စာကလေးဖမ်းသူများ

နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း အိမ်နီးချင်းတရုတ်နိုင်ငံ ယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution) တို့၊ မဟာခုန်ပျံ ကျော်လွှားမှုကြီး (Great Leap Forward) တို့နဲ့ ရင်းနှီးကြပါလိမ့် မယ်။ မဟာခုန်ပျံကျော်လွှားမှုကြီး ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စာ ကလေးစစ်ဆင်ရေး (Great Sparrow Campaign) အ ကြောင်းတော့ သိပ်မပြောဖြစ်ကြ ပါဘူး။ ၁၉၅၈ ကနေ ၁၉၆၂ ခုနှစ် ကာလတွေအတွင်းမှာ တရုတ် ကွန်မြူနစ်ပါတီအနေနဲ့ စီးပွားရေး နဲ့လူမှုရေး အသွင်ကူးပြောင်းမှု ကြီးတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲ ဖော်ဆောင်မှု ကို မဟာခုန်ပျံကျော်လွှားမှုကြီး လို့ခေါ်တာဖြစ်ပြီး ကွန်မြူနစ် ပါတီ ဥက္ကဋ္ဌကြီး မော်စီတုံး (Mao Zedong) က ဦးဆောင်ပါတယ်။ အဲဒီမဟာခုန်ပျံကျော်လွှားမှုတွေ ထဲက ပထမဆုံးတစ်ခုကတော့ လူတွေရဲ့ကျန်းမာရေးနဲ့ စိုက်ပျိုး ရေးလုပ်ငန်းတွေမှာ အဓိကအ ဟန့်အတားဖြစ်စေတဲ့ ကြွက်၊ ခြင်၊ယင်နဲ့စာကလေးတို့ကို နှိမ်နင်း မယ့် လှုပ်ရှားမှု (Four Pest Campign)  ပဲဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုကို စာကလေးစစ်ဆင် ရေးလို့ လူသိများပါတယ်။


အဲဒီစာကလေးစစ်ဆင်ရေး မတိုင်မီက စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို စာကလေး တွေက ကိုက်ချီစားသောက်ကြတဲ့ အတွက် ကောက်ပဲသီးနှံတွေ အ လေအလွင့်ဖြစ်ရပါတယ်။ ဒါ ကြောင့် မော်စီတုံးရဲ့ မဟာခုန်ပျံ ကျော်လွှားမှုကြီးမှာ သီးနှံအထွက် နှုန်းတိုးတက်စေဖို့အတွက် စာက လေးတွေကို ရှင်းလင်းပစ်ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ အဲဒီကာလတွေ မှာ လူတွေက အိုးတွေ၊ ခွက်တွေ ကိုတီးပြီး စာကလေးတွေကို ခြောက်လှန့် မောင်းထုတ်ကြ တယ်။ ဒါကြောင့် စာကလေးတွေ သစ်ပင်မှာ နားမရဘဲ အတောင် ညောင်း ပြုတ်ကျကြရတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပါ ဘူး။ စာကလေးအသိုက်တွေ၊ ဥတွေ၊ ငှက်ပေါက်ကလေးတွေကို ရှာဖွေ ဖျက်ဆီးပစ်တာတွေပါ ဆောင်ရွက်ခဲ့ကြပါတယ်။ ရလဒ် ကတော့ တရုတ်ပြည်မှာ စာက လေးတွေ အရေအတွက် လုံးဝ လျော့ကျသွားတာပါပဲ။ အဲဒီစစ် ဆင်ရေးကို စပြီးနောက်တစ်နှစ်မှာ သီးနှံက သိသိသာသာအထွက် နှုန်းတိုးလာခဲ့ပါတယ်။ ကောက် ပဲသီးနှံတွေကိုလာပြီး ကိုက်ဖြတ် စားသောက်ကြမယ့် စာကလေး တွေမရှိတော့လို့ပါ။ ဒါပေမဲ့ စိတ် မကောင်းစရာက နောက်ပိုင်းနှစ် တွေမှာ သီးနှံအထွက်နှုန်းတွေက သိသိသာသာ ကျဆင်းလာတာပါ ပဲ။ စာကလေး ဆိုတာ လူတွေစိုက် ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို စား သောက်ကြတာ မှန်ပေမယ့် တစ်ချိန်တည်းမှာ စိုက်ပျိုးသီးနှံ တွေမှာ ကျရောက်နေတဲ့ အင်း ဆက်ပိုးမွှား တွေကိုလည်း စား သောက် ဖျက်ဆီးပစ်တဲ့ အမျိုးဖြစ် ပါတယ်။ ဒါကြောင့် စာကလေး တွေကို ရှင်းပစ်လိုက်တဲ့အခါ သူ တို့ကြောင့် လေလွင့်ဆုံးရှုံးရတာ တွေ လျော့နည်းသွားပေမယ့် တစ် ဖက်မှာ ပိုးမွှားတွေ ပိုမိုကျရောက် လာပြီး အထွက်နှုန်းကို ထိခိုက်လာ တာဖြစ်ပါတယ်။ စာသံပေသံနဲ့ ပြောရရင်တော့ ဂေဟစနစ် (Eco system) ကိုဖျက်ဆီးလိုက်တဲ့ အတွက် ရလာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်ဧပြီလမှာတော့ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက် မှားသွားပြီဆိုတာ ကို သိသွားခဲ့ပြီး  မော်စီတုံးက စာကလေး စစ်ဆင်ရေးကို ရပ်တန့် ဖို့ အမိန့်ထုတ်ရပါတယ်။ ဒါပေမဲ့ အခါနှောင်းသွားခဲ့ပါပြီ။ ပိုးမွှား တွေက နှိမ်နင်းဖို့ အတော်ကို ခက်ခဲသွားပြီဖြစ်ပါတယ်။

