မိုးရွာတုန်း ရေခံနေသော ဗီယက်နမ်လယ်သမားများ

ဗီယက်နမ်နိုင်ငံတောင်ပိုင်း မိုဆူယင်းခရိုင်တွင် ပုစွန်များကို တစ်ကန်မှတစ်ကန်သို့ ရွှေ့ပြောင်းနေစဉ် Roberto SCHMIDT/AFP

ရွှေရောင်ပြောင်ဝင်းနေသော နာရီနှင့် လိုက်ဖက်သော လက်စွပ်ထူ ထူကို ဝတ်ဆင်ထားရင်း ဆန်မှ ချက်လုပ်ထားသော ဝိုင်ကို ဟန်ပါပါမော့ကာ ၎င်းရရှိမည့် ဝင်ငွေများအကြောင်း ကြွားဝါနေစဉ်၌ တန်ဖန်ကူးလ်သည် သာမန်
ဗီယက်နမ် လယ်သမားတစ်ဦးနှင့် အလွန်ခြားနားနေသည်။


လယ်ယာလုပ်ကိုင်၍ ကြက် သွန်နီများစိုက်ကာ တစ်ဖက်က ဘဲမွေးမြူရေးလုပ်ကိုင်ပြီး နှစ် ပေါင်းများစွာ စားဝတ်နေရေး ဖြေ ရှင်းခဲ့ရပြီးနောက် ၎င်း၏ဘဝသည် ၂၀၀၀ ပြည့်နှစ်တွင် ပုစွန်မွေးမြူ ရေးကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့သည်ဟု အသက်(၅၄)နှစ်အရွယ် တန်ဖန်ကူးလ်က ပြော သည်။

ဗီယက်နမ်နိုင်ငံ၏ ဆန်အိုး ကြီးဟု အချိန်ကြာမြင့်စွာ လူသိ များခဲ့သော မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် ယခုအခါ၌ ကန်ဒေါ် လာဘီလီယံနှင့်ချီသော ပုစွန်မွေး မြူရေးလုပ်ငန်း၏ အချက်အချာ နေရာဖြစ်လာပြီး လယ်သမား အများအပြားသည်လည်း ကြွယ်ဝ ချမ်းသာလာကြသည်။

‘‘ပုစွန်မွေးတာက ပိုက်ဆံအ များကြီးရနိုင်တယ်။ ဘယ်ဟာနဲ့မှ နှိုင်းယှဉ်လို့မရဘူး’’ဟု ဝက်သား ဟင်း၊ အသုပ်၊ ပုစွန်ဟင်းများဖြင့် တည်ခင်းထားသော နေ့လယ်စာ စားရင်း တန်ဖန်ကူးလ်က ပြော သည်။ ယခုနှစ်အတွက် ဒေါင်ငွေ တစ်ဘီလီယံ (ကန်ဒေါ်လာ ၄၄,၀၀၀)ခန့် ရမည်ဟု သူကမျှော် လင့်နေသည်။ ယင်းမှာ မဲခေါင် မြစ်ဝကျွန်းပေါ်တွင် အလွန်များ ပြားသော ငွေပမာဏဖြစ်ပြီး ပုံမှန် လယ်သမားတစ်ဦးသည် တစ်လ ဒေါ်လာ ၁၀၀ ခန့်သာ ဝင်ငွေရ သည်။

၁၉၉၀ ကျော်နှစ်များက ပင် လယ်ရေပြင်မြင့်တက်ပြီး မဲခေါင် မြစ်ဝှမ်းသို့ စိမ့်ဝင်လာချိန်တွင် ပုစွန်လုပ်ငန်းစတင်ထွန်းကားလာ ခြင်းဖြစ်သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပုစွန်ဝယ်ယူမှု သည်လည်း ထိုအချိန်လောက်တွင် မြင့်တက်လာခဲ့သည်။ ပင်လယ်ရေ စိမ့်ဝင်လာခြင်းသည် ပုစွန်မွေးမြူရေးအတွက် အကောင်းဆုံးဆိုသည်ကို ထက်မြက်သွက်လက်သော ဒေသခံများက အလျင်အမြန် သိမြင်ခဲ့ကြသည်။

