အမျိုးသားတန်းတူမှု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖွဲ့စည်းပုံဥပဒေတွင် အတိအကျပြဋ္ဌာန်းရန်လိုဟု ကေအင်န်ယူဥက္ကဋ္ဌသ၀ဏ်လွှာပို့

 ကရင်အမျိုးသားများနှင့် အခြားသော တိုင်းရင်းသားတို့၏ လွတ်လပ်မှု၊ အမျိုးသားတန်းတူ မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ မှ ထွက်ပေါ်လာသော ရလဒ်များအ တိုင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေ ခံဥပဒေတွင် အတိအကျထည့် သွင်းပြဋ္ဌာန်းရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူ တူးစေးဖိုး၏ (၆၇)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအ နားသို့ပေးပို့သော သ၀ဏ်လွှာ တွင်ဖော်ပြထားသည်။

ထို့အပြင် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းသူပြည်သား အားလုံးအတွက် ပြည်တွင်းငြိမ်း ချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန် ရည်မှန်းချက်ပန်းတိုင် တစ်ခု တည်းထားရှိကာ ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်ပူး ပေါင်းလုပ်ဆောင်ရန်   လိုအပ် ကြောင်း KNU ဥက္ကဋ္ဌက တိုက် တွန်းသည်။

           သြဂုတ် ၁၂ ရက်ကကျရောက် သော (၆၇)နှစ်မြောက် ကရင်အာ ဇာနည်နေ့အခမ်းအနားသို့ KNU ဗဟိုကော်မတီဝင်ခေါင်းဆောင် များနှင့် ကရင်တိုင်းရင်းသားစုစု ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ ကြပြီး ကရင်အမျိုးသားအလံ တော်အား တိုင်တစ်ဝက်လွှင့်ထူ ခြင်း၊ ကျဆုံးလေပြီးသော ကရင် အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောဘဦးကြီးနှင့်တကွ အာဇာ နည်ခေါင်းဆောင်များအား လွမ်း သူ့ပန်းခွေချဂုဏ်ပြုအလေးပြု ခြင်းစသော အစီအစဉ်များဖြင့် ယမန်နေ့က အင်းစိန်မြို့နယ်ရှိ စိန့်ပီတာ(စိန့်ပေါလ်)ခရစ်ယာန် ဘုရားကျောင်းတွင်   ပြုလုပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားကျင်း ပရခြင်းနှင့်ပတ်သက်၍ ‘‘နံပါတ် တစ်က ကရင့်အာဇာနည်နေ့ကို ကရင်လူထုတွေ၊ ကရင်လူငယ် တွေအားလုံးသိလာဖို့။ နောက် တစ်ခုက ဖက်ဒရယ်ပြည်ထောင်စု ကို သွားတဲ့အခါမှာ မြန်မာနိုင်ငံ မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဟာ သူတို့လေးစားဂုဏ်ယူတဲ့နေ့ ထူး နေ့မြတ်တွေကို ကျွန်တော် တို့ တွေလွတ်လွတ်လပ်လပ်နဲ့ ပိုပြီး တော့ လုပ်နိုင်လာနိုင်ဖို့အတွက် ရည်ရွယ်ပြီးမှ လုပ်တာဖြစ်ပါ တယ်’’ ဟု အခမ်းအနားဖြစ် မြောက်ရေးကော်မတီဝင် စော ထွန်းထွန်းက ရှင်းပြသည်။

၁၉၅၀ သြဂုတ် ၁၂ ရက်က ကျဆုံးခဲ့သော စောဘဦးကြီး အပါအ၀င် ကရင်ခေါင်းဆောင် များကို ရည်ရွယ်၍ယင်းနေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ် မှတ်ထားခြင်းဖြစ်သည်။

ကရင့်အာဇာနည်နေ့အခမ်း အနားသို့ KNU၊ ကရင်လူငယ်နှင့် အမျိုးသမီးအစည်းအရုံးများ အ ပါအ၀င် လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီနှင့် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်တို့က သ၀ဏ်လွှာများ အသီး သီးပေးပို့ခဲ့သည်။

ရန်ကုန်အပြင် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နှင့် ကရင်တိုင်းရင်းသားများနေထိုင် သည့် မြို့နယ်အချို့တွင် (၆၇)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ယမန်နေ့က ကျင်းပ ခဲ့သည်။

More in News Section

Top News