နမ္မတီးဒေသစစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး ကိုယ်ဝန်ပျက်ကျပြီး ကလေးအချို့ ဝမ်းလျှောရောဂါဖြစ်နေဟုဆို

တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် နမ္မတီးဒေသခံများ(fb.com/Lama Yaw)

 တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲကြောင့် နမ္မတီးမြို့သို့ စစ် ဘေးတိမ်းရှောင်လာသည့်ကိုယ် ဝန်သည်နှစ်ဦး ကိုယ်ဝန်ပျက်ကျ၍ ဆေးရုံတင်ထားရပြီး စခန်းရှိ ကလေးငယ်အချို့လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြောင်း နမ္မတီးမြို့ လမ်းဂွရွာ ကချင်နှစ်ခြင်းအသင်းတော်သိက္ခာတော်ရ ဆရာတော် ဦးလရိန်က ပြောသည်။

သြဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တွင် ကချင်ပြည်နယ် မိုးကောင်း မြို့နယ် နမ္မတီးမြို့နှင့် ကိုးမိုင်ခန့် အကွာရှိ ကဆုန့်ကျေးရွာဝန်းကျင် ၌ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော်သည်လမ်းဂွရွာရှိ ကချင်နှစ်ခြင်းအသင်းတော်နှင့် ရိုမန်ကက်သလစ်အသင်း တော်ရှိ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေခြင်းဖြစ်သည်။


‘‘ကလေးတွေပိုးပြီးမှ ကိုယ် ဝန်နဲ့ ထွက်ပြေးလာရတယ်ဆို တော့ လမ်းကလည်း ကြမ်းတယ် ဆိုတော့ Abortion (ကိုယ်ဝန်ပျက် ခြင်း)ဖြစ်သွားတာပေါ့’’ဟု ဦးလ ရိန်က ပြောသည်။ လက်ရှိတွင် ကိုယ်ဝန်ပျက်ကျသူနှစ်ဦးစလုံးကို နမ္မတီးဆေးရုံသို့ တင်ပို့ထား ကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေး အခြေအနေအသေးစိတ်ကို မသိရ သေးကြောင်း ဦးလရိန်က ဆိုသည်။

ထို့ပြင် စစ်ဘေးရှောင်များအ နက် ကလေးငယ်သုံးဦးနှင့် အ သက်(၃၀)ကျော်အရွယ် ကလေး မိခင်တစ်ဦးသည်လည်း ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားနေသည် ဟု ၎င်းက ပြောသည်။

‘‘ဒီမှာ မိုးသဲကြီးမဲကြီးရွာပြီးမှ ခန်းမဆောင်မှာ အယောက် ငါးရာကျော်၊ ခြောက်ရာနီးပါး၊ စားတာလည်း အဲဒီနေရာ၊ အိပ်တာလည်း အဲဒီနေရာဆိုတော့ တော်တော့်ကို ဒုက္ခရောက်နေတယ်’’ဟု ဦးလရိန်က ပြောသည်။

လမ်းဂွရွာသို့ ရောက်နေ သည့် အိမ်ထောင်စု ၂၄၆ စု မှ စစ်ဘေးရှောင်ဒေသခံ ၁,၀၈၃ ဦး နေရပ်သို့ အမြန်ဆုံးပြန်နိုင်ရေး ဆောင်ရွက်ပေးရန် သြဂုတ် ၁၅ ရက်တွင် ကချင်ပြည်နယ်အစိုးရ ထံသို့ စာဖြင့်တင်ပြထားကြောင်း မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်း ချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးလမိုင် ဂွန်ဂျာက ပြောသည်။