အဲဒီလို စာကလေးစစ်ဆင် ရေးနဲ့အတူ မဟာခုန်ပျံကျော်လွှား မှုကြီးကြောင့် ဖြစ်ပေါ်လာတဲ့ သစ် တောပြုန်းတီးမှု၊ စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ဂေဟစနစ်ကို ပျက်စီးသွားခဲ့ရပါတယ်။ အကျိုး ဆက်အဖြစ် လူပေါင်းသန်းနှစ် ဆယ်ကနေ လေးဆယ်လောက် အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်း ကြတဲ့ အငတ်ဘေး (Great Chinese Famine) ဖြစ်ပေါ်လာခဲ့ရပါ တယ်။

တကယ်တော့ တရုတ်ကွန် မြူနစ်ပါတီအနေနဲ့ ချမှတ်လိုက် တဲ့ စီမံကိန်း၊ စီမံချက်ကို တစ်သ ဝေမတိမ်း တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပေ မယ့်၊ ပြည်သူလူထုကို အကျိုးရှိစေဖို့ စေတနာမှန်ခဲ့ပေမယ့် ဉာဏ်ပ ညာက မဦးစီးလေတော့ ဆုံးဖြတ် ချက်အမှားကို ချမှတ်ခဲ့မိတာပဲဖြစ် ပါတယ်။ တော်လှန်ရေး အလီလီ ကို အောင်မြင်အောင် ဆင်နွှဲနိုင်ခဲ့ တဲ့ တရုတ်ကွန်မြူနစ်ပါတီကြီး ဟာ စာကလေးစစ်ဆင်ရေးမှာ တော့ အကြီးအကျယ်အရှုံးထွက် ခဲ့ပါတယ်။ အချက်အလက်၊ အ ခြေအနေနဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု ပြည့်ပြည့်ဝဝမရှိဘဲ ဆန္ဒကို ရှေ့တန်းတင်ခဲ့တဲ့ စာက လေးစစ်ဆင်ရေးဟာ တရုတ်ပြည် ရဲ့ ကျရှုံးမှုပြယုဂ်တစ်ခုဖြစ်ပါ တယ်။ ဆုံးဖြတ်ချက်တွေမှာ ဉာဏ်ပညာဦးစီးဖို့ အလွန်အရေးကြီးပါ တယ်။

ရာသီတုပ်ကွေး (H1N1) နဲ့ ကြက်ငှက်တုပ်ကွေး (H5N1)တို့ ပြိုင်တူလိုလို ဖြစ်ပွားခဲ့တာကြောင့်မြန်မာ့မွေးမြူရေးကဏ္ဍအပေါ် အ ကြီးအကျယ်ရိုက်ခတ်ခဲ့ပါတယ်။ H1N1 ဟာ လူမှာသာဖြစ်ပွားတာ ဖြစ်ပြီး ကြက်တွေ၊ ဝက်တွေနဲ့ လုံး ဝ မပတ်သက်ပါဘူးလို့ သက်ဆိုင် ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက အတိအလင်း ပြောကြားထားပါလျက် H1N1 ကူးစက်မှု မရှိစေဖို့ ဈေးတွေမှာ ကြက်သား၊ကြက်ဥ ရောင်းချတာတွေကို ပိတ် ပင်တာမျိုးတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ကြိုတင်ညှိနှိုင်းခြင်းမရှိ ဘဲ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ တွေက ညွှန်ကြားချက်တွေ ထုတ် ပြန်ထားတာ တွေ့ရပါတယ်။

