ဒုတိယရာသီတွင် ဖလားယူရန် အသင့်ရှိဟု မော်ရင်ဟို ပြောကြား

မန်ယူနည်းပြ မော်ရင်ဟို က ဒုတိယရာသီတွင် ဖလားရရှိခဲ့ သော ယခင်စံချိန်ကိုဆက်လက် ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။


ပေါ်တူဂီသား မော်ရင်ဟို သည် ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာ၊ ရီးရဲလ်၊ ချယ်လ်ဆီးနှင့် ထပ်မံ၍ ဒုတိယရာသီ တာဝန်ယူ စဉ် ဖလားများရရှိခဲ့ပြီး ယင်းအ တိုင်း ယခုရာသီ၌လည်း မန်ယူကို ဒုတိယရာသီကိုင်တွယ်စဉ် ပရီးမီး ယားလိဂ်ဖလား အရယူနိုင်မည် ဟု ယုံကြည်ထားသည်။

ရာသီကြိုခြေစမ်းပွဲနှင့်ပြီးခဲ့ သည့် ရာသီက ယူရိုပါလိဂ်တွင် အောင်မြင်မှုတို့က မန်ယူကို နောက်ထပ်အောင်မြင်မှုများရရှိ အောင် အထောက်အကူပြုနိုင် သည်ဟု မော်ရင်ဟိုကပြောသည်။

သို့သော် အာမခံချက်မရှိ သော်လည်း နည်းပြတစ်ဦးအနေ ဖြင့် ဒုတိယရာသီတွင် အသင်းနှင့် ကစားသမားများအကြောင်း ပိုသိ လာလေ့ရှိသည်ဟု ၎င်းက ပြော သည်။

မိမိအနေဖြင့် ပြီးခဲ့သည့် ရာသီကထက် ပိုကောင်းသော အခြေအနေများရှိနေပြီဟု မော် ရင်ဟိုက ပြောသည်။

သို့သော် ပရီးမီးယားလိဂ် ဖလားရရှိရေး မန်ယူသည် ဂိုးရ ရန် တိုက်စစ်မှူးများအပေါ် အား ကိုးနေ၍ မရဘဲ နောက်တန်း ကစားသမားအပါအ၀င် တစ် သင်းလုံးနီးပါးဂိုးသွင်းနိုင်ရန် လို သည်ဟု မော်ရင်ဟိုက ဆိုသည်။

မိမိသည် အခြား အသင်း များကို ကိုင်တွယ်ခဲ့စဉ်က ဂိုးသွင်း သော ကစားသမားများ ယခုထက် ပိုမိုကြောင်းနှင့် ဂိုးရရေး တိုက်စစ် မှူးကိုသာ အာရုံစိုက်နေပါက ဂိုး မရလျှင် ဒုက္ခရောက်ရသည်ဟု မော်ရင်ဟိုက ပြောသည်။

တောင်ပံကစားသမား ကွင်း လယ်ကစားသမားများနှင့် ဗဟို နောက်ခံလူတို့လည်း ဂိုးများသွင်း နိုင်ရန် အရေးကြီးသည်ဟု မော် ရင်ဟိုက ပြောသည်။

မန်ယူသည် ယနေ့တွင် ၀က်စ်ဟမ်းကို လက်ခံကစားပြီး ပရီးမီးယားလိဂ်ပွဲ စတင်မည်ဖြစ် သည်။

-Ref:Goal