တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဦးမယ့် တင်ဇာမော်

 ယခုနှစ် မွေးနေ့တွင် ဖြန့်ချိခဲ့သော Seven အခွေအမှတ်တရအဖြစ် အောက်တိုဘာ၌ အဆိုပါ အခွေအမည်ဖြင့် တစ် ကိုယ်တော်ဖျော်ဖြေပွဲပြုလုပ်ရန် အစီအစဉ်ရှိကြောင်း တင်ဇာမော် က ပြောသည်။

‘‘အစ်မ စက်တင်ဘာလဆန်း လောက် ပြန်ရောက်မယ်။ ပွဲက အောက်တိုဘာလဆန်းဆိုတော့ တစ်လကျော်ကျန်ပါတယ်။ တစ် လအတွင်း ပြင်စရာ၊ ဆင်စရာ တွေပြင်မယ်၊ ဆင်မယ်’’ဟု ၎င်း၏ မိသားစုရှိရာ လန်ဒန်မြို့သို့ ရောက်ရှိနေသော တင်ဇာမော်က ပြော သည်။

အဆိုပါ     ဖျော်ဖြေပွဲကို အောက်တိုဘာ ၇ ရက်တွင် ပြု လုပ်ရန်စီစဉ်ထားသည်။

‘‘ဒီအခွေ (Seven)ထဲက သီချင်းတွေ အတတ်နိုင်ဆုံး ပရိ သတ်ကိုဆိုပြဖို့၊ ပရိသတ်လည်း နားထောင်ဖို့ အဆင်ပြေဆုံးဖြစ် မယ့် သီချင်းမျိုးရွေးပြီးဆိုရမလား၊ အကုန်လုံးပဲဆိုရမလားဆိုတာ တစ်လအတွင်းမှာ သီချင်းတွေကို တိုက်ကြည့်ပြီး Band နဲ့ တိုင်ပင် မယ်၊ ညှိနှိုင်းမယ်’’ဟု တင်ဇာမော် က ပြောသည်။

ယခုတစ်ခေါက် မြန်မာပြည် အပြန်ခရီးစဉ်၌ ခင်ပွန်းဖြစ်သူ အားလပ်ရက်ရရှိပါက သမီးနှင့် အတူ တစ်ပတ်ခန့်လိုက်ပါရန် အစီအစဉ်ရှိသော်လည်း လက်ရှိတွင် မသေချာသေးကြောင်း ၎င်းက ဆိုသည်။

Seven တစ်ကိုယ်တော်စီးရီးအခွေကို အဆိုတော်တင်ဇာမော်က ပြီးခဲ့သည့်   ဖေဖော်ဝါရီအတွင်း ကျရောက်ခဲ့သည့် မွေးနေ့တွင် ဖြန့်ချိခဲ့သည်။

အဆိုပါအခွေတွင် အွန်လိုင်း၌ ဖြန့်ချိခဲ့သည့် ‘ဧည့်သည်’၊ ‘ကိုယ့်မွေးနေ့’ စသည့်သီချင်းများအပါ အဝင် စုစုပေါင်း သီချင်း ၁၀ ပုဒ် ပါဝင်ပြီး ပရိသတ်အားပေးမှုရရှိ ခဲ့သည်။