ပေါ်လင်ဟိုကို ဘာစီလိုနာက ခေါ်ယူ

ဘာစီလိုနာ- တရုတ်နိုင်ငံ ဂွမ်ဇူး အဲဗားဂရန်းအသင်းမှ ဘရာဇီး လက်ရွေးစင်ကွင်းလယ်လူ ပေါ် လင်ဟိုကို ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူရန် ဘာစီလိုနာက သဘောတူညီခဲ့သည်။

ဘာစီလိုနာ၏ သုံးကြိမ်ကမ်း လှမ်းမှုကို ဂွမ်ဇူးအသင်းက ပယ် ချခဲ့ပြီးနောက် ယင်းကစားသမား အတွက် စာချုပ်တွင် သတ်မှတ် ထားသော ပြောင်းရွှေ့ကြေးယူရို သန်း ၄၀ ဖြင့် ကမ်းလှမ်းမှုကိုမူ လက်ခံခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်အတူ စပါးကွင်း လယ်လူဟောင်း ပေါ်လင်ဟို သည် တရုတ်နိုင်ငံတွင် သုံးရာသီကစားပြီးနောက် ဥရောပသို့ ပြန်လည် ရောက်လာမည်ဖြစ်သည်။

၂၀၁၅ တွင် စပါးမှ ပြောင်း ရွှေ့ခဲ့ပြီးနောက် ပေါ်လင်ဟိုသည် အဲဗားဂရန်းနှင့်အတူ လိဂ်ချန်ပီယံ နှစ်ကြိမ်၊ စူပါဖလားနှစ်ကြိမ်၊ ပြည်တွင်းဖလား တစ်ကြိမ်နှင့် အေအက်ဖ်စီချန်ပီယံလိဂ် ဖလား တစ်ကြိမ်ရရှိခဲ့သည်။

ဘရာဇီးကွင်းလယ်လူသည် ၂၀၁၃ မှ ၂၀၁၅ အထိ စပါးတွင် ကစားခဲ့စဉ်က ခြေစွမ်းမပြနိုင်ဘဲ တရုတ်သို့ ရောက်ရှိမှသာ ခြေစွမ်းပြန်လည်ကောင်းလာပြီး လက် ရွေးစင်အသင်း၌  ပြန်လည်ပါဝင် လာခဲ့သည်။

ဘာစီလိုနာ နည်းပြသစ် ဗယ်လ်ဗာဒီသည် နေမာကို ပီအက်စ်ဂျီသို့ ရောင်းချရာမှ ရရှိ သော ယူရိုသန်း ၂၀၀ ကျော်အနက်ပမာဏတစ်ခုရှိသော ငွေကြေး ကို ပေါ်လင်ဟိုအတွက် ရင်းနှီး မြှုပ်နှံခဲ့ရာ ကစားသမားထံမှ ထိပ် တန်းခြေစွမ်းမျှော်လင့်နေမည်ဖြစ်သည်။           —Ref:Goal