 ချမ်းသာကြွယ်ဝလာမှုက တန်ဖန်ကူးလ်နေထိုင်သော ဆော့ထရန်ပြည်နယ်ကိုလည်း အ ပြောင်းလဲကြီး ပြောင်းလဲပစ်ခဲ့ သည်။ အသစ်ခင်းထားသော လမ်းမကြီးများပေါ်တွင် စက်ဘီးများနေရာ၌ ဆိုင်ကယ်များ ပြေးလွှားနေကြသည်။ လွန်ခဲ့သော နှစ် (၂၀)ခန့်က စိတ်ပင်မကူးရဲခဲ့သော အထပ်မြင့်တိုက်များ အလျှိုအလျှို ပေါ်ထွက်လာခဲ့သည်။

တန်ဖန်ကူးလ်လည်း ဆိုင် ကယ်အများအပြား ပိုင်ဆိုင်နေပြီး ဖြစ်ကာ သမီးကိုလည်း မင်္ဂလာ ဆောင်စရိတ် ထောက်ပံ့နိုင်ခဲ့ သည်။ ဒေါင်ငွေ သန်းရာချီတန် သော ရှေးဟောင်းပစ္စည်းများ လည်း စုဆောင်းထားနိုင်ပြီ ဖြစ် သည်။

သို့သော်လည်း သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးသမားများကမူ ပုစွန်မွေးမြူရေးလုပ်ငန်း အကြီးအကျယ်လုပ်ရင်း ကြွယ်ဝ ချမ်းသာလာကြသော်လည်း တာ ရှည်ခံမည်မဟုတ်ဟု သတိပေးကြ သည်။ ယခုဆိုလျှင်ပင် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရော ဂါများကြောင့် ပုစွန်ထွက်ရှိမှုကို ထိခိုက်နေသည်။

ထို့အပြင် ပုစွန်မွေးမြူရေး လုပ်ငန်းတိုးချဲ့ရန် ဒီရေတောများ သင်းသတ်ခုတ်ထွင်ရှင်းလင်းခြင်း မှနေ၍ ပို၍ကြီးမားသော ပြဿနာ များ ကြုံလာနိုင်သည်။ ဒီရေတော များ မရှိတော့သဖြင့် ယင်းဒေသသည် မုန်တိုင်းဒဏ်အကြီးအကျယ် ခံစားရနိုင်သလို ရာသီဥတုပြောင်း လဲမှုကြောင့် ပင်လယ်ရေပြင် ထပ် မံမြင့်တက်မည့် အရေးကလည်း ရှိနေသည်။

‘‘ဒီလုပ်ငန်းက ရေရှည်ထိန်း သိမ်းနိုင်မှာ မဟုတ်ဘူး’’ဟု သဘာ ဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး နိုင်ငံတကာအဖွဲ့ (IUCN)မှ မဲခေါင်မြစ်ဝှမ်းအစီအစဉ် ဒါရိုက်တာ အင်ဒရူဝှက်က ပြောသည်။ ယင်းအတွက် လယ်သမားအနေဖြင့် ဒီရေတောများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆိုးကျိုးရှိသော ဓာတုဗေဒ ပစ္စည်းများ မသုံးဘဲ သဘာဝအတိုင်း (Organic) ထုတ်လုပ်သည်ဟု တံဆိပ်ကပ်နိုင်ရေး IUCN အဖွဲ့က တိုက်တွန်းအားပေးနေ သည်။ Organic အမည်ခံနိုင်လျှင် ဝင်ငွေလည်း ပိုရနိုင်မည်ဖြစ်သည်။

သို့သော်ငွေရေးကြေးရေး ဆု လာဘ်များသည် လျစ်လျူမရှုနိုင် လောက်အောင် ကြီးမားသည်ဟု လယ်သမားများက ပြောဆိုနေကြ သည်။ ၎င်း၏ဖခင်နှင့် အဘိုးဖြစ် သူတို့ကဲ့သို့ပင် တန်ဖန်တွေးသည် လယ်လုပ်ရင်း ရုန်းကန်နေခဲ့ရ သည်။ အုန်းရွက်များဖြင့် ထိုးထား သော အမိုးအောက်တွင် အိပ်စက် ရင်း မိသားစုအတွက် စားလောက် ရုံသာ ဝင်ငွေရသည်။