‘‘သူတို့လည်း ဝမ်းစာရေးအ တွက် စိုက်ပျိုးထားတဲ့ လယ်ယာ၊ တောင်ယာတွေလည်း လူမရှိတဲ့ အချိန်မှာ ပျက်စီးမှာလည်း သူတို့ စိုးရိမ်တယ်။ တစ်နှစ်လုံးအတွက် စားဝတ်နေရေးအခက်အခဲဖြစ်မှာ သူတို့စိုးရိမ်နေတယ်။ နောက်တစ် ချက်က ကလေးသူငယ်တွေ ကျောင်းတက်တဲ့အချိန်ဖြစ်တယ်။ ထွက်ပြေး တိမ်းရှောင်နေရင် ကလေးတွေ ပညာရေးနှောင့်နှေး သွားမှာ သူတို့ စိုးရိမ်နေတယ်။ နောက်တစ်ချက်က သူတို့ရဲ့ကျွဲ၊ နွား၊ တိရစ္ဆာန်အားလုံး ထားခဲ့ရ တယ်ဆိုတော့ သေကျေပျက်စီးမှာ ကို စိုးရိမ်နေတယ်’’ဟု ဦးလမိုင် ဂွန်ဂျာက စစ်ဘေးရှောင်များ၏ စိုးရိမ်မှုများ ပြည်နယ်အစိုးရထံ တင်ပြထားမှုကို ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေတို့၏ကဆုန့်ကျေးရွာတစ်ဝိုက်ဖြစ် ပွားခဲ့သော တိုက်ပွဲကြောင့် ရွာ သားတစ်ဦး သေဆုံးပြီး အချို့ ပျောက်ဆုံးနေသည်။

‘‘အခုလောလောဆယ် နိုင်ငံ ရေးအခြေအနေ မတည်မငြိမ်ဖြစ် နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်ရင် လည်း လက်နက်ကိုင်အဖွဲ့အချင်း ချင်း ဖြစ်တာကလွဲလို့ ပြည်သူလူ ထုရှိတဲ့နေရာမှာတော့ အခုလို လူ ထုတွေ ထွက်ပြေးတိမ်းရှောင်ရ တာမျိုး မဖြစ်ရလေအောင် နှစ်ဦး နှစ်ဖက် ထိန်းသိမ်းဖို့တော့ အရေး ကြီးပါတယ်’’ဟု ဦးလမိုင်ဂွန်ဂျာ က ပြောသည်။

 နမ္မတီးစစ်ဘေးဒုက္ခသည် များ စားသောက်ရေးအတွက် ပြည်နယ်အစိုးရက ထောက်ပံ့ပစ္စည်း များပေးပို့ထားပြီး သြဂုတ် ၁၆ ရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် လာရောက်မည်ဟု သိရကြောင်း ဦးလရိန်က ဆိုသည်။

‘‘ဖြစ်ဖြစ်စမှာ လူမှုရေးဝန် ကြီးတို့ကို အဲဒီတိမ်းရှောင်လာတဲ့ ဒေသခံတွေ ဘာတွေလိုအပ်တယ် ဆိုတာ သွားရောက်ပြီး ပံ့ပိုးပါလို့ ညွှန်ကြားထားတယ်’’ဟု ကချင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောသည်။ ကဆုန့်ဒေသတိုက်ပွဲသည် ၎င်းနေပြည် တော်သို့ သွားရောက်နေချိန်တွင် ဖြစ်ပွား၍ အသေးစိတ်မသိရသေး ဟု ဒေါက်တာခက်အောင်က ဆို သည်။

‘‘အန်ကယ်အနေနဲ့ မတိုက် ကြနဲ့လို့ပဲ ပြောချင်တယ်။ အခု နိုင်ငံတော်ကနေ ပြည်ထောင်စုငြိမ်း ချမ်းရေး-၂၁ ပင်လုံညီလာခံ အဲဒါကို ဖော်ဆောင်နေတယ်။ ငြိမ်းချမ်းရေးယူဖို့ပဲ အရေးကြီးတယ်။ တိုက်လို့ကတော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး’’ဟု ဒေါက်တာခက် အောင်က ပြောသည်။

Top News