မိုးတိမ်တောင်အန္တရာယ် ယခုရက်ပိုင်းအတွင်း သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

မုတ်သုံလေအားပြတ် သည့် ဖြစ်စဉ်ကြောင့် ယခုရက် ပိုင်းအတွင်း မိုးကြိုးပစ်ခြင်းနှင့် လေပြင်းကျခြင်းတို့ ဖြစ်ပေါ်စေ သော မိုးတိမ်တောင်အန္တရာယ်ကို သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။


လက်ရှိ ရာသီဥတုအ ခြေအနေသည် ဇူလိုင်နှင့် ဩဂုတ် ကဲ့သို့ မိုးလယ်ကာလ၌ ရံဖန်ရံခါ ဖြစ်လေ့ရှိသော မုတ်သုံလေ အား ပြတ်သည့်ဖြစ်စဉ် ဖြစ်ပွားနေ ကြောင်း ၎င်းကရှင်းပြသည်။

‘‘မုတ်သုံလေအားပြတ်တဲ့အ ခြေအနေက နောက်နှစ်ရက်၊ သုံးရက်လောက် ဖြစ်နေဦးမယ်။ ဒီလို အခြေအနေမှာ အထက်ပိုင်း ဒေသတွေ မိုးကောင်းနေမယ်။ တစ်ချိန်တည်းမှာ မိုးတိမ်တောင် အန္တရာယ်ကို သတိထားရမယ်။ အခုလောလောဆယ်မှာ မိုးတိမ် တောင်ဖြစ်နိုင်ခြေက ဒေသအများစုမှာ ဖြစ်နေတာ’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံ ဒေသအချို့တွင် ဇူလိုင် နှောင်းပိုင်းအတွင်း မိုးကြိုး ပစ်မှုကြောင့် လူနှင့် တိရစ္ဆာန်သေ ဆုံးမှုအချို့ဖြစ်ခဲ့သည်။ မိုးတိမ် တောင်ဖြစ်စဉ်သည် မိုးကြိုးပစ် ခြင်း၊ မိုးသီးကြွေကျခြင်း၊ လေပြင်း တိုက်ခတ်ခြင်းတို့ဖြစ်စေပြီး ညနေ ၌ ဖြစ်ပေါ်လေ့ရှိသည်။

မုတ်သုံလေအားပြတ်သည့် အချိန်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းဒေသများ၌ မိုးကောင်းကာ ကျန်ဒေသများတွင် မိုးအား အနည်းငယ်လျော့နည်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်သည်။

ထို့အပြင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများ မြစ်ဖျားပိုင်း ဒေသတွင် မြင့်တက်လာခြင်းတို့ လည်း ဖြစ်နိုင်ကြောင်း ၎င်းက သတိပေးသည်။

အနောက်တောင်မုတ်သုံ လေဖိအားနည်းချိုင့်ဝှမ်း (Mon-soon Trough) သည် ဟိမဝန္တာ တောင်ခြေသို့ ချဉ်းကပ်သည့် ဖြစ် စဉ်သည် မုတ်သုံလေအားပြတ်မည့် လက္ခဏာဖြစ်ပြီး ယင်းဖြစ် စဉ်ကို အိန္ဒိယမိုးလေဝသ ပညာ ရှင် Dr. Ramaswammy က စတင်တွေ့ရှိကြောင်း ဒေါက်တာ ထွန်းလွင်၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရှင်းပြထားသည်။

More in News Section