ချစ်သူကို အံ့အားသင့်ဖွယ် အစီအစဉ်နဲ့ ရုတ်တရက်လက်ထပ်ခွင့်တောင်းတဲ့ လင်းနစ်

ကိုးနှစ်ကျော်ကြာ လက် တွဲခဲ့သည့် ချစ်သူထံ ရုတ်တရက် အမှတ်မထင် လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း အဆိုတော် လင်းနစ်က ပြောသည်။

‘‘စင်ပေါ်မှာ သီချင်းတက်ဆို တော့ နောက်ဆုံးသီချင်းမှာ သူနဲ့ ကျွန်တော်ဆိုနေကျ သီချင်းလေး 'Let is be me' ကို ဆိုမယ်ဆိုပြီး သူ့ကိုခေါ်တာ။ သူကကြောက်ပြီး မလာဘူး။ ဒါပေမဲ့ သူငယ်ချင်း တွေကိုပြောထားတာ အဲဒီအချိန် ကျရင် တွန်းတင်လိုက်လို့။ အဲဒီ သီချင်းအလယ်ပိုဒ်မှာပဲ Surprise လုပ်လိုက်တာ’’ဟု လင်းနစ်က ပြောသည်။

လင်းနစ်သည် ဩဂုတ် ၁၅ ရက်ညက Yangon Yangon Bar တွင် ချစ်သူထံ လက်ထပ်ခွင့် တောင်းခံခဲ့ပြီး သူငယ်ချင်းများက မေတ္တာဖြင့် ပါဝင်ကူညီခဲ့သည်။

လက်ထပ်ခွင့်တောင်းသည့် ဗီဒီယိုဖိုင်ကို လင်းနစ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် Live လွှင့်ခဲ့ခြင်း ကြောင့် ပရိသတ်များအပါအဝင် မိတ်ဆွေများက ချစ်သူနှစ်ဦးအ တွက် ဆုတောင်းစကားများ ရေး သားခဲ့သည်။

‘‘ကျွန်တော်တို့က အရင်က တည်းက ပြောထားတာ မင်္ဂလာ အကြီးအကျယ်ဆောင်ဖို့မရှိဘူး။ သူ့အမေဆုံးသွားတဲ့နောက်မှာ မင်္ဂလာမဆောင်ချင်ဘူး။ အမေ့ ကို သတိရပြီး ငိုမိမှာစိုးလို့လို့ပြော ထားတော့ မင်္ဂလာဆွမ်းကျွေး လောက်ပဲ လုပ်ဖြစ်မယ်’’ဟု လင်း နစ်က မင်္ဂလာအစီအစဉ်နှင့်ပတ် သက်၍ ပြောသည်။

လတ်တလောတွင် ယခင်က ထွက်ရှိထားသည့် တစ်ကိုယ် တော်အခွေများမှ ပရိသတ်အား ပေးမှုရရှိသည့် သီချင်းများနှင့် သီချင်းအသစ်များပါဝင်မည့် တစ် ကိုယ်တော်စီးရီးအခွေအသစ်တစ် ခွေစီစဉ်နေကြောင်း ၎င်းက ဆို သည်။

‘‘အခွေနာမည်ကိုတော့ ‘ဒူ ဘီးဒူးဒို’လို့ နာမည်ပေးထားတယ်။ ‘ဒီဇင်ဘာည’တို့၊ ‘နေညိုရင်’တို့ ပြန်ပါဖို့ရှိတယ်။ Music Video တွေတော့ ရိုက်ပြီးနေပြီ။ တစ်ပုဒ် ချင်း အွန်လိုင်းကနေ တင်သွားဖို့ ရှိတယ်’’ဟု လင်းနစ်က ပြော သည်။