လိုချင်တဲ့ ဇာတ်ရုပ်ရဖို့ ၁၅ ပေါင်ဝိတ်ချခဲ့တဲ့ နေတိုး

 Rose Rider ဇာတ်ကား ရိုက်ကူးရန် လိုအပ်သော ခန္ဓာ ကိုယ်အချိုးအစားရောက်အောင် Gym ကစားခဲ့သဖြင့် ၁၅ ပေါင်ကျသွားကြောင်း သရုပ်ဆောင် အ ကယ်ဒမီနေတိုးက ပြောသည်။

‘‘ဒီကားမရိုက်ခင်ကတည်း က ခန္ဓာကိုယ်အတွက်ကို ထိန်း သိမ်းဖို့ ရည်ရွယ်ချက်ကရှိတယ်။ ဒီကားရိုက်ဖို့ဖြစ်လာတော့ အရင် ကထက်ပိုပြီး အားကစားလုပ်ဖြစ် တာပေါ့။ အဓိကဆော့ဖြစ်တာက တော့ ဗိုက်နေရာရယ်၊ ရင်ဘတ် နေရာရယ်၊ လက်မောင်းရယ်၊ ပေါင်ရယ်ကို အဓိက Balance ဖြစ်အောင်၊ ကိုယ်ရည်စစ်သွားအောင် ဆော့ဖြစ်တယ်’’ဟု ဆိုသည်။

ခန္ဓာကိုယ်ကို ကျစ်ကျစ်လျစ် လျစ်ဖြစ်ရန် ဦးစားပေးကစားခဲ့ပြီး လက်ရှိတွင် ၎င်း၏ ခန္ဓာကိုယ်အ လေးချိန် ပေါင် ၁၅၀ ကျော်ရှိ ကြောင်း သိရသည်။

‘‘နေပြည်တော်မှာ Rose Rider ကား ရိုက်တာ လေးရက် မြောက်ရှိပြီ။ ရိုက်ကူးရေးကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ မိုးနည်း နည်းရှိတဲ့အတွက် တချို့အခန်း လေးတွေ မပြတ်တာကျန်သေး တယ်။ ဒီမှာ သုံးလေးရက်တော့ ရိုက်ပြီးရင် နေပြည်တော်မှာပြတ် ပြီ။ နေပြည်တော်ပြီးရင် ပြင်ဦး လွင်ကို သွားရိုက်ဖို့ရှိပါတယ်’’ဟု နေတိုးက နှင်းဆီအဖွဲ့နှင့် ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးနေသော ‘Rose Rider’ ဇာတ်ကားအကြောင်းပြောသည်။

ယင်းဇာတ်ကားကို ရန်ကုန်၊နေပြည်တော်၊ ပြင်ဦးလွင်၊ ပုဂံ၊ ကျိုက်ထီးရိုးနှင့် ရှမ်းပြည်နယ် ဘက်သို့ သွားရောက်ရိုက်ကူးရန် ရှိပြီး ရိုက်ကူးရန် ရက် ၅၀ ပေးထားသည်ဟု နေတိုးက ပြောသည်။

စက်တင်ဘာအတွင်း (၃၆) နှစ်ပြည့် မွေးနေ့ရှိသော်လည်း မည်သည့်အစီအစဉ်မျှ မရှိသေးသလိုအချစ်ရေးနှင့်ပတ်သက်၍လည်း ‘‘တစ်ယောက်တည်းပါပဲ’’   ဟု နေတိုးက ပြောကြားသည်။