ခေါင်းဆောင်မင်းသမီးဖြစ်လာတဲ့ ပိုပို

ရိုက်ကွင်းမှာတွေ့ရတဲ့ပိုပို (ဓာတ်ပုံ-ပိုပိုဖေ့ဘွတ်ခ်)

 ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံးရိုက်ကူးသော ဗီ ဒီယိုဇာတ်ကားတွင် Psycho (စိတ္တဇ)ဖြစ်နေသည့် မိန်းကလေး တစ်ဦးဇာတ်ရုပ်ဖြင့် သရုပ်ဆောင် ထားကြောင်း ပိုပိုကပြောသည်။

‘‘ပုံမှန်အပျော်အချစ်ဇာတ် လမ်းမျိုးမဟုတ်ဘဲ ဆိုက်ကိုဖြစ် နေတဲ့ပုံစံဆိုတော့ မျက်လုံးအက် တင်တွေက လုပ်ရတာခက်ပါ တယ်။ ဒါရိုက်တာကရပြီဆိုတဲ့အ ထိ ခဏခဏတော့ပြန်ရိုက်ပေးရ တယ်’’ ဟု၎င်းကပြောသည်။

ဒါရိုက်တာကျော်နှင်းဆီ ရိုက်ကူးသည့် ‘ဒိုင်ယာရီအသစ် အချစ်ကဆိုက်ကို’ ဇာတ်ကားတွင် မင်းသားထူးခြားနှင့်အတူ သရုပ် ဆောင်ပိုပိုက ခေါင်းဆောင်မင်း သမီးအဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။

အဆိုပါဇာတ်ကားအတွက် အ၀တ်အစားအစုံ ၂၀ ကျော်ပြင် ဆင်ခဲ့ရပြီး ဖက်ရှင်ပိုင်းကိုသေချာ စဉ်းစား၍ ပြင်ဆင်ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘မြန်မာအင်္ကျီဝတ်တဲ့အချိန် မှာတော့ အခက်အခဲဖြစ်တယ်။ ကျောင်းမှာသွားရိုက်တာတွေ လည်း ပါတော့လက်ရှည်တွေဝတ် ရတယ်။ တက်တူးတွေပေါ်လို့မရ ဘူး။ အဲဒီတော့ ရွေးချယ်ရနည်း နည်းခက်တယ်။ အပြင်ပိုင်းမှာက တော့ ကိုယ်ကြိုက်တဲ့ဖက်ရှင်အ မိုက်စားတွေဝတ်ထားတယ်’’ ဟု ပိုပိုကပြောသည်။

ခေါင်းဆောင်အဖြစ်ရိုက်ကူး ရန် ဗီဒီယိုဇာတ်ကားတစ်ကား ထပ်မံလက်ခံထားပြီး ပါဝင်သရုပ် ဆောင်ရမည့် ဇာတ်ရုပ်သည် ပရိ သတ်များအံ့ဩမည့် ဇာတ်ရုပ် ဖြစ်မည်ဟု ၎င်းကပြောသည်။

လတ်တလောရုံတင်နေ သည့် ‘ကြောက် ကြောက် ကြောက်’ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခြင်းကို ပရိသတ် အများစုက အပြုသဘောဆောင် သည့် မှတ်ချက်များပေးကြောင်း ၎င်းကဆိုသည်။

‘‘ဂီတကိုတော့ ပိုဦးစားပေး ဖြစ်မှာပါ။ အခုတောင် Piano (စန္ဒရား) ကောင်းကောင်းပြန် သင်နေတယ်။ လုပ်စရာတွေက တော့ အများကြီးရှိသေးတယ်။ နောက်ဇာတ်ကားမရိုက်ခင်မေ မြို့မှာ ဗီစီဒီရိုက်မယ်’’ ဟုရှေ့ ဆက်မည့်အနုပညာခရီးနှင့်ပတ် သက်၍ ပြောသည်။

ထို့အပြင် ၎င်းထံသီချင်းအပ် ထားသူများကို ရေးပေးရန် အ ကြွေးများရှိနေသည်ဟု ဆိုသည်။

‘‘ယောက်ျားလေးအဆို တော်တွေများတယ်။ ကိုစွမ်းဇာ နည်ကလည်း အပ်ထားတယ်။ မအားတော့ရေးမပေးနိုင်ဘူးဖြစ် နေတာ။ ဒီရက်ပိုင်းအတွင်းတော့ ရေးပေးဖြစ်တာ ကိုRဇာနည်တစ် ယောက်ပဲရေးပေးဖြစ်တယ်။ ကို မနောကိုလည်း ရေးပေးရဦးမယ်’’ ဟု ပိုပိုကပြောသည်။

နောက်ဆုံးထွက်ရှိထား သည့် ၎င်း၏စတုတ္ထမြောက် တစ်ကိုယ်တော် ‘Masterpiece’တေးစီးရီးလည်း အခြေအနေကောင်းပြီး အွန်လိုင်းမှ အိမ်အရောက်ပို့ စနစ်ဖြင့် ရောင်းချရာ အားပေးမှု များကြောင်း ၎င်းကဆိုသည်။