မန္တလေး အမှတ် (၃) ရဲစခန်းတွင် အချုပ်သားတစ်ဦး အချုပ်ခန်းအတွင်း ကြိုးဆွဲချသေဆုံးဟုဆို

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ အမှတ်(၃) နယ် မြေ ရဲတပ်ဖွဲ့စခန်း၌ အချုပ်ခန်း အတွင်း အမျိုးသားတစ်ဦး ပုဆိုး ကိုအသုံးပြု၍ ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း အဆိုပါရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ခိုးမှု၊ မူးယစ်ဆေးမှုတို့ဖြင့် အချုပ်ကျနေသည့် အသက် (၃၀) ခန့်အရွယ် အမျိုးသားသည် သြဂုတ် ၁၅ ရက် နံနက် ၂ နာရီခွဲ က အချုပ်ခန်းအတွင်းရှိ အိမ်သာ အပေါ် အမိုးတန်းကို ပုဆိုးဖြင့် ချည်၍ ကြိုးဆွဲချသေဆုံးခဲ့သည် ဟု ၎င်းကဆိုသည်။

‘‘သူနဲ့အတူရှိနေတဲ့ အမျိုး သားငါးယောက်က အိပ်ပျော်နေ တယ်။ အဲဒီထဲမှာ တစ်ယောက်ရဲ့ ခြေထောက်ကို လှမ်းဆွဲသလိုလို ဖြစ်လို့ဆိုပြီး ကြည့်လိုက်တော့ တန်းလန်းကြီး သေနေတာတွေ့ လိုက်ရတယ်။ သိသိချင်း ရှေးဦး သူနာပြုနည်းတွေနဲ့ အသက်ရှူ လာအောင် လုပ်သေးတယ်။ အသက်က မရှိတော့ဘူး’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

သေဆုံးသူသည် ချမ်းအေး သာစံမြို့နယ် ကန်ကောက်ရပ် ကွက်ရှိ နေအိမ်အတွင်းမှ ရွှေ၊ ငွေများအပါအဝင် ကျပ်သိန်း ၂၅၀ ခန့် ခိုးယူပြီးနောက် ၎င်းကို ဖမ်းဆီးချိန်တွင် မူးယစ်ဆေးဝါး များပါ တွေ့ရှိမှုကြောင့် ခိုးမှုပုဒ်မ ၃၈၀ နှင့် မူးယစ်ဆေးဝါး ပုဒ်မတို့ ဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ် သည်။

‘‘သူ့ကို သြဂုတ် ၇ ရက်မှာ ရမန်ယူထားပါတယ်။ သူက မသေခင်ပြောသေးတယ်။ထောင် ကိုပို့ပေးတော့။ ဒီမှာမနေချင်ဘူး ပြောတယ်။ ကျွန်တော်ကလည်း ပို့ပေးပါမယ်။ ရဲလုပ်ထုံးလုပ်နည်း လေးတွေ ရှိသေးတယ်လို့ ပြော လိုက်သေးတယ်။ သူ့ဘာသာသူ သေကြောင်းကြံစည်သွားတာဖြစ် တယ်။ အမှုစစ်နေချိန်မှာ ဖြစ်တာ မျိုးလည်းမဟုတ်ပါဘူး’’ဟု ယင်း ရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။

ရဲစခန်းအချုပ်ခန်းများ၊ အမှု စစ်ဆေးခန်းများတွင် တရားခံများ ကို နှိပ်စက်မှုများ မရှိစေရန်နှင့် လုံခြုံရေးအရ စောင့်ကြည့်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စီစီတီဗီ ကင်မရာများ တပ်ဆင်ထားသည်။

အချုပ်သားတရားခံ သေ ကြောင်းကြံစည်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ စခန်း တာဝန်ကျရဲအရာရှိများကို တာဝန်ပေါ့လျော့မှုဖြင့် စစ်ဆေး အရေးယူရန်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

More in News Section