရားစွဲတဲ့ ပုဂ္ဂိုလ်တွေကို လည်း ပြောချင်ပါတယ်။ အရာရှိကြီးတွေကို၊ သတင်းသမားတွေကို ထောင်ကို ပို့ချင်တာလား၊ Public ကို ယဉ်ယဉ်ကျေးကျေး တောင်းပန်ဝန်ခံတာကို လိုချင်တာလား’’ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် မီဒီယာများနှင့် ပတ်သက်၍ တိုင်ကြားချက် သုံးရာ ခန့်ကို ကိုင်တွယ်ဖြေရှင်းပြီး ယင်းတို့အနက် ၉၅ ရာခိုင်နှုန်း ပြေလည်မှုရရှိခဲ့ကြောင်း ဒုဥက္ကဋ္ဌ (၁) ကရှင်းပြသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သည် သတင်းထောက် များအား ပစ်မှတ်ထား၍ အမှုဖွင့် ဆိုနေကြောင်းနှင့် ယင်းဥပဒေမပြင်ဆင်နိုင်သေးချိန်တွင် တလွဲအသုံးချရန်၊ သတင်းထောက်များကို  အမှုဖွင့်ရာတွင် မသုံးစွဲရန် ၎င်းက တိုက်တွန်းသည်။

လက်ရှိတွင် တပ်မတော်က The Voice အယ်ဒီတာချုပ် ဦး ကျော်မင်းဆွေကို  ၆၆ (ဃ) ဖြင့် တရားစွဲထားသည်။ ထို့အတူ TNLA က ပြုလုပ်သော မူးယစ် တိုက်ဖျက်ရေးပွဲမှ ပြန်လာသည့် သတင်းသမား သုံးဦးကိုလည်း ပုဒ်မ ၁၇ (၁) ဖြင့် တပ်မတော်က တရားစွဲဆိုထားသည်။

More in News Section