ကြက်ငှက်တုပ်ကွေး ထိန်း ချုပ်နိုင်ဖို့အတွက် ရောဂါဖြစ်ပွား ရာ ကြက်ခြံတွေအပြင် အဲဒီခြံပတ် ဝန်းကျင်က သတ်မှတ်ထားတဲ့ အ ဝန်းအဝိုင်းထဲမှာရှိတဲ့ ကြက်ခြံတွေကိုပါ သုတ်သင်ရှင်းလင်းပြီး ရော ဂါပိုး မပြန့်ပွားအောင် ဆောင်ရွက်နေတာကို သိရှိပါလျက်၊ ရောဂါ လုံးဝဖြစ်ပွားခြင်း မရှိတဲ့ ပြည်နယ်၊တိုင်းဒေသကြီးတွေက ကြက်ဥ၊ ကြက်သားတွေ၊ ကြက်စာတွေကို အခြားနေရာဒေသ၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေကို သယ် ဆောင်ခွင့်မပြုဖို့ ပြည်နယ်အစိုးရ အချို့က အမိန့်တွေထုတ်ပြန်နေ တာ တွေ့ရပြန်ပါတယ်။ ရောဂါမ ရှိတဲ့ဒေသကနေ ရောဂါတွေပါ လာမှာစိုးလို့ ပိတ်ပင်တယ်ဆိုတာ စဉ်းစားလို့ကို မရပါဘူး။ တစ်ချိန် ကတစ်ဖက်နိုင်ငံမှာ ကြက်ရောဂါ ဖြစ်ပွားမှုတွေရှိနေလို့ နယ်စပ်ကနေ အေးခဲကြက်သားတင်သွင်းမှု တွေကို စစ်ဆေးအရေးယူပေးပါ လို့ မွေးမြူရေးသမားတွေက တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် အရေးယူ ပေးသံ မကြားခဲ့ရပါဘူး။

ဘာပဲဖြစ်ဖြစ် အဲဒီလိုသ တင်းအချက်အလက် ပြည့်ပြည့်စုံ စုံကို တိတိပပ မသိ၊ ဂဃနဏ နား မလည်၊ ပညာရှင်တွေရဲ့စကားကို လေးလေးစားစား နားမထောင်ဘဲ ကြောင်းကျိုးမဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတဲ့ အကျိုးဆက်က တော့ မြန်မာ့မွေးမြူရေးလုပ်ငန်း ကဏ္ဍတစ်ခုလုံး ယိမ်းယိုင်စေတာ ပဲ ဖြစ်ပါတယ်။ ကြောင်းကျိုးဆီ လျော်မှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ က ပယောဂအမျိုးမျိုးရဲ့ လှည့်ဖြားခြောက်လှန့်ထားမှုကြောင့် ကြက် သားမစားရဲအောင် ကြောက်လန့် နေကြတဲ့ ပြည်သူလူထုကို ယုန် ထင် ကြောင်ထင် ဖြစ်စေပါ တယ်။ နဂိုကမှ ရောင်းဖို့ခက်နေ တဲ့ ကုန်စည်တွေကို ရောင်းဖို့ ပို ခက်အောင်လုပ်နေသလို ဖြစ်နေ တာပါပဲ။ ကြက်ခြံဖမ်းဈေးနှုန်းကျ ဆင်းပြီး ကြက်မွေးမြူရေးသမား တွေ အရှုံးပေါ်နေခဲ့တာ H1N1 စတင်တဲ့ ဇူလိုင် ၂၀ ရက်ကျော် ကျော်ကတည်းကမို့ နောက်ထပ် နှစ်ပတ်၊ သုံးပတ်သာ ဒီအတိုင်း ဆက်သွားနေရင် အသားစား ကြက်မွေးမြူရေးကဏ္ဍ ရပ်ဆိုင်း သွားသလောက်နီးပါး ဖြစ်သွား ဖွယ်ရာ ရှိပါတယ်။ တစ်ချိန်တည်း မှာ ဥစားကြက်မွေးမြူရေး လုပ် ငန်းအတွက်လည်း ကြီးကြီးမား မားထိခိုက်သွားမှာပါ။

