■ အားကစားသတင်းတိုများ

ဥရုဂွေးကလပ် ပီနာရိုလ်မှ ၂၀၁၃ က ခေါ်ယူထားသော နောက်ခံလူ ဗာရီလာကို ယင်းအသင်းထံ ပြန်လည်ရောင်းချခဲ့ကြောင်း မန်ယူအသင်းက ကြေညာသည်။ ဥရုဂွေးလက်ရွေးစင် ဗာရီလာသည် မန်ယူအတွက် ၁၁ ပွဲသာ ကစားခဲ့ရသည်။


လက်စတာနှင့်ပွဲတွင် ပွဲဦးထွက်ကစားခဲ့သော အာဆင်နယ်တိုက်စစ်မှူး လာကာဇက်သည် ပရီးမီးယားလိဂ်၏ အမြန်ဆုံးသွင်းဂိုးစံချိန် ၉၄ စက္ကန့် နှင့် တူညီသွား ပြီဖြစ်သည်။

စာချုပ်သက်တမ်းတိုးချိန်က သစ္စာရှိမှုအတွက်ပေးရန် သတ်မှတ်ခဲ့သော ယူရို ၂၆ သန်းကို ဘာစီလိုနာက မပေးရန်ဆုံးဖြတ်ခဲ့ခြင်းကို  ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ဖီဖာထံ တိုင်ကြားမည်မဟုတ်ဟု ပြောသည်။

ဘရာဇီးတွင် လောလောဆယ် တစ်ယောက်တည်း လေ့ကျင့်နေသော စပိန်တိုက်စစ်မှူးကော်စတာကို အသင်းမှထွက်ခွာရေး သေချာအောင် အခြားနည်းလမ်း ကဆောင်ရွက်နေစဉ် ၎င်းနှင့်ပတ်သက်၍ ချယ်လ်ဆီးက ပြောဆိုခွင့်မရှိကြောင်း အတည်ပြုကြေညာသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခု ရာသီအတွင်း ကစားသမားများအတွက် ငွေအများအပြား သုံးစွဲပြီး နောက်လာမည့်နှစ်များတွင် ကစားသမားသစ်များအတွက်  အသုံးစရိတ် လျှော့ချမည်ဟု ပြောကြားသည်။ မန်ဒီ၊ ဝေါလ်ကာ၊ ဒါနီလို၊ အီဒါဆင်နှင့် ဆေးလ်ဗားတို့အတွက် မန်စီးတီးက ယူရို ၂၃၈ သန်း သုံးစွဲထားသည်။

ဒေသတွင်းတင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း တောင်ကိုရီးယားတွင် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဟု နိုင်ငံတကာ အိုလံပစ်ပွဲတော်ကော်မတီ IOC က ပြောသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နောက်ထပ်နှစ်ပွဲသာ ကျန်တော့သည့် အခြေအနေ၌ လုံးဝ ခြေချော်လျှင် ခြေစစ်ပွဲမအောင်မြင်နိုင်သော တောင်ကိုရီးယားသည် ယုံ ကြည်မှုဆက်ထိန်းထားပါက ကမ္ဘာ့ဖလား၌ ပါဝင်ကစားခွင့်ရမည်ဟု ကွင်းလယ်လူ ဂျန်ဝူးယောင်ကပြောသည်။