ပင်လယ်ရေများ ၎င်း၏ လယ်ကွက်ထဲ စိမ့်ဝင်လာချိန်တွင် အခွင့် အရေးကို မြင်တွေ့ခဲ့ပြီး ပုစွန်မွေး မြူရေး စတင်ခဲ့သည်။ ‘‘အခုဆိုရင် အားလုံးက ဖွံ့ဖြိုးတိုးတက်သွား ပြီ။ ကားတွေ၊ အိမ်တွေ၊ လယ် တွေနဲ့ အများကြီး ပြောင်းလဲကုန် ပြီ’’ဟု ပေါ်လစ်တိုက်ထားသော ဧည့်ခန်းအတွင်း သစ်သားဆက်တီများဖြင့် နံရံတွင် ဖလက်တီဗီဖွင့်ထားရင်း တန်ဖန်တွေးက ပြော ပြသည်။

ခပ်ညံ့ညံ့နှစ် တစ်နှစ်မှာပင် တန်ဖန်တွေးသည် သာမန်စပါး စိုက်သော လယ်သမားတစ်ဦး ထက် ဝင်ငွေကောင်းပြီး အဆင်ပြေသောနှစ်တွင် ကန်ဒေါ်လာ ၄၀,၀၀၀  အထိ ဝင်ငွေရှိသည်။ ဝင် ငွေကောင်းလာခြင်းနှင့်အတူ သူ က မိသားစုအတွက် အိမ်သုံးလုံး ဆောက်ထားပြီးဖြစ်သည်။

‘‘ကျွန်တော်တို့မှာ ပိုက်ဆံရှိ တယ်။ လိုအပ်တာတွေ အားလုံး ပြည့်ပြည့်စုံစုံရှိတယ်’’ဟု သားသမီးခြောက်ဦး ဖခင်က ပြောစဉ် သူ၏ မြေးငယ်တစ်ဦးက စမတ်ဖုန်းဖြင့် ဂိမ်းဆော့နေသည်ကို တွေ့ရ သည်။ သို့သော် ပုစွန်မွေးခြင်းသည် အလောင်းအစားတစ်ခု ဖြစ်သည် ကို သူကဝန်ခံသည်။ သူ့ပုစွန်ကန် များသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်နှင့် ရောဂါဘယ များ ဒဏ်ခံစားရသည်။

ရေရှည်အတွက် အန္တရာယ်ရှိ သည်ကို ရိပ်စားမိသော အစိုးရက ပင်လယ်ရေများ မဲခေါင်အတွင်း ပိုင်းအထိ ဆက်လက်ဝင်ရောက် နေစဉ်မှာပင် မြစ်ဝကျွန်းပေါ် တစ် ခုလုံးကို ပုစွန်မွေးမြူခွင့် မပေး ပေ။ ယင်းအစား တာဝန်ရှိသူများ က မိမိတို့နိုင်ငံတွင် အဓိကစားသုံး သော ဆန်စပါးဆက်လက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ရေချိုဇုန်များ ဆက်လက်တည်ရှိရန် ပင်လယ်ရေစိမ့်ဝင်မှု တားဆီးရေး အရံအတားများကို ဒေသအနှံ့ တည် ဆောက်ထားသည်။

တစ်နိုင်ငံလုံး ကျွေးမွေးနိုင် ရေး လုံလောက်သော ဆန်စပါးကိုယင်းဒေသတွင် ဆက်လက်စိုက် ပျိုးနိုင်ရန် မဟာဗျူဟာအရဖြစ်ပြီး ကွန်မြူနစ်အစိုးရ၏ ဗဟိုဦးစီးစီး ပွားရေးစနစ်၏ သမိုင်းဝင်ဒေါက် တိုင်ကြီးဖြစ်သည်။