ကြက်မွေးမြူရေးလေး ပျက် သွားတာနဲ့ ဘာဖြစ်မှာလဲလို့ ခပ် ပေါ့ပေါ့လေးတော့ မတွေးစေချင် ပါဘူး။ မြန်မာပြည်မှာ မွေးမြူလာ တဲ့ အသားတိုးကြက်ကောင်ရေ ၁၄၄ သန်းရှိတယ်။ ဥစားကြက်က အကောင်ရေ ရှစ်သန်းလောက်ရှိ တယ်။ နိုင်ငံသားတွေစားဖို့ တစ် ရက်ကို ကြက်အကောင်ရေ ငါး သိန်း၊ ကြက်ဥအလုံးရေ ၅ ဒသမ ၃ သန်းလောက် ထုတ်လုပ်ပေး နေရတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ကြက်မွေးမြူရေးကို လာပြီးလေ့ လာသွားတဲ့ နယ်သာလန်နိုင်ငံက Larive International ရဲ့ ၂၀၁၄ ခုနစ် ကိန်းဂဏန်းတွေအပေါ် အ ခြေခံ တင်ပြထားချက်ဖြစ်တယ်။ ဒီကိန်းဂဏန်းတွေဟာ မွေးမြူရေး သမားတွေ လက်ထဲမှာရှိနေတဲ့ ကြက်တွေအပေါ်မှာပဲ အခြေခံ တင်ပြထားတာပါပဲ။ အဲဒီကြက် ကောင်ရေကို ထုတ်လုပ်ပေးရ မယ့် မျိုးကြက်ခြံ၊ ကြက်ဥဖောက်စက်၊ အစာစက်ရုံ၊ ကြက်စာအဖြစ်အသုံးပြုရတဲ့ ကောက်ပဲသီးနှံစိုက် ပျိုးရေး၊ ကြက်ခြံလုပ်သား၊ ကြက် ဥ၊ ကြက်သားရောင်းချသူစသည် ဖြင့် တန်ဖိုးမြှင့်ကုန်စည်ကွင်းစက် (Value Chain) အတွင်းမှာပါဝင် ကြမယ့် သူတွေရဲ့ လူမှုစီးပွားဘ ဝတွေကို ထည့်တွက်ဖို့ လိုပါလိမ့် မယ်။

တစ်ဖက်မှာက ကြက်ဥ၊ ကြက်သားထုတ်လုပ်မှု ရပ်တန့် သွားတာနဲ့အမျှ ကြီးမြင့်လာမယ့် ကုန်ဈေးနှုန်းကို ထည့်သွင်းတွက် ချက်ဖို့ လိုပါလိမ့်မယ်။ လတ်တ လောမှာ ကြက်သားမစားဘူးဆို လည်း ရွေးချယ်စရာငါးရှိနေပါ သေးတယ်။ မိုးအကုန်ငါးရှားတဲ့ ရာသီ ရောက်ချိန် ကြက်သား၊ ကြက်ဥ ထုတ်လုပ်မှု ရပ်ဆိုင်းသွား ချိန် သွားပြီးတိုက်ဆိုင်ခဲ့မယ်ဆိုရင် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာ ကို ထိန်းချုပ်ရတာ အတော်ခက် ပါလိမ့်မယ်။

ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေနဲ့ တုပ်ကွေးနဲ့ပတ်သက်ပြီး ဆုံးဖြတ် ချက်တွေကို ရေရှည်အမြင်ရှိရှိ၊ အသိဉာဏ်ကြွယ်ကြွယ်နဲ့ ပညာ ရှင်တွေရဲ့ အကြံဉာဏ်ကို သေ သေချာချာ ရယူပြီးမှ ချမှတ်ကြပါ လို့ တိုက်တွန်းပါရစေ။ မွေးမြူရေး နဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံးဌာ နဆိုင်ရာတွေ၊ တာဝန်ရှိပုဂ္ဂိုလ် တွေကလည်း မှန်ကန်တဲ့ဆုံးဖြတ် ချက်တွေ ချမှတ်နိုင်ဖို့ အထောက် အကူပြုပေးကြပါဦး၊ အသံလေး ထုတ်ပေးကြပါဦးလို့ အကြံပြုပါရ စေ။

မော်စီတုံး စာကလေးဖမ်း တော့ တရုတ်ပြည်ကြီး အငတ် ဘေးဆိုက်သွားပါတယ်။ မြန်မာ ပြည်မှာလည်း ကြက်သားဖမ်းတဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေ ရှိနေပါ တယ်။ ဉာဏ်ပညာမဦးစီးတဲ့ ဆုံး ဖြတ်ချက်အလွဲတွေကြောင့်  ကုန် ဈေးနှုန်းကြီးလာပြီး  အငတ်ဘေး မဆိုက်စေလိုပါဘူး။  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်  ဦးတည် လျှောက်လှမ်းနေတဲ့ ဖက်ဒရယ်ဒီ မိုကရေစီနိုင်ငံတော်သစ်ဆီ ချီ တက်မယ့်လမ်းကြောင်းမှာ စာက လေးစစ်ဆင်ရေးတွေက အဟန့် အတား မဖြစ်စေချင်ပါဘူး။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News