ချင်းတွင်းမြစ်ရေမြင့်တက်နေ၍ ခရီးသည်နှင့် ကုန်တင်ရေယာဉ်ပြေးဆွဲမှု ယာယီရပ်နား

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ချင်းတွင်းမြစ်ရေမြင့်တက် မှုကြောင့် မုံရွာမြို့ကို အခြေပြုပြေး ဆွဲလျက်ရှိသော ခရီးသည်နှင့် ကုန်တင်ရေယာဉ်များကို ယာယီ ရပ်နားထားမည်ဖြစ်ကြောင်း မုံရွာမြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီရုံး အုပ်ချုပ်ရေးမှူး ဦးသောင်းညွန့်က ပြောသည်။

ချင်းတွင်းရေကြောင်းသွား ခရီးသည်တင်နှင့် ကုန်တင်ရေ ယာဉ်များအားလုံး ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်အထိ ပြေးဆွဲမှု ယာယီရပ်နားထားရန် ရေယာဉ် ပိုင်ရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးက ဆုံး ဖြတ်ခဲ့ကြောင်း ဦးသောင်းညွန့်က ဆိုသည်။

‘‘ချင်းတွင်းမြစ်ရေက ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာ စိုးရိမ်ရေ မှတ်အထက် ကျော်လွန်နေပြီ။ ဒီ အချိန် ရေစီးကသန်တယ်။ ဝဲက လည်းဆိုးနေတဲ့အတွက်  ရေ ယာဉ်တွေ အန္တရာယ်ကင်းအောင် ငါးရက် ယာယီရပ်နားရတာပါ။ ခန္တီးဆို မြို့ပေါ်ဝင်နေတယ်။ မြို့ တွေမှာ ရေဝင်နေတော့ ဆိပ်ကမ်း ရေယာဉ်ကပ်ဖို့ အခက်အခဲရှိ တယ်’’ဟု ဦးသောင်းညွန့်က ပြော သည်။

မုံရွာမြို့ကို အခြေပြု၍ ချင်း တွင်းမြစ်အထက်ပိုင်းမြို့ကြီးများ သို့ ပြေးဆွဲနေသည့် ကုန်တင်ရေ ယာဉ်အသင်း ၁၈ သင်းမှ  ရေ ယာဉ် ၅၄၄ စီး၊ ခရီးသည်တင်ရေ ယာဉ်အသင်း ၁၀ သင်းမှ ရေ ယာဉ် ၁၂၉ စီးရှိသည်။

‘‘ခန္တီးနဲ့ ဟုမ္မလင်းမှာတော့ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီ။ ကျန်တဲ့မြို့တွေကတော့ ရေဆက်တက်နေတဲ့အတွက် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကိုတော့  ရောက်ရှိနိုင်ပါတယ်’’ဟုစစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ရေကြီးမြင့်မှု ကြောင့် ရေယာဉ်များ ဘေးအန္တ ရာယ်ကင်းဝေးစေရေး ယခုနှစ် ဇူလိုင် ၈ ရက်မှ ၁၈ ရက် အထိ ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ်များပြေးဆွဲမှု ယာယီရပ်နားခဲ့ရသဖြင့် ချင်းတွင်းမြစ်အထက်ပိုင်းဒေသများရှိ မြို့ရွာများတွင် ကုန်စည်နှင့် ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး စားသောက်ကုန်နှင့် လူသုံးကုန်များ အနည်းငယ်   ဈေးတက်သွားကြောင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့ ဒေသခံများက ပြောသည်။

More in News Section

Top News