အင်စတာဂရမ်မှာ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ စန္ဒီမြင့်လွင်ဓာတ်ပုံ

လွန်ခဲ့သည့်နှစ်ရက်ခန့် က လူမှုကွန်ရက်အင်စတာဂရမ် တွင် အဆိုတော်စန္ဒီမြင့်လွင်သည် ချစ်သူနှင့်အတူစားသောက်ဆိုင် တစ်ဆိုင်၌ ကြည်ကြည်နူးနူး မုန့် စားနေသည့်ပုံနှင့်အတူ Miss U ဟုရေးသားထားသည့်စာသားကို တင်ထားခဲ့သည်။

လွန်ခဲ့သည့်တစ်လခန့်က ၎င်း၏အချစ်ရေးနှင့်ပတ်သက်၍ 7Day Daily သတင်းစာကမေး မြန်းစဉ် ချစ်သူရှိပြီဖြစ်သော်လည်း အနုပညာအလုပ်ထဲတွင် စိတ် ရောကိုယ်ပါ  မြှုပ်နှံထားသဖြင့် အိမ်ထောင်ပြုသည့် အရွယ်သို့ ရောက်သော်လည်း ဘယ်အရာမျှ ကြိုပြော၍မရသဖြင့် မပြုဖြစ် သေးကောင်း စန္ဒီမြင့်လွင်က ဖြေ ကြားခဲ့သည်။

‘‘အချစ်ရေး၊အိမ်ထောင်ရေး ကတော့ ကံပါသလောက်ပေါ့။ ဖြစ်ချင်လည်းဖြစ်သွားမယ်။ ပြော လို့တော့မရသေးပါဘူး။ လက်ရှိ အချစ်ရေးကလည်း အဆင်ပြေပါ တယ်။ ချစ်သူလည်းရှိပါတယ်။ ချစ်သူကတော့ အပြင်ကပါ။ ချစ် သူသက်တမ်းကိုတော့ ဒီးဒီသိပ် အတိအကျ မပြောချင်သေးပါ ဘူး။ သေချာပြီဆိုပြောပါ့မယ်’’ ဟု ၎င်းကပြောသည်။

စန္ဒီမြင့်လွင် အသုံးပြုသည့် အင်စတာဂရမ်၌ ချစ်သူနှင့်နှစ်ဦး တည်းပုံကို ဩဂုတ် ၁၅ ရက်က တင်ခဲ့ပြီး ယခင်ကထိုသို့ နှစ် ယောက်တည်းပုံတင်ခြင်းမရှိဘဲ ၎င်း၏ချစ်သူအပါအ၀င် အခြား သော မိတ်ဆွေသူငယ်ချင်းများ နှင့်သာ တွဲဖက်၍အဖွဲ့လိုက်ပုံတင် ခြင်းများရှိခဲ့သည်။

ဩဂုတ် ၁၂ ရက်တွင် ကျ ရောက်သော ၎င်း၏မွေးနေ့၌ ‘Long Way 2 Go’ သီချင်း တစ်ပုဒ်ကို ပရိသတ်များအတွက် မွေးနေ့အမှတ်တရအဖြစ် အွန် လိုင်းပေါ် တင်ပေးခဲ့သည်။

လက်ရှိတွင် ညီမဖြစ်သူစိုး ပြည့်သဇင်နှင့်အတူ ကိတ်မုန့်ဖုတ် ပညာရပ် သင်ကြားနေပြီး ငါးခွေ မြောက်တေးအယ်လ်ဘမ်ကို ပြင် ဆင်နေကြောင်း စန္ဒီမြင့်လွင်က ပြောသည်။