တစ်ဖက်တွင်လည်း နိုင်ငံက ဈေးကွက်စနစ် ပြုပြင်ပြောင်းလဲမှု များကို လက်ခံကျင့်သုံးလာခဲ့သ ဖြင့် ဥရောပနှင့် အမေရိကန်သို့ အဓိကထား၍ ဝင်ငွေကောင်း သော ပုစွန်တင်ပို့ခြင်းလုပ်ငန်း သည်လည်း ပို၍ပို၍ ဆွဲဆောင်မှု ကောင်းလာခဲ့သည်။

ယခုနှစ်မှာပင် နိုင်ငံခြားသို့ ပုစွန်တင်ပို့မှုမှရရှိသော ဝင်ငွေ ၂၀၂၅ အရောက်တွင် ကန်ဒေါ် လာ ၁၀ ဘီလီယံသို့ ရောက်ရှိရေး ကြိုးပမ်းအားထုတ်ရန် ဝန်ကြီးချုပ် က တိုက်တွန်းသည်။ ပြီးခဲ့သည့်နှစ်က ဝင်ငွေကန်ဒေါ်လာသုံးဘီလီယံကို တိုးမြှင့်ရန် ပြောကြားခြင်းဖြစ် သည်။ တစ်ချိန်တည်းမှာပင် ဆန်တင်ပို့မှုမှရရှိသော ဝင်ငွေသည် ၂၀၁၁ နောက်ပိုင်းတဖြည်းဖြည်း ကျဆင်းလာပြီး ယမန်နှစ်က ကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံသာ ရှိတော့သည်။

‘‘သူတို့က ပျားလည်းစွဲသာ၊ ရှဥ့်လည်းလျှောက်သာ စနစ်ကျင့် သုံးနေတာပါပဲ။ တစ်ဖက်က နိုင်ငံခြားတင်ပို့မှုတွေကနေ ဝင်ငွေရအောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသလို တစ်ဖက်မှာ ရေရှည်အတွက် စားနပ်ရိက္ခာဖူလုံရေးကိုလည်း ဆက်ပြီး ထိန်းထားတယ်’’ဟု ကော်နဲလ် တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ သုတေသီ တင်မ်ဂေါ်မန်က သုံး သပ်သည်။

ယင်းကြောင့် အစိုးရ၏မူဝါဒများက အလျင်အမြန် ဝင်ငွေရ သော ပုစွန်မွေးမြူရေးကို အားပေးသလို ရေရှည်အတွက် ဆန်စပါး လုပ်ငန်းကိုလည်း အကာအကွယ်ပေးထားသည်။ ထိုမူဝါဒသည် လယ်သမားများအတွက် ဝိရောဓိဖြစ်နေပုံရသလို ခက်ခဲမှုလည်းဖြစ်စေသည်။

အချို့ဒေသများတွင် နှစ် တစ်ဝက်စပါးစိုက်ရန်နှင့် ကျန်နှစ် တစ်ဝက်တွင် ပုစွန်မွေးရန် အစိုးရ က လယ်သမားများအား တိုက် တွန်းနေသည်။ ယင်းမှာ လယ် လုပ်ခြင်းကို စွန့်လွှတ်လိုသော လယ်သမား သက်ငေါ့ကွမ်းတို့အ တွက် ခက်ခဲနေသည်။ မြစ်ဝကျွန်းပေါ် ဆော့ထရန်ပြည်နယ်တွင် နေ ထိုင်သော သက်ငေါ့သည် လယ်နှစ်ပွဲ ပိုင်ဆိုင်ထားပြီး တစ်ပွဲမှာ ဆန်စပါးစိုက်ပျိုးရန် ရေချိုဒေသ၌ရှိပြီး ကျန်တစ်ပွဲမှာ ပုစွန်မွေးမြူ ရန် ရေငန်ဒေသ၌ ရှိသည်။

‘‘စပါးလုပ်တဲ့ လယ်ကွက်မှာ ပုစွန်မွေးလို့ရမယ်ဆိုရင် ကျွန် တော် အရမ်းပျော်မှာပဲ’’ဟု သက် ငေါ့က အားမလိုအားမရ ပြော သည်။                

—Ref: AFP